ချင်းတွင်းမြစ် အောက်ပိုင်းကနေ ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ် ရေယာဉ်တန်းကို PDF ပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Monywa Underground Guerrilla Force( M.U.G.F.)က သတင်းထုတ်ပြန်ပါတယ်။
ချင်းတွင်းမြစ် အောက်ပိုင်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောတစ်စီးနဲ့ ဆီပေပါဖလပ်ယာဥ် တွေပါတဲ့ ရေယာဉ်တန်းဟာ မြစ်ကမ်းနံဘေးက ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ တိုက်ခိုက်ခဲ့ပြီး PDF တွေက စက်တင်ဘာ ၂ ရက်နေ့က နေရာ ၂ နေရာကနေ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
“ဆားလင်းကြီးအပိုင်ထဲက ချင်းတွင်းမြစ်ကမ်းဘေးကနေ ကျနော်တို့ ၂ နေရာကနေ တိုက်တာပါ။ ခွေးတွေ ထိတာတော့ သေချာတယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာတော့ မသိဘူး။ ကျနော်တို့ မြစ်ကျဉ်းပြီး အကာအကွယ်ကောင်းတဲ့ နေရာကနေ ခပ်နီးနီးစောင့်တိုက်တာ” လို့ ဆားလင်းကြီး LPDF ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီရေယာဉ်တွေ မုံရွာဆိပ်ကမ်းရောက်ချိန်မှာ လူနာတင်ယာဉ်တွေနဲ့ ဆေးရုံခေါ်သွားတယ်လို့ ဒေသခံတွေကပြောကြောင်း ထုတ်ပြန်ပါတယ်။
တိုက်ပွဲဝင် PDF ရဲဘော်တစ်ဦးမှာ လက်နက်ကြီး ကျည်စလက်ကိုထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲဟာ နေ့ခင်း ၁၂ နာရီ လောက်ကနေ ညနေ ၅ နာရီလောက်အထိ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှု ကို Monywa Underground Guerrilla Force(MUGF)၊ Chindwin Dynamite (Salingyi)၊ Hero Fighter (Salingyi) ၊ Fighter 9 Force Salingyi ၊ Red Wing _တောင်ပံနီ (Special Guerrila Squadron - Salingyi) မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေ ပါဝင်လုပ်ဆောင်ကြကြောင်း သိရပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။