Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မူဆယ်၊ ၁၀၅ မိုင် အကြမ်းဖက် စစ်တပ်စခန်းကို TNLA ဝင်တိုက်

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


စက်တင်ဘာ ၁ ရက်နေ့၊ မနက် ၄ နာရီခွဲလောက်က ၁၀၅ မိုင် စစ်တပ်စခန်းကို TNLA (တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ရဲ့ တပ်မ(၉၉)၊ ခမရ(၄၂၀)နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


အဲဒီနောက် နေ့ခင်း ၁၁နာရီ မိနစ် ၅၀ လောက်မှာ TNLA တပ်ဖွဲ့ရှိရာသို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ ဆိုင်ခေါင်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို TNLA တပ်ရှိရာ လွယ်နောတောင် နဲ့ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးသို့ စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း TNLA ကသတင်းထုတ်ပြန်ပါတယ်။

 

မူဆယ်၊ ၁၀၅ မိုင် အကြမ်းဖက် စစ်တပ်စခန်းကို TNLA ဝင်တိုက်

အကြမ်းဖက် စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနီးဝန်းကျင်သို့ လက်နက်ကြီးနဲ့ ၇၈ ကြိမ် ပစ်ခတ်ခဲ့ပြီး ညနေပိုင်းမှာ ခိုမုန်းရွာအနီးသို့ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့ပါတယ်။


အကြမ်းဖက် စစ်တပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်ကာ ကွတ်ခိုင်မြို့နယ်၊ ဇီးဒဘန်ရွာနေ အမျိုးသား  ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း TNLA ကဆိုပါတယ်။


~~~~~~~~~

ကိုလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။