စင်ကာပူနိုင်ငံ၊ United Overseas Bank (UOB)က မြန်မာနိုင်ငံဘဏ်တွေနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
စက်တင်ဘာ ၁ ရက်ကစပြီး အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းဖြစ်ကာ မြန်မာဘဏ် အကောင့်တွေကနေလာတဲ့ ငွေသွင်းငွေထုတ် အားလုံးကို ချုပ်ချယ်ကန့်သတ်လိုက်မှာဖြစ်ပြီး Visa Card၊ Mastercard စတဲ့ ဘဏ်ကတ် အသုံးပြုမှု ငွေသွင်းငွေလွှဲလုပ်ငန်းအားလုံးကို လည်း ထိန်းချုပ်ကန့်သတ်လိုက်မှာ ဖြစ်ကြောင်း VOA က ဖော်ပြပါတယ်။
UOB ဘဏ်ဟာ မြန်မာနိုင်ငံကဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ ဘဏ်တခုလည်း ဖြစ်ပြီး မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ဖို့ ပိုခက်သွားမယ်လို့ Curtin တက္ကသိုလ်၊ လက်ထောက်ပါမောက္ခ ဒေါက်တာ ထွေးထွေးသိန်းက သုံးသပ်ပါတယ်။
UOB ဘဏ်လိုပဲ အခြားနိုင်ငံခြား ဘဏ်တွေအနေနဲ့လည်း အလားတူ ထိန်းချုပ်ပိတ်ဆို့မှုတွေ လုပ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အခုလိုလုပ်ဆောင်တာဟာ အကြမ်းဖက် စစ်အုပ်စုကို နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
~~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။