Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်တပ်ထောက်ပို့ကားတွေနဲ့ လုံခြုံရေးကင်းကို ဒရုန်းနဲ့ ဗုံးအလုံး ၈၀ ကြဲ တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူကနေမြိုင်ဘက်ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်ထောက်ပို့ကားတွေနဲ့ လုံခြုံရေးကင်းတွေကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၈၀ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


အဲဒီထောက်ပို့ကားနဲ့ လုံခြုံရေးကင်းတွေကို ဩဂုတ် ၃၀ ရက် မနက်ပိုင်း က မြိုင်မြို့နယ်၊ တွင်းမပျူစောထီးစခန်း မြောက်ဘက်မှာ PDF တွေက မိုင်းဆွဲခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံး ပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။


အဲဒီယာဉ်တန်းဟာ ဩဂုတ် ၃၀ ရက်ညနေပိုင်းက တွင်းမပျူစခန်းကနေထွက်လာပြီး လမ်းပိုင်းတစ် နေရာမှာ ရွှံ့ထဲနစ်နေကာ ဆက်မထွက်နိုင်ခဲ့ကြောင်း ဩဂုတ် ၃၁ ရက်မှာ PDF တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်နိုင်ပြီး အရေအတွက်အတိအကျကို မသိသေးကြောင်း မြိုင်ပကဖ က ဆိုပါတယ်။


“ဒရုန်းထိတဲ့ကောင်တွေကို တွင်းမပျူစခန်းထဲ ပြန်သယ်သွားတယ်လို့ ကြားတယ်။ တွင်းမကနေ ဘယ်ပို့သလဲမသိဘူး။ ထိတဲ့အရေအတွက် မသိသေးဘူး” လို့ မြိုင် LPDF ရဲဘော်တစ်ဦးက ပြောပါတယ်။


အထိနာခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ မြိုင်မြို့နယ်၊ သာစည်ရွာ သားတစ်ဦးနဲ့ မြေရင့်ရွာသား၁ဦးတို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပြီး ပခုက္ကူမြိုနယ်၊ မန်ကျည်းတန်းရွာမှာလည်း ပြည်သူ ၁ ဦးရဲ့ လည်ပင်းကို ပစ်ခတ် သတ်ဖြတ်ခဲ့သေးကြောင်း သိရပါတယ်။


ဩဂုတ် ၃၀ ရက်နဲ့ ၃၁ ရက်နေ့ တိုက်ခိုက်မှုတွေကို မြိုင်ပကဖ၏ တင်းရင်း ၁၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ Myaing Warriors ၊ Hero New GZ ၊ MRDF၊ MFDF၊ KMDF (ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့)  ၊ MVRF တပ်ရင်း နဲ့ Egal Brigadeတို့ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~~

ကိုထက်

Comment List


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။