တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတစ်ပုဒ်အမည်ဖြစ်တဲ့ "သာ၍ဝေးရာဆီသို့ပါ ..." ကို အမှတ်ရမိတယ်။ မြန်မာတစ်ပြည်လုံးကို ရည်ရွယ်ချက်ရှိရှိ အမှောင်တိုက်သွင်းနေတဲ့ မအလနဲ့ လက်တစ်ဆုပ်စာ မိုက်တွင်းနက်သူတစ်စုကတော့ "သာ၍ဆိုးရာဆီသို့..." အခြေအနေထိဆိုက်အောင် တွန်းပို့လျက် ရှိပါတယ်။ ပြည်သူလူထုကြီးက ကြိုက်သလောက် ထုကွာဆိုပြီး တင်းခံကြမလား၊ ဒီလိုမှမဟုတ်ဘဲ ငါတို့တော့ ငြိမ်ခံမနေနိုင်တော့ဘူး ရရာလက်နက်ဆွဲကိုင်ပြီး ငြင်းဆန်ကြမလား။ လမ်းနှစ်သွယ်က ပြညွှန်းနေတဲ့အခြေ ဆိုက်လာပြီလို့ ဆိုနိုင်ပါတယ်။
ပြည်သူလူထု မျက်ဖြူဆိုက်လေ အာဏာဆရာကြီး မအလတစ်သိုက် ကြိုက်လေပါပဲ။ ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်ချိန်ကျရင်တော့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို သရုပ်ဆောင်ပြီး ပဏ္ဏာဝင်ယူကြပါလိမ့်မယ်။
ဒီပုံ ဒီအတိုင်း ဆက်သွားနေရင်တော့ ကံဆိုးမိုးမှောင်ကျသလို ပျက်စီးခြင်း လှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး ဆင့်လာပါလိမ့်မယ်။ တိုင်းပြည်အပေါ် ဘယ်တုန်းကမှ စေတနာ တစိုးတစိမျှ မရှိဘူးတဲ့ စစ်ပဒေသရာဇ်ရူးတွေဟာ နောက်ဆုံးအချိန်ထိ မိုက်တွင်းကို နက်နက်တူးထားကြပုံရပါတယ်။ စကစကို နိုင်ငံတကာက ကန့်သတ်ပိတ်ဆို့မှုတွေများလာလို့ အခုဆိုရင် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေ တိုးတွေ့လာနေရပြီ ဖြစ်ပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံကတောင် စကစရဲ ဘဏ်အကောင့်ကို freeze လုပ်လိုက်တယ်ဆိုတော့ ဖက်ဆစ်အုပ်စုဟာ အတော် မျက်ဖြူဆိုက်နေပါပြီ။ ပြည်သူတွေ အကျပ်ရိုက်အောင် ပုံသဏ္ဌာန်မျိုးစုံ ထွက်လာပါလိမ့်အုံးမယ်။ မြန်မာကျပ်ငွေလည်း တန်ဖိုးတွေထိုးကျ၊ စက်သုံးဆီစျေးတွေလည်း ထိုးတက်၊ ရွှေစျေး ကားစျေး အိမ်ခြံမြေစျေးတွေလည်း ကမောက်ကမဖြစ်ကာ ပြည်သူလူထုမှာ ကုန်စျေးနှုန်းကြီးမြင့်လာတဲ့ဒဏ်ကို ခါးစီးခံနေရပါတယ်။ ပြည်သူလူထု မျက်ဖြူဆိုက်လေ အာဏာဆရာကြီး မအလတစ်သိုက် ကြိုက်လေပါပဲ။ ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်ချိန်ကျရင်တော့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို သရုပ်ဆောင်ပြီး ပဏ္ဏာဝင်ယူကြပါလိမ့်မယ်။
အရပ်ထဲ ဆန်လေး ဆီလေးကို ပေါက်စျေးအောက်လျှော့ပြီး ဟန်ပြလိုက်ရောင်းပေးမယ်။ ဒီလောက်မျှပဲ လုပ်တတ်ပါတယ်။ အမှန်တကယ်က ဘာပရော့ဒတ်မှမထုတ်နိုင်ဘဲ အင်ပို့ချည်းပဲ ဖြစ်နေရင် ကုန်စျေးနှုန်းက တောက်လျှောက် တက်လာမှာပဲ။ ဒါက ဘာသီအိုရီမှသိစရာမလိုတဲ့ ပြည်သူလူထုရဲ့ ဘဝပေးအသိပဲ ဖြစ်ပါတယ်။
ဖက်ဆစ်အုပ်စုကတော့ ခေတ်အဆက်ဆက် လုပ်ထုံးလုပ်နည်းအတိုင်း ကိုယ့်ညံ့ဖျင်းမှုကို ကိုယ်မမြင်နိုင်ဘဲ ကုန်စျေးနှုန်းကျဆင်းအောင် ကော်မတီတွေဖွဲ့မယ်၊ ရွှေကုန်သည် ငွေကုန်သည်တွေကို လိုက်ကျပ်မယ်၊ အရပ်ထဲ ဆန်လေး ဆီလေးကို ပေါက်စျေးအောက်လျှော့ပြီး ဟန်ပြလိုက်ရောင်းပေးမယ်။ ဒီလောက်မျှပဲ လုပ်တတ်ပါတယ်။ အမှန်တကယ်က ဘာပရော့ဒတ်မှမထုတ်နိုင်ဘဲ အင်ပို့ချည်းပဲ ဖြစ်နေရင် ကုန်စျေးနှုန်းက တောက်လျှောက် တက်လာမှာပဲ။ ဒါက ဘာသီအိုရီမှသိစရာမလိုတဲ့ ပြည်သူလူထုရဲ့ ဘဝပေးအသိပဲ ဖြစ်ပါတယ်။ ဘာပရော့ဒတ်မှ မထုတ်နိုင်၊ မလုပ်နိုင်တာဟာ တိုင်းပြည်ရဲ့ ပြည်တွင်းစစ်မီးကြောင့်ပဲ ဆိုတာ ကလေးကအစ သိတယ်။ အဲဒီမီးတောက် လောင်နေတဲ့အကြောင်း အရင်းအမြစ်ကလည်း ဖက်ဆစ်အကြမ်းဖက်အုပ်စုရဲ့ အာဏာငန်းဖမ်းမှုကြောင့် ဖြစ်တယ်ဆိုတာ အားလုံးသိနေကြပြီ။ မသိနိုင်သူတချို့ကတော့ အာဏာတိမ်သလ္လာဖုံးနေတဲ့ ဖက်ဆစ်အကြမ်းဖက်အုပ်စုနဲ့ သူ့အလိုတော်ရိမျက်ကန်းတစ္ဆေမကြောက်သူတချို့ပဲ ရှိတော့တယ်။
ပါတီစွဲ ပုဂ္ဂိုလ်စွဲ စိတ်ဓာတ်တွေဟာ တော်လှန်ရေးမှာ ရှေ့မရောက်စေနိုင်ဘဲ ဘေးတိုက်ကန့်လန့်ဖြစ်စေမယ့် ရှမ်းလွယ်အိတ်တွေမျှပဲ ဖြစ်တယ်ဆိုတာ သတိထားစေချင်ပါတယ်။
အခုဆိုရင် ဖက်ဆစ်အုပ်စုရဲ့ အောက်ခြေတပ်ရင်းတပ်ဖွဲ့တွေလည်း တိုက်တိုင်းရှုံးကာ အတော် အခြေပျက်နေပြီဖြစ်တယ်။ ထိချက်ကောင်းကောင်းမိဖို့ပဲ လိုတော့တယ်။ ဖက်ဆစ်အုပ်စုအရှိုက်ကို ထိချက်ကောင်းကောင်းနဲ့ အမိအရထိုးနှက်နိုင်ဖို့ တော်လှန်ရေးတပ်ဦးက ဦးဆောင်ဦးရွက်ပြုနေသူ အထူးသဖြင့် NUCC, NUG က လူကြီးမင်းများဟာ အင်မတန် အရေးကြီးပါတယ်။ တော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ကို ကြည်လင်ပြတ်သားစွာ မြင်ထားကြဖို့ လိုပါတယ်။ တိုင်းရင်းသားဒေသအသီးသီးဘက်ခြမ်းကော၊ မြေပြန့်မြို့ပေါ်တွေမှာပါ တစ်ပြိုင်နက်တည်း ချိန်ကိုက် တိုက်ခိုက်နိုင်ဖို့ဟာ အရေးကြီးဆုံးလိုအပ်ချက်ပဲ ဖြစ်ပါတယ်။ တည့်တည့်လင်းလင်းပြောရရင် ဒီအချိန်မှာ စစ်အာဏာရှင်ကို အပြုတ်တိုက်ရေးမှတစ်ပါး အခြားသော ပါတီအလံတွေ၊ လူပုဂ္ဂိုလ်စွဲတွေကို ဒုတိယနေရာမှာ ထားရပါမယ်။ legitimacy ကို တဖွဖွပြောနေတဲ့ CRPH ရဲ့ အတွေးအခေါ်လိုမျိုးဟာ ၂၀၀၈ ခြေ/ဥ ချက်ကြိုးမပြတ်တဲ့ အဓိပ္ပာယ် ဖြစ်နေပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ လို အဖွဲ့နာမည်တွေဟာလည်း ဒေသခံပြည်သူတွေကြားမှာ ဘယ်သူ့အဖေခေါ်ရမယ်မှန်းမသိတဲ့ အဖြစ်လို နားမျက်စိရှုပ်ထွေးစေပါတယ်။ အဲဒီလို အဖွဲ့နာမည်အသီးသီးတွေဟာ သူတစ်လူငါတစ်မင်း ပြုစေဖို့ အခွင့်အရေးပေးထားသလို ဖြစ်နေပါတယ်။ တော်လှန်ရေး အဓွန့်ရှည်အောင်ပြုနေသူတွေက ပါတီနိုင်ငံရေးအတွေးအခေါ်လောက်နဲ့ သူတွေလားလို့ ပြောရမလိုတောင် ဖြစ်နေတယ်။ ဒါဟာ တော်လှန်ရေးကို အီစေ၊ လေးစေ၊ ရှည်ကြာစေတဲ့ အကြောင်းရင်းခံ ဖြစ်နေတယ်ဆိုတာ သက်ဆိုင်သူများဟာ မိမိကိုယ်ကို ဝေဖန်ဆန်းစစ်ကြစေချင်ပါတယ်။ ပြည်သူလူထုရဲ့ တောင့်ခံနိုင်မှုအခြေအနေကိုလည်း အလေးထားဂရုပြုသင့်ပါတယ်။ မဟုတ်ရင်တော့ ပါတီစွဲမရှိဘဲ ခေတ်ပြောင်းတော်လှန်ရေးကို အဓိကဆင်နွှဲနေတဲ့ ဂျန်ဇီလေးတွေရဲ့ တာဝန်ကျေလွန်းစွာ စွန့်လွှတ်စွန့်စားနေမှုဟာ အဟောသိကံဖြစ်သွားနိုင်ပါတယ်။ ပါတီစွဲ ပုဂ္ဂိုလ်စွဲ စိတ်ဓာတ်တွေဟာ တော်လှန်ရေးမှာ ရှေ့မရောက်စေနိုင်ဘဲ ဘေးတိုက်ကန့်လန့်ဖြစ်စေမယ့် ရှမ်းလွယ်အိတ်တွေမျှပဲ ဖြစ်တယ်ဆိုတာ သတိထားစေချင်ပါတယ်။
တော်လှန်ရေးအင်အားစုဘက်ခြမ်းကသူတွေက ဖက်ဆစ်အုပ်စုအလိုကျ ကပြအသုံးတော်ခံနေကြသလားလို့တောင် ထင်မိပါတယ်။ မြန်မာနိုင်ငံမှာ စိုးစံခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ အားကိုးရာဟာ တော်လှန်သူအင်အားစုတွေကို "သပ်လျှိုသွေးခွဲခြင်းလက်နက်" ပါပဲ။
အခုတစ်လောလေးမှာ နဖူးတွေ့ဒူးတွေ့ ဖြတ်သန်းနေကြရတဲ့ မြေပြင်အင်အားစုတွေနဲ့ တော်လှန်ရေးတပ်ဦးက လူကြီးမင်းများရဲ့ တော်တည့်မှန်ကန်တဲ့ လမ်းကြောင်းဖော်ဆောင်မှုအားနည်းတာကြောင့် ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်မှုတွေကို ကြားနေရပါတယ်။ တချို့ကိစ္စတွေမှာ တော်လှန်ရေးအင်အားစုဘက်ခြမ်းကသူတွေက ဖက်ဆစ်အုပ်စုအလိုကျ ကပြအသုံးတော်ခံနေကြသလားလို့တောင် ထင်မိပါတယ်။ မြန်မာနိုင်ငံမှာ စိုးစံခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ အားကိုးရာဟာ တော်လှန်သူအင်အားစုတွေကို "သပ်လျှိုသွေးခွဲခြင်းလက်နက်" ပါပဲ။ အဲဒီလက်နက်အောက်မှာ ပြားပြားမမှောက်ချင်ရင်ဖြင့် တော်လှန်ရေးတပ်ဦးက ခေါင်းကိုင်လူကြီးမင်းများရဲ့ဦးနှောက်ထဲက ဂျန်လီးအတွေးအခေါ်တွေကို ရှင်းလင်းပယ်သတ်ထားကြဖို့ လိုအပ်ကြောင်းပါ ခင်ဗျား။
˜˜˜˜
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။