Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကန့်ဘလူမှာ စစ်ကြောင်းထိုးနေတဲ့ ခမရ-၃၆၁ စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် ဒေသခံ ၃ ဦး ကိုသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲသို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးအပါအဝင် ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။


ဩဂုတ်လ ၂၅ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မဒေါင်းလှကနေ ထွက်လာတဲ့  ခမရ-၃၆၁နဲ့ ပျူစောထီးစု‌စုပေါင်းအင်အား ၁၅၀ ကျော်တို့ဟာ ကန့်ဘလူမြို့နယ်၊ ဆီဆုံကြီးကျေးရွာက စိတ်ကျန်းမာရေးမကောင်းသူ ကိုနိုင်ဝင်းအောင် (၃၇နှစ်)၊ ရွာသစ်ကျေးရွာနေ ဦးမောင်လွင် (၄၉နှစ်)နဲ့ ဦးထွန်းအောင်(၅၄နှစ်)တို့ကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၅ ရက်ကနေ  ၂၈ ရက်နေ့အထိ  ကျေးရွာအတွင်းတပ်စွဲ ထားပြီး ဆီဆုံကြီးရွာနဲ့ ရွာသစ်ရွာထဲက ပြည်သူပိုင်အဖိုးတန်ပစ္စည်း၊ စား‌သောက်ကုန်၊ အဝတ်အစားနဲ့ ရေခဲသေတ္တာပါမကျန် ခိုးယူသယ်ဆောင်သွားတဲ့အပြင် ပြည်သူ ၃ ဦးကိုလည်း သတ်ဖြတ်ခဲ့တာပါ။


“ထုံးစံအတိုင်းပါပဲ၊ ရွာဝင်တယ်။ လုယက်တယ်၊ တွေ့တဲ့လူဖမ်းပြီး သတ်တယ်၊ အဲဒါကြောင့် ပြည်သူတွေ ကစစ်ကြောင်းနဲ့မတွေ့အောင် ပြေးကြတယ်၊ တွေ့ရင်သေဖို့များတာကိုး။ သေသွားတဲ့အလောင်းတွေကို ခွေးတွေပြန်သွားပြီးတော့ ဒေသခံတွေ ရွာပြန်ဝင်တဲ့အခါ တွေ့တာ။ ပစ္စည်းတွေကိုတော့ သူတို့လိုချင် တာစိတ်ကြိုက်ခိုးသွားတယ်” လို့ ကန့်ဘလူ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။


ခမရ-၃၆၁ တပ်ဟာ စစ်ကြောင်းထိုးတဲ့အခါတိုင်း သူတို့နဲ့တိုးတဲ့ပြည်သူတွေကို ရက်ရက်စက် စက် သတ်လေ့ရှိသလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်း အမြဲတမ်းခိုးကြောင်း သိရပါတယ်။


အဲဒီစစ်ကြောင်းဟာ ဩဂုတ် ၂၈ ရက်၊ ည ၇ နာရီခွဲလောက်မှာ ဇီးကုန်းသကြားစက်သို့ ဝင်ရောက်သွားပြီးနောက် ဩဂုတ် ၃၀ ရက်မနက်ကစပြီး ထန်းကုန်းတိုက်နယ်ထဲ စစ်ကြောင်း ထိုးပြန်တာကြောင့် ပြည်သူ ၂ သောင်းကျော် အရေးပေါ်စစ်ရှောင်နေရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။


~~~~~~~~~~

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။