Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အာဆီယံ အသေကောင်နဲ့မခြား (OPINION)

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက် ကြီးအသုံးပြုတိုက် ခိုက်တာတွေ၊ အရပ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက် ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက လေသံမာပြခဲ့တယ်။ ပြီးတော့ အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့လည်း ဇူလိုင် ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့မှာ ကျင်းပတဲ့ ၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက လျှာဖျားလေးနဲ့ တောင်းဆိုခဲ့ပါသေးတယ်။

 

ဒီလိုကြေညာချက်ထုတ်တာလောက်ကို မင်းအောင်လှိုင် တစ်ချက် အဖက်လုပ်မှာမဟုတ်မှန်းသိပေမဲ့ ဒါ့ထက်ပို လုပ်စရာမရှိသလို အခုလိုလျှာဖျားလေးနဲ့ကြေညာချက်မှမထုတ်ရင် အာဆီယံအတွက် ဂုဏ်သိက္ခာ ကျဆင်းစရာဖြစ်လာနိုင်တာကြောင့် ဘာပဲဖြစ်ဖြစ် နိုင်ငံတကာအမြင်ကောင်းအောင် လက်သီးလက်မောင်း တန်းပြလိုက်တဲ့သဘောပါပဲ။

 

အာဆီယံဥက္ကဌနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုသင့်ပါ ကြောင်း မျက်နှာထားချိုချိုသွေးကာ မင်းအောင်လှိုင်ထံ လျှောက်လွှာတင်ရပြန်တယ်။ သတင်းတွေအရ အင်ဒို နီးရှားတင်မက စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပြု ဖို့ တောင်းဆိုခဲ့ကြသတဲ့။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးအပြီး အဲဒီကြေညာချက်ထုတ်ပြန်ပြီးနောက် မြန်မာ့အ ရေးဟာ အာဆီယံအတွက် အေးစေ၊တန်းဖြုတ်လိုက်ပါတယ်။စစ်အုပ်စုက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပြုကာ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားကို ဒေါင့်ဖြုတ်လိုက်ပေမဲ့ မင်းအောင်လှိုင်အလိုတော်အတိုင်း အာဆီယံလည်း ဘယ်တတ်နိုင်မှာလဲ။ ဒေါင့်ဖြုတ်မှန်းသိလည်းခံကာ ဒေါ် အောင်ဆန်းစုကြည်ကို ထောင်ထဲကနေ အကျယ်ချုပ်အဖြစ်သို့ ပြောင်းထားလိုက်ပြီဆိုတဲ့ သတင်းဇူလိုင်၂၄ ရက်မှာ ထွက်ပေါ် လာပြီးနောက် အာဆီယံဥက္ကဌနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုသင့်ပါ ကြောင်း မျက်နှာထားချိုချိုသွေးကာ မင်းအောင်လှိုင်ထံ လျှောက်လွှာတင်ရပြန်တယ်။ သတင်းတွေအရ အင်ဒို နီးရှားတင်မက စင်ကာပူ၊မလေးရှား၊ဂျပန်၊တရုတ်နဲ့ အိန္ဒိယတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပြု ဖို့ တောင်းဆိုခဲ့ကြသတဲ့။

 

ထိုင်းနိုင်ငံခြားဝန်ကြီးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်နိုင်ငံတကာသံတမန်တွေတွေ့ခွင့်ရ သလဲဆိုတာ တရားဝင်ထုတ်ပြန်တာမရှိသေးပေမဲ့ အလွန်ဆုံးတွေ့ခွင့်ရလှ တရုတ်သာလျှင်ဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်ဆီကနေ မင်းအောင်လှိုင်အလိုကျလမ်း ထွက်ပေါ်မလာတာ အသေအချာပါပဲ။(အခုအချိန်လောက် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်အိမ်ကနေ ထောင်ထဲ ပြန်ပို့လောက်ပြီလို့လည်း ထင်မိပါ တယ်။

 

အာဆီယံအတွက် လုပ်စရာကလည်း မြန်မာ့အရေး ဆက်စပ်ပတ်သက်သူတွေနဲ့ စကားပြောကြည့်တာကလွဲ လုပ်စရာမရှိသလို အဲဒီစကားစမြည် ပြောဆိုမှုကနေ ရလဒ်တစ်စုံတစ်ရာထွက်ပေါ်လာတာကိုလည်း ဒီနေ့အထိ မမြင်ရသေးပါဘူး။

 

ဩဂုတ် ၁ရက်နေ့၊ မင်းအောင်လှိုင်ပေးတဲ့ လွတ်ငြိမ်းခွင့်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ကို ထောင်ဒဏ်နည်းနည်းစီ လျှော့ပေါ့ပေးလိုက်တဲ့အပေါ်  ဂျင်း(ချင်း) ကိုဂျင်း(ချင်း)မှန်းသိပြီး အာဆီယံအနေနဲ့ နှုတ်ဆိတ်နေခဲ့ပုံပါပဲ။အာဆီယံဥက္ကဌ အင်ဒိုနီးရှားက မြန်မာ့အရေးအသံတိတ်ဒီပလိုမေစီလို့ ကြွေးကြော်ကာ ခြေသံလုံလုံနဲ့ ချဉ်းကပ်နေတယ်လို့ဆိုထားတာကြောင့် စစ်အုပ်စုလုပ်သမျှ အသံထွက်ကျယ်ကျယ်နဲ့ ကန့်ကွက် ခြင်းမျိုးမရှိဘဲ မြန်မာ့အရေးအာဆီယံမူ၅ရပ်ကို ဦးထိပ်ပန်ကာ သူလုပ်စရာရှိတာကိုပဲ လုပ်နေပုံပါ။ဒါပေမဲ့၊ အာဆီယံအတွက် လုပ်စရာကလည်း မြန်မာ့အရေး ဆက်စပ်ပတ်သက်သူတွေနဲ့ စကားပြောကြည့်တာကလွဲ လုပ်စရာမရှိသလို အဲဒီစကားစမြည် ပြောဆိုမှုကနေ ရလဒ်တစ်စုံတစ်ရာထွက်ပေါ်လာတာကိုလည်း ဒီနေ့အထိ မမြင်ရသေးပါဘူး။

 

မအောင်မြင်တဲ့အာဏာသိမ်းပွဲစကတည်းက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သံတမန်ရေးဖိအားပေး ဟာ စစ်အုပ်စုကို အရှက်ရ အပယ်ခံဘဝဖြစ်ခဲ့ပေမဲ့ မတရားအာဏာ လက်ဝယ်ဆုပ်ကိုင်နိုင်ရေးမှာရူးနေတဲ့စစ် အုပ် စုအတွက် သံတမန်ရေးဖိအားဆိုတာ အသားတစ်စ သွာကြားညှပ်ပြီး ထုတ်ရခက်တာလောက်ထပ်မပို တော့ပါဘူး။

 

၂၀၂၂ခုနှစ်၊ဒီဇင်ဘာ၂၁ရက်မှာ ကမ္ဘာ့အဆင့်အမြင့်ဆုံးအာဏာပိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ကို အတည်ပြုတောင်းဆိုခဲ့ပြီး ဒီဇင်ဘာ၂၃ရက်မှာ အကြမ်းဖက်စစ်အုပ်စု ရဲ့နိုင်ငံခြားရေးဌာနက အဲဒီဆုံးဖြတ်ချက်အပေါ် လက်မခံကြောင်း တုံ့ပြန်ခဲ့ပါတယ်။

 

နေပြည်တော် စစ်ဗိုလ်ချုပ်တွေကတော့ ဘာလို့များ အရေမရ အဖတ်မရကြေညာချက်တွေ လျှောက် ထုတ် နေတာလဲလို့ ဟားတိုက်နေကြမှာ သေချာပါတယ်။

 

လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုခဲ့ပေမဲ့ ၂၀၂၃ခုနှစ်၊ဧပြီ၁၁ရက်မှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေ ကို လေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့တာဟာ လုံခြုံရေးကောင်စီကို ပြတ်သားတဲ့စိန်ခေါ်ချက်ဖြစ်ပြီး စစ်အုပ် စုရဲ့ စုံလုံးကန်း ထင်ရာစိုင်း မိုက်လုံးကြီးနေမှုကို ဖော်ပြနေပါတယ်။

 

အခုလည်း ဇူလိုင်လ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက လျှာဖျားလေးနဲ့ အကြမ်းဖက် နေတာတွေချက်ချင်းရပ်ဖို့ တောင်းဆိုပြီးနောက် ဩဂုတ် ၂၃ရက်ကကျင်းပတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးတံခါးပိတ်အစည်းအဝေးကနေ မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုအပေါ် ပြစ်တင်ရှုတ်ချကြောင်း နဲ့လုံခြုံရေးကောင်စီရဲ့မြန်မာ့အရေးဆုံး ဖြတ်ချက်-၂၆၆၉ ကိုဖော်ဆောင်ဖို့ တောင်းဆို ကြောင်းကြေညာချက် တရုတ်နဲ့ရုရှားမပါတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်၁၃နိုင်ငံက ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

 

နေပြည်တော် စစ်ဗိုလ်ချုပ်တွေကတော့ ဘာလို့များ အရေမရ အဖတ်မရကြေညာချက်တွေ လျှောက် ထုတ် နေတာလဲလို့ ဟားတိုက်နေကြမှာ သေချာပါတယ်။မြန်မာ့အရေးအာဆီယံဘုံသဘောတူညီ ချက်၅ရပ်နဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ စစ်အုပ်စုအတွက် အရေမရအဖတ်မရ အရေးစိုက်စ ရာမလိုတဲ့ကြေ ညာချက်မျှသာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ မူ၅ရပ်နဲ့ဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ တောင်း ဆိုရုံတောင်းဆိုတဲ့ တောင်းဆိုချက်မျှသာဖြစ်ပြီး အဲဒီတောင်းဆိုချက်တွေကို မလုပ်လို့လည်း နောက်ဆက်တွဲ အရေးယူမယ့် အစီအစဉ်တွေ မပါဝင်တာကြောင့်ပါပဲ။

 

ဩဂုတ်၂၂ရက်နေ့၊စစ်အုပ်စုသတင်းစာရှင်းလင်းပွဲမှာ NUG၊PDF နဲ့ ဆွေးနွေးမှာမဟုတ်ကြောင်း တွေ့ ဆုံဆွေးနွေးရေးလမ်းကြောင်း သွားနိုင်ဖို့အတွက်ဆိုရင် အကြမ်းဖက်လုပ်ရပ်တွေ မလုပ်တော့ဘူး၊အကြမ်းဖက် လုပ်ရပ်တွေကို ရှုတ်ချပါတယ်လို့ ကမ္ဘာသိကြေညာဖို့လိုကြောင်း ဇော်မင်းထွန်းက ပြောကြားသွားခြင်းနဲ့  ပြည်သူသတ် အကြမ်းဖက်လုပ်ရပ်တွေကို မင်းအောင်လှိုင်တပ်တွေက နေ့စဉ်ကျူးလွန်နေခြင်းဟာ နိုင်ငံတ ကာရော အာဆီယံပါ ဦးထိပ်ပန်ဆင်ထားတဲ့ အာဆီယံမူ၅ရပ်ကို လုံးဝလက်မခံကြောင်း တစ်ကမ္ဘာလုံးကြားအောင် ပြောကြားနေခြင်းပဲဖြစ်ပါတယ်။

 

အဲဒါတွေဟာ အမေရိကန်နဲ့အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုကြောင့်ဖြစ်ပြီး ဒေသတွင်းရောနိုင်ငံတ ကာအသိုင်းအဝိုင်းကပါ နောက်ထပ်အရေးယူမှုတွေနဲ့ ဆက်လက်ဖိအားပေးမယ်ဆိုရင် စစ်အုပ်စုဟာ မြန်မြန် ဆန်ဆန် မျက်ဖြူလန်မှာ အသေအချာပါပဲ။

 

စစ်အုပ်စုအနေနဲ့ အာဆီယံမူ၅ရပ်ကို လက်မခံဘူးဆိုတာ နေ့စဉ်အကြမ်းဖက်သတ်ဖြတ်ခြင်းနည်းတွေ နဲ့ သက်သေပြနေပေမဲ့ အာဆီယံကတော့ ဘာပဲဖြစ်ဖြစ် မူ၅ရပ်ကိုသာ ဆက်လက်စွဲကိုင်ကာ မင်းအောင်လှိုင် စိတ်ပြောင်းလာမယ့်နေ့ကို စောင့်ဆိုင်းနေဆဲပဲဖြစ်ပါတယ်။အာဆီယံအနေနဲ့ အခုလို တောင်းဆိုရုံတောင်းဆိုမျှ နဲ့ မင်းအောင်လှိုင်စိတ်မပြောင်းနိုင်ဘူးဆိုတာ သိပေမဲ့ မသိချင်ယောင်ဆောင်ကာ မူ၅ရပ်ဟာ တစ်ချိန်ချိန်မှာ အလုပ်ဖြစ်လာမှာလိုလို အရူးကွက်နင်းနေရပါတယ်။ဘာလို့လဲဆိုတော့ မူ၅ရပ်ကိုမ ဖော်ဆောင်ရင် အရေးယူ မယ်ဆိုတဲ့ နောက်တစ်ဆင့်ခြေလှမ်းကို အာဆီယံနိုင်ငံတွေကြား သဘောတူညီမှုမရ လို့ ပါပဲ။

 

အခုဆိုရင် စစ်အုပ်စုရဲ့ ဒေါ်လာကပ်ဘေးနဲ့ဘဏ္ဍာရေးအကျပ်ရိုက်မှုဟာ သိသာထင်ရှားလာပြီဖြစ်ပါ တယ်။ အဲဒါတွေဟာ အမေရိကန်နဲ့အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုကြောင့်ဖြစ်ပြီး ဒေသတွင်းရောနိုင်ငံတ ကာအသိုင်းအဝိုင်းကပါ နောက်ထပ်အရေးယူမှုတွေနဲ့ ဆက်လက်ဖိအားပေးမယ်ဆိုရင် စစ်အုပ်စုဟာ မြန်မြန် ဆန်ဆန် မျက်ဖြူလန်မှာ အသေအချာပါပဲ။

 

ဒါပေမဲ့၊အာဆီယံကတော့ မြန်မာ့အရေးကို နိုင်ငံတကာအလယ်မှာ အာဆီယံသိက္ခာမကျရုံ ဝတ်ကျေ တန်းကျေ ကိုင်တွယ်မှုနဲ့သာ ဆက်လက်ခရီးဆက်ကာ မြန်မာပြည်သူတွေ ဘာဖြစ်ဖြစ် အခုလို မသိချင်ယောင် ဆောင်နေမှာပါပဲ။ဒါ့အပြင် လာမယ့် ၂၀၂၄ခုနှစ်၊လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့အခါ အာဆီယံနဲ့ စစ်အုပ်စုကြား ပုံမှန်အခြေအနေသို့ပြန်ရောက်အောင် ကြိုးစားလာနိုင်တဲ့ အန္တရာယ်တောင် ရှိလာနိုင်ပါသေး တယ်။

 

˜˜˜˜

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။