ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က ဒီနေ့ ဩဂုတ် ၃၁ ရက်၊ မနက် ၄ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဒီနေ့မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်နဲ့ ၃ ကြိမ် ပစ်ခတ်ဗုံးကြဲခဲ့ရာမှာ စစ်ရှောင်စခန်းနဲ့ ကပ်လျက် ပေ ၃၀ လောက်မှာ ဗုံးတစ်လုံး မပေါက်ကွဲခဲ့ကြောင်း Kamlaat-Kayah IDPs Assistance Network က ထုတ်ပြန်ပါတယ်။
“ကျနော် အဲနေရာကို မရောက်သေးဘူး။ သတင်းကြားတာက မကွဲတဲ့ဗုံးက ပေါင် ၅၀၀ ဗုံးလို့ သိရတယ်။ အင်မတန်ကံကောင်းတယ်ပြောရမယ်။ အဲဗုံးသာကွဲရင် လူထိခိုက်မှုရှိမှာ”လို့ ဒေသခံ KNDF ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီဗုံးကို တော်လှန်ရေးရဲဘော်တွေက ဖယ်ရှားရှင်းလင်းဖို့ လုပ်နေတယ်လို့လည်း သူကပြောပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ ကရင်နီပြည်နယ်အတွင်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံးကြဲ ခြင်းနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်းတွေကို ဆက်တိုက်ဆိုသလို ကျူးလွန်နေပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။