မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုကားလမ်းပေါ် ရဲကားတစ်စီးကို မိုင်းဆွဲခဲ့ရာ ၂ ဦး သေဆုံး ကြောင်း Young Force UG သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၉ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းထိတဲ့ကားကို ပခုက္ကူစက်မှုဇုန်သို့ ပြန်ဆွဲသွားကာ ကတ္တရာလမ်းပေါ်က သွေးကွက်တွေကို သဲတွေနဲ့ဖုံးသွားကြောင်း သိရပါတယ်။
ဩဂုတ် ၂၈ ရက်၊ ည ၈ နာရီလောက်ကလည်း ပခုက္ကူမြိုနယ်၊ ပန်းတိုင်းခြုံကနေ ပခုက္ကူသို့ ပြန်ဝင်တဲ့ စစ်သားတင်ကားတစ်စီး မီးပိတ်မောင်းလာစဉ် ပွိုင့် ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။
“ ၂၈ ရက်နေ့ကတော့ ထိတယ်လို့ မကြားဘူး။ ၂၉ ရက်မှာတော့ ပခုက္ကူဆေးရုံပေါ် သေတဲ့ကောင်တွေရော ဒဏ်ရာရကောင်တွေရော ရောက်လာတယ်။ သေစာရင်းအတိအကျ တော့မသိဘူး။ ရဲလား၊ စစ်သားလား မသိဘူး”လို့ ပခုက္ကူ LPDF ရဲဘော်တစ်ဦးက ပြောပါတယ်။
ဩဂုတ် ၂၉ ရက် မနက်ခင်းမှာ ပခုက္ကူ-ရေစကြို ကားလမ်းပေါ် မှန်ချမောင်းနှင်ခြင်းမရှိတဲ့ ကားကို သတိပေးမိုင်းဆွဲခဲ့သေးကြောင်း Young Force UG ကဆိုပါတယ်။
“PDF တွေက စခနဲ့ မမှားရအောင် ကားမှန်ချမောင်း၊ တာလပတ်မအုပ်နဲ့၊ အရှိန်ပြင်းပြင်း မမောင်းနဲ့လို့ ပြောထားတာ။ ဘာမှမလိုက်နာစရာ အကြောင်းမရှိတဲ့စည်းကမ်းတွေလေ။ PDF တွေက ကားကို စက်နဲ့မမောင်းနဲ့၊ တွန်းသွားလို့ ထုတ်ပြန်ထားလို့ မလိုက်နာနိုင်ဘူးဆိုရင် သဘာဝကျသေးတယ်။ အဲဒါကိုပဲ မှန်မချဘဲ မောင်းတယ်ဆိုတာ တော်တော်စိတ်ပျက်စရာပါ” လို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။
ပခုက္ကူ-ရေစ ကြိုကားလမ်းကို အသုံးပြုတဲ့ ပြည်သူတွေ အနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်း တွေကို တိတိကျကျလိုက်နာပေးဖို့ ထပ်မံအသိပေးကြောင်း Young Force UG ကထုတ် ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုတွေကို ပခုက္ကူခရိုင်တပ်ရင်း(၁၃)၊ Shwe Nyar Myae PDF နဲ့ပခုက္ကူ မြိုနယ်ပကဖ တပ်ခွဲ(၂)တိုမှ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
~~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။