Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရန်ကုန်မှာရဲစခန်းတွေအပါအဝင် စစ်ရေးပစ်မှတ် ၆ နေရာကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ

ရန်ကုန်မြို့ စစ်ရေးပစ်မှတ် ၆ နေရာကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက သတင်းထုတ်ပြန်ပါတယ်။


ဩဂုတ် ၂၉ ရက်၊ ည ၈ နာရီ ၅၆ မိနစ်မှာ တောင်ဥက္ကလာပရဲစခန်း၊ ည ၈ နာရီ ၅၇ မိနစ်မှာ ရန်ကင်းရဲစခန်း၊ ည ၈ နာရီ မိနစ် ၅၀မှာ အရှေ့ဒဂုံရဲစခန်းတို့ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ ခဲ့ကြောင်း သိရပါတယ်။


“ရန်ကင်းရဲစခန်းဆိုတာ ကျနော်တို့ ကလေးဆေးရုံနားက ရဲစခန်း။ လူတော့မထိဘူး။ အသံ တော်တော်ကျယ်တယ်။ တောင်ဥက္ကလာရဲစခန်းလည်း ပေါက်ကွဲသံပြင်းတယ်။ ပေါက်ပြီးတော့ စစ်ကားတွေ ရောက်လာတယ်။ ကံဘဲ့မှာ ဖြတ်လာတဲ့ကားတွေကို ပိတ်စစ်တယ်”လို့ ရန်ကင်းမြို့နေပြည်သူတစ်ဦး ကပြောပါတယ်။


ဩဂုတ် ၂၈ ရက်၊ ည ၉ နာရီ ၁၄ မိနစ်ကလည်း မြောက်ဒဂုံထွေအုပ်ရုံး၊ ည ၉ နာရီ ၁၉ မိနစ်မှာ ရွှေပေါက္ကံရဲစခန်းတို့ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့ပြီး ဩဂုတ် ၂၇ ရက်၊ ည ၇နာရီ ၉ မိနစ်မှာ  မင်္ဂလာဒုံမြို့ယ်၊ ပတ္တမြားမြို့သစ်၊ ပတ္တမြားလမ်းရှိ အမှတ်(၈)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတို့ကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ က ထုတ်ပြန်ပါတယ်။


အဲဒီတိုက်ခိုက်မှုတွေကို KMD 18 Hunter Unit ၊ Guardians UG ၊ ရန်ကုန်တိုင်းပြည်သူ့ တပ်မဟာနဲ့ KMD 18 Crow Squad တို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


~~~~~~~~~~

ကိုထိုက်

Comment List


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။