Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပြေးစရာ မြေမရှိ (OPINION)

ကိုင်း  အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်း အခု ဘာလုပ်မှာလဲ။ ဘာမှမလုပ်တတ်တော့ဘူး မဟုတ်လား။ နိုင်ငံရေးမှာလည်း လူတောမတိုးရဲအောင်ဖြစ်လို့။ ဟုတ်တယ်လေ။ NLD က မဲမသမာမှုတွေပြုလုပ်ပြီး နိုင်ငံတော်အာဏာကို မတရားတဲ့နည်းလမ်းနဲ့ ရယူဖို့ကြိုးစားတဲ့အတွက် အာဏာသိမ်းရပါတယ်ဆိုတဲ့ မင်းတို့ရဲ့စကားကို ဦးနှောက်ရှိတဲ့လူတိုင်းက မယုံကြည်၊ လက်မခံကြဘူးမဟုတ်လား။ နိုင်ငံတကာကရော မင်းတို့ကို အစိုးရတစ်ရပ်လို့ အသိအမှတ်ပြုကြပါရဲ့လား။ အသိအမှတ်ပြုတဲ့နိုင်ငံကရော လက်တစ်ဖက်စာ ပြည့်ပါရဲ့လား။ ရှက်တတ်မယ်ဆိုရင် ရှက်စရာနော်။

 

မင်းတို့ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ စစ်ရေးမှာရော မင်းတို့က ပြည်သူကိုနှိပ်ကွပ်ဖို့ နှစ်ပေါင်း ၆၀ လောက် သာလွန်အင်အားနဲ့ စနစ်တကျဖွဲ့စည်းထားတဲ့၊ ခေတ်မီလက်နက်အင်အားတွေ တပ်ဆင်ထားတဲ့၊ ပြည်သူ့ဘဏ္ဌာငွေတွေကို အတိုင်းအဆမရှိ စည်းမဲ့ကမ်းမဲ့သုံးဖြုန်းေနတဲ့ အဖွဲ့အစည်းကြီးလေ။ ခုတော့ လပိုင်းနှစ်ပိုင်းလောက်ကမှ ပေါ်ပေါက်လာတဲ့၊ လက်လုပ် တူမီးသေနတ်လောက်သာ ကိုင်ဆောင်နိုင်တဲ့၊ ပြည်သူထောက်ပံ့နေတဲ့ ငွေကြေးလေးတွေနဲ့ ရပ်တည်နေကြရတဲ့ ပြည်သူ့ဘက်တော်သား PDFတွေကို မနှိမ်နင်းနိုင်အောင် ဖြစ်နေပြီမဟုတ်ပါလား။

 

ဒါကို ကာကွယ်ရေးဝန်ကြီး အပြောင်းအလဲပြုလုပ်နိုင်ရုံနဲ့တော့ ကုစားနိုင်မယ်မဟုတ်ပေဘူး။ အခြေအနေ ထူးခြားလာနိုင်မယ် မဟုတ်ပေဘူး။

 

မနှိမ်နင်းနိုင်ရုံမက တိုက်တိုင်းရှုံး၊ တိုက်တိုင်းသေနေကြတဲ့အပြင် တပ်တွင်းကနေထွက်လိုက်တာနဲ့ ရှေ့တန်းစစ်မြေပြင်လို သဘောထားနေကြရပြီလေ။ ဒါ့ပြင် မင်းတို့ နှစ်ရှည်လများ အခိုင်အမာတပ်စွဲ တည်ဆောက်ထားတဲ့ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်က တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရပြီမဟုတ်လား။ ဒါကို ကာကွယ်ရေးဝန်ကြီး အပြောင်းအလဲပြုလုပ်နိုင်ရုံနဲ့တော့ ကုစားနိုင်မယ်မဟုတ်ပေဘူး။ အခြေအနေ ထူးခြားလာနိုင်မယ် မဟုတ်ပေဘူး။

 

ဘာလို့လဲဆိုတော ကာကွယ်ရေးဝန်ကြီးဆိုတဲ့ အကောင်ကလည်း မင်းခိုင်းစေတာကို လုပ်ကိုင်နေရတာမဟုတ်လား။ ဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်း အာဏာသိမ်းပြီး ၂နှစ်ခွဲကာလအတွင်းမှာ ရခ၊ စခ အင်အားဘယ်လောက် သေဆုံးသွားပြီလဲဆိုတာ မင်း မသိစရာအကြောင်း မရှိပါဘူး။ တစ်နေ့ကပဲ နောင်ချိုဘက်က တပ်ရင်းတစ်ခုရဲ့ အင်အားစာရင်းကို သိရှိခွင့်ရလိုက်တယ်။ ဖွဲ့စည်းပုံအရ ရှိပေမဲ့ အင်အားက ၈၇၀ ကျော်တဲ့။ တကယ့်လက်ရှိအနေအထားအင်အားက ၁၇၂ ယောက်တဲ့။ အဲဒီမှာ တိုက်ခိုက်ရေးတပ်ရဲ့အင်အားက ၇၀ပဲ ရှိပါသတဲ့။ တပ်ပျက်နေပြီဆိုတာလည်း မင်း ကောင်းကောင်း သိမှာပါ။

 

သေရဲတဲ့ကောင်တွေ ကရင်နီပြည်နယ်ထဲ သွားကြ၊ ကရင်ပြည်နယ်သွားကြ၊ ကချင်ပြည်နယ် သွားကြလို့ပြောရုံ ရှိတော့တာပဲ။

 

အဲဒါကို တပ်ဆိုတာ အမိန့်နာခံရမယ်ဆိုတဲ့မူနဲ့ KIA ဌာနချုပ် လိုင်ဇာကို တိုက်ခိုက်သိမ်းပိုက်ခိုင်းနေတာက စာနာမှုကင်းမဲ့စွာ အသေခိုင်းနေတာနဲ့ တူမနေဘူးလား။ အေး တို့အနေနဲတော့ အောက်လက်က ရခ၊ စခ တွေ ဘဝအပျက်ခံ၊ အသေခံပြီး မင်းတိုစြစ်အာဏာရှင် လူတစ်စုအတွက် ဘယ်အတိုင်းအတာအထိ စွန့်လွှတ်ကြမလဲဆိုတာ စောင့်ကြည့်ရုံ ရှိတော့တာပ။ သေရဲတဲ့ကောင်တွေ ကရင်နီပြည်နယ်ထဲ သွားကြ၊ ကရင်ပြည်နယ်သွားကြ၊ ကချင်ပြည်နယ် သွားကြလို့ပြောရုံ ရှိတော့တာပဲ။ ရခ၊ စခတွေအနေနဲ့လည်း မင်းတို့ရဲ့ခေါင်းဆောင်ပိုင်းဟာ ဘာနိုင်ငံ့အကျိုး၊ ဘာ ပြည်သူအကျိုးမှ မဟုတ်ဘူး။ သူတို့အကျိုးအတွက် ခိုင်းစေနေတယ်ဆိုတာ နားလည်ထားကြဖို့ပဲ။

 

ဒီမှာ။ မင်းတို့ကျွမ်းကျင်လှပါတယ်ဆိုတဲ့စစ်ရေးတောင် ကဘောက်တိကဘောက်ချာ ဖြစ်နေသေးတာပဲ။ မင်းတို့ နကန်းတစ်လုံးမ နားမလည်တဲ့ စီးပွားရေးမှာ ကမောက်ကမနဲ့ ကစဉ့်ကလျားဖြစ်နေတာ ဆန်းကြယ်တဲ့အကြောင်းအရာမဟုတ်တော့ပါဘူး။ စီးပွားရေးမှာ စျေးကွက်အရဖြစ်တည်တယ်ဆိုတာ လူပြိန်းကအစ သိရှိလောက်ပါရဲ့။ ဒါကို မင်းက အမိန့်အာဏာကြီးနဲ့ ထိန်းချုပ်နေတော့လည်း ကမောက်ကမနဲ့ ကစဉ့်ကလျားဖြစ်ကုန်တာပေါ့ကွာ။ အေးလေ၊ မင်းက မင်းချမ်းသာဖို့အတွက် ဘယ်လိုခိုးဝှက်ယူရမလဲဆိုတာေလာက်သာ သိရှိနားလည်တဲ့ကောင်ကိုး။

 

ရန်ကုန်မြို့ကြီးတောင်မှ လျှပ်စစ်မီးကို အချိန်ပိုင်းသာပေးနိုင်ပြီး အလတ်စား၊ အသေးစား စက်မှုလုပ်ငန်းတွေ တွင်ကျယ်တိုးတက်လာအောင် ဆောင်ရွက်ကြရမယ်လို့ ပြောလိုပြော။

 

အဲဒီမှာ မင်းက စီးပွားရေး ၃ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ကယောင်ကတမ်းပြောလိုပြော။ ရွာတွေ ငါးထောင်ကျော်လောက် မီးတင်ရှို့ဖျက်ဆီးပြီး ကျေးလက်အခြေခံ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်လာအောင် လုပ်ကြရမယ် ကြောလိုပြော။ ရန်ကုန်မြို့ကြီးတောင်မှ လျှပ်စစ်မီးကို အချိန်ပိုင်းသာပေးနိုင်ပြီး အလတ်စား၊ အသေးစား စက်မှုလုပ်ငန်းတွေ တွင်ကျယ်တိုးတက်လာအောင် ဆောင်ရွက်ကြရမယ်လို့ ပြောလိုပြော။ ပြီးတော့ တွက်ခြေမကိုက်လို့၊ အရှုံးပေါ်နေလို့ ရပ်ဆိုင်းထားတဲ့ သံမဏိစက်ရုံနဲ့ သာပေါင်းစက္ကူစက်ရုံကို ပြန်လည် လည်ပတ်ပြီး တိုးတက်လာမယောင်ယောင် သရုပ်ပြနေလိုက်တာ တို့များပြည်သူတွေက ဟားတိုက်မရယ်မောတော့ပါဘူး။ ရင်ဘတ်နောက်က ကျောလို့သာ ဆိုလိုက်ချင်တော့ရဲ့။

 

ဒါ့ပြင် ဘုရားကြီးအမှတ်တရ အကြောင်းပြပြီး ၂သောင်းတန်ငွေစက္ကူတွေ အတိုင်းအဆမရိ ထုတ်ဝေလိုက်တယ်။ ဟုတ်မှာပါလေ။ ဒီလောက် စီးပွားရေးယိုင်နဲ့နေတဲ့ကြားက ဘုရားကြီးကို ငွေကြေးအမြောက်အမြားအကုန်ကျခံပြီး တည်ထားသတဲ့။ လိုငွေတွေ ပြတော့မပေါ့။ မင်းက သာသနာပြုမင်းလို့ အသိအမှတ်ပြု ခံချင်တာကိုး။ ပြည်သူတွေကလည်း ပါးစပ်က ဘုရားဘုရား၊ လက်က ကို့ယို့ကားယားဆိုတာ သိနေကြပါရဲ့။ ဟုတ်တယ်လေကွာ။ လူသတ်ပြီး သွေးစွန်းနေတဲ့လက်နဲ့ ဘုရားတည်တာ ဘယ်လို ဟပ်စပ်ပါ့မလဲ။ ခွေးနဲ့ ပခြပ် မဟပ်သလိုပ။

 

ထုတ်ဝေမယ်လို့ ကြေညာလိုက်တာနဲ့ ဆန်တစ်ပြည် အနိမ့်ဆုံး ၃၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ၁၂၀၀၀ ကျပ် ဖြစ်သွားပြီ။ ရွှေစျေးကလည်း သိန်းလေးဆယ်နား ကပ်သွားပေါ့။

 

၂သောင်းတန်ငွေစက္ကူ ထုတ်ဝေတာက စီးပွားရေးကျဆင်းမုကို ဆေးမြီးတိုနဲ့ကုသတယ်ဆိုတာ အားလုံးနားလည်ပါရဲ့။ ငွေစက္ကူတွေက ပြည်သူလက်ထဲ မရောက်သေးဘူး။ ထုတ်ဝေမယ်လို့ ကြေညာလိုက်တာနဲ့ ဆန်တစ်ပြည် အနိမ့်ဆုံး ၃၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ၁၂၀၀၀ ကျပ် ဖြစ်သွားပြီ။ ရွှေစျေးကလည်း သိန်းလေးဆယ်နား ကပ်သွားပေါ့။ ဟိုး ဟိုတုန်းက တစ်ဒေါ်လာ ၆ကျပ်သာရှိခဲ့ရာကနေ အခု တစ်ဒေါ်လာကို ၃၇၀၀ ကျပ်တဲ့။ ဒါတောင် ကုန်စျေးနှုန်း၊ ငွေလဲနှုန်းတွေက ဒီထက်မက တက်ဖို့ရှိသေးသတဲ့။ ဒီမှာ ဂူကြီးပြောသလို ဘုရားကြီးကတော့ ပြုံးလို့ပေါ့လေ။

 

ဟော ဒေါ်လာတွေပိတ်ဆို့ခံရတော့ ထိုင်းဘတ်ငွေနဲ့ လဲလှယ်အသုံးပြုနိုင်တယ်လို့ ကြေညာလိုက်ပြန်တယ်။ ၁၉၇၀ဝန်းကျင်တဝိုက်က မြန်မာငွေ ၁ကျပ်ကို ဘတ် ၉၀ ရှိရာကနေ အခု ၁ဘတ်ကို ကျပ်ငေ ၁၁၀ ဖြစ်သွားရောတဲ့ဗျာ။ ဒီမှာ။ သာသနာပြုမင်းကြီး၊ ဦးဆောင်ဘုရားဒကာကြီးရဲ့ကောင်းမှုကြောင့် ကျွန်တော်တို့ပြည်သူတွေ ငွေကြေးဖောင်းပွမှုဒဏ်ကို သယ်ပိုးကြရဦးမှာပေါ့။

 

ကိုင်း စားရေးတစ်ခုတည်းတောင် မသေရုံချွေတာစားရတော့မယ့်သဘော။ ဒီမှာ နေရေး၊ ဝတ်ရေးတွေ၊ အခြားလူမှုရေးတွေ မပါသေးဘူး။

 

အထူးသဖြင့် လစာပုံသေရရှိကြတဲ့ ဝန်ထမ်းတွေပေါ့။ ဦးစီးအရာရှိလစာက ၂၈၀၀၀၀ မပြည့်တတ်ဘူး။ မိသားစုသုံးယောက်တည်း ရှိတယ်ထားပါဦး။ လက်ဖက်ရည်တစ်ခွက် တစ်ထောင်ကျပ်၊ မုန့်ဟင်းခါးအလွတ်တစ်ပွဲ တစ်ထောင်ကျပ်၊ အီကြာကွေးတစ်ချောင်း ငါးရာကျပ်၊ အကြော်တစ်ခု သုံးရာကျပ်၊ ကန်စွန်းရွက်တစ်စီး ငါးရာကျပ်၊ ပဲပြုတ်တစ်ဆယ်သား ခုနစ်ရာကျပ်၊ ကြက်သားတစ်ဆယ်သား တစ်ထောင်ကျပ်၊ ဝက်သားတစ်ဆယ်သား ၁၉၀၀ ကျပ်၊ ငါးတစ်ဆယ်သား ၁၈၀၀ ကျပ်။ ကိုင်း စားရေးတစ်ခုတည်းတောင် မသေရုံချွေတာစားရတော့မယ့်သဘော။ ဒီမှာ နေရေး၊ ဝတ်ရေးတွေ၊ အခြားလူမှုရေးတွေ မပါသေးဘူး။

 

အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး။ အဖက်ဖက်က ပြိုဆင်းဆုံးရှုံးလာပြီဆိုတော့ မင်းဘာလုပ်မလဲ။

 

ဒီတော့ ဝန်ထမ်းတွေအနေနဲ့ မသေရုံ ချွေတာစားသောက်နေကြမလား။ ဒါမှမဟုတ် နွေဦးတော်လှန်ရေး ပိုမိုမြန်ဆန်အောင်မြင်ဖို့ ကူညီကြမလားဆိုတဲ့ လမ်းဆုံလမ်းခွကို တွန်းပို့လိုက်သလို ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီမှာ ဒင်းတို့အနေနဲ့ ဝန်ထမ်းတွေကို ထိန်းထားနိုင်ဖို့ လိုပါ့မယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ လစာ တိုးမြှင့်ပေးလိုက်ကြဖို့ပါပဲ။ ဒါပေမဲ့ ဒင်းတို့အတွက် ဂျာအေး သူ့အမေရိုက် ဖြစ်နေမှာ အမှန်ပဲ။ ဝန်ထမ်းတွေရော၊ လက်လုပ်လက်စားတွေရော ကျပ်တည်းမှုတွေ ရင်ဆိုင်လာကြရင်တော့ တစ်စုံတစ်ခု ထွက်ရပ်ပေါက်လမ်းကို ရှာဖွေလာကြလိမ့်မယ်။

 

ကိုင်း  အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး။ အဖက်ဖက်က ပြိုဆင်းဆုံးရှုံးလာပြီဆိုတော့ မင်းဘာလုပ်မလဲ။ ကမေ႓ာဒီးယားမှာ ခိုလှုံဖို့ ပြင်ဆင်နေကြတယ်ဆိုတဲ့ ကောလဟလတွေကလည်း ကျယ်ပြန့်လို့ပါလား။ ဘာပဲဖြစ်ဖြစ် မင်းရဲ့အာဏာသိမ်းမှုဟာ မအောင်မြင်တဲ့အပြင် မရှည်ကြာတဲ့ကာလမှာ ကျရှုံး နိဂုံးသတ်တော့မှာ အသေအချာပဲကွ။

 

ဒါပေမဲ့ မင်းအနေနဲ့ ICJမှာ အမှုတွဲရှိနေတယ်ဆိုတာ မမေ့နဲ့ဦး။ ပြောရရင်တော့ မင်းမှာ ပြေးစရာမြေလည်း မရှိတော့တာ သေချာရဲ့။

 

မင်းလို ရက်စက်ယုတ်မာတဲ့ အာဏာရှင်တွေဟာ ကိုယ့်အလှည့်ကျ အင်မတန်သတ္တိကြောင်၊ ကြောက်ရွံတတ်ကြတယ်ကွ။ ဒီတော့ မင်းအနေနဲ့ ကြိုးစင်တော့ တက်ရောက်ဝံ့လိမ့်မယ် မထင်ပါဘူး။ ထွက်ပြေးဖို့ ရာနှုန်းပြည့်လောက်ပါပဲ။ ဒါပေမဲ့ မင်းအနေနဲ့ ICJမှာ အမှုတွဲရှိနေတယ်ဆိုတာ မမေ့နဲ့ဦး။ ပြောရရင်တော့ မင်းမှာ ပြေးစရာမြေလည်း မရှိတော့တာ သေချာရဲ့။

 

နွေဦးတော်လှန်ရေး မုချ အောင်တော့မည်။ 

 

˜˜˜˜

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။