Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လမ်းထပ်ဖျက်ဖို့ လာတဲ့ အကြမ်းဖက် စစ်တပ်ကို TNLA တိုက်ခိုက်

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်း လမ်းထပ်ဖျက်ဖို့ ရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်ခဲ့ကြောင်း သိရ ပါတယ်။


ဩဂုတ် ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲလောက်က လမ်းထပ်ဖျက်ဖို့အတွက် မူဆယ် ၁၀၅ မိုင်ကနေ ဘူဒိုဇာတစ်စီးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို နမ့်တောင်းရွာနဲ့ ဖာဖိန့်ရွာကြားမှာ TNLA ကတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။


“TNLA က မိုင်းဆွဲတာလို့ ပြောကြတယ်။ ခွေးတွေ လေး၊ ငါးကောင်လောက်လည်း သေတယ်လို့ ဒေသခံတွေဆီက သိရတယ်။ မိုင်းထိပြီး တိုက်ပွဲဖြစ်သေးတယ်။ ခွေးတွေ သေတာ မိုင်းထိလို့လား၊ အပစ်ခံရလို့လားတော့မသိဘူး”လို့ မူဆယ်ပရဟိတ လူငယ်တစ်ဦးက ပြောပါတယ်။


သြဂုတ်လ ၁၅ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်နဲ့ သူတို့လက်အောက်ခံ ပြည်သူ့စစ်တွေက ပြည်သူတွေအသုံးပြုနေတဲ့ နမ့်တောင်းနဲ့ပန်ကြုံကြား အဓိကလမ်းမကြီးကို မြေကော်စက်နဲ့ ဖျက်ဆီးခဲ့ပါတယ်။  သြဂုတ်လ ၂၃ ရက်နေ့မှာ TNLA ကပြန်လည်မြေဖို့ပြုပြင်ခဲ့ရာ ဩဂုတ် ၂၇ ရက်က လမ်းထပ်ဖျက်ဖို့ စစ်တပ် ရောက်လာတာပါ။


သြဂုတ် ၂၆ ရက်၊ ညနေ၄နာရီမိနစ်၅၀လောက်ကလည်း  ကွတ်ခိုင်မြို့ကနေ သိန္နီသို့ စစ်ကား၂၄စီးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ TNLA တပ်မဟာ(၅)၊ တပ်ရင်း(၃၃၅)တို့ မန့်ပိန်းအနီးမှာ  တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ ဩဂုတ်လအတွင်း TNLA နဲ့ စစ်တပ်ကြား  တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA ကထုတ်ပြန်ပါတယ်။


~~~~~~~~~~

ကိုလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။