Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကုလလုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီကို ပြင်းထန်တဲ့ ဆုံးဖြတ်ချက်သစ် ချမှတ်ဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ “လုံခြုံရေး ကောင်စီအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြင်းထန်ထိရောက်တဲ့ ဆုံးဖြတ်ချက်သစ်တွေ ချမှတ်ပေးဖို့ “တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 


ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉/၂၀၂၂  ကို အာဏာသိမ်း စစ်ကောင်စီက လိုက်နာဆောင်ရွက်ခြင်း မရှိသလို  ပြည်သူလူထုကို အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။


~~~~~~~~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။