Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ငွေဖောင်းပွမှုကို အကြမ်းဖက်လျှော့ချမယ့် မင်းအောင်လှိုင်ရဲ့ နောက်ဆုံးအကြံ (OPINION)

ကိန်းဂဏန်းတွေကို ပြန်လှန်လှောကြည့်ရင်း အခေါက်ရွှေတစ်ကျပ်သား ၁၃ သိန်း ဆိုပြီးပြန်တွေ့တော့ ထခုန်မိမတတ် အလန့်တကြားဖြစ်မိတယ်။ ကိုယ့်မျက်လုံးပဲ မှားနေတာလားလို့ စာကြည့်မျက်မှန်ကိုကောက် တပ်ကြည့်မိ၊ ကိုယ့်မျက်လုံး မမှားဘူးဆိုတာ သေချာပြီဆိုတော့ ကိုယ်ဖတ်နေတဲ့အချက်အလက်ကပဲ မှားယွင်းနေတာလားလို့ နောက်ထပ်ရင်းမြစ်တစ်ခုကို ရှာကာ တိုက်ဆိုင်စစ်ဆေးကြည့်ရ။ အမှန်တကယ်ကို ၁၃ သိန်း။

 

ဒီနေ့ (ဩဂုတ်၂၂ရက်) အခေါက်ရွှေပေါက်ဈေး ၃၇ သိန်းကျော်နဲ့ ချိန်ထိုးကြည့်လိုက်တဲ့အခါကျတော့ ရွှေတစ်ကျပ်သား ၁၃ သိန်းဆိုတာ တော်တော့်ကိုကြာပြီဖြစ်တဲ့ လွန်လေပြီးသောကာလက ပေါက်ဈေးလို့ထင်ချင်စရာ။ ဒါပေမယ့် ၁၃ သိန်းပေါက်ဈေးက မင်းအောင်လှိုင်ရဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှုမတိုင်ခင် NLD အစိုးရလက်ထက်က ပေါက်ဈေးသာ ဖြစ်ပါတယ်။

 

 မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းနေမှုက အတားအဆီးအခုအခံမရှိ မင်းအောင်လှိုင်စိတ် လွတ်ရာနောက် လွတ်လွတ်ကျွတ်ကျွတ်ကြီးကို ငရဲထဲအရောက်ထိုးဆင်းနေတဲ့ သဘော။

 

၁၃ သိန်းနဲ့ ၃၇ သိန်း။ ၂ နှစ်ခွဲကျော်သာရှိသေးတဲ့ကာလမှာ ကိန်းဂဏန်းကွာခြားချက်က ၃ ဆနီးပါး။ ကျနော်တို့ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုအခြေအနေကို အလွယ်တကူ တိုင်းတာကြတာက ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းနဲ့ ရွှေဈေးဆိုတော့ မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းနေမှုက အတားအဆီးအခုအခံမရှိ မင်းအောင်လှိုင်စိတ် လွတ်ရာနောက် လွတ်လွတ်ကျွတ်ကျွတ်ကြီးကို ငရဲထဲအရောက်ထိုးဆင်းနေတဲ့သဘော။

 

ဇွန်လ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုက စစ်အုပ်စုလက်အောက်ခံ နိုင်ငံပိုင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့ကြောင်းကြေညာ။ အဲဒီကြေညာချက်ထွက်တဲ့အချိန်မှာ ဒေါ်လာနဲ့ရွှေဈေးက နည်းနည်းပါးပါး ခုန်ပေါက်ရုံဆိုပေမဲ့ အချိန်မရွေးအမြင့်ဆုံးရောက်အောင် ခုန်ဖို့ အဆင်သင့်ဖြစ်နေတဲ့အနေအထား။

 

အဲဒါကိုပဲ တိရစ္ဆာန်တစ်ကောင်ရဲ့ တစ်နှစ်ပြည့်ကို အထိမ်းအမှတ်ပြုတယ်ဆိုပြီး ယတြာလား၊ အသပြာခမ်းနေလို့ပဲ ငွေစက္ကူအသစ်ရိုက်ထုတ်တာလား မပြောတတ်။ တကယ့်ကို အချိန်ကောင်းမှာမှ ၂ သောင်းတန်အသစ် ထုတ်တော့မယ်လို့ ကြေညာခဲ့တယ်။ သိပ်ကိုပျော်နေတဲ့ မြီးကောက်ပေါက်မလေးတစ်ယောက်ရဲ့ခုန်ပေါက် ပြေးလွှားပုံမျိုးနဲ့ ဇူလိုင် ၂၄ ရက်နေ့ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာပေါက်ဈေးက ကျပ် ၃၃၇၀ သို့ ရောက်သွား တော့တယ်။ ဇူလိုင် ၂၄ ရက်မတိုင်မီ ဒေါ်လာဈေးက ၂၉၀၀ ဝန်းကျင်ဆိုတော့ ခုန်တက်လိုက်တာမှ ကျပ် ၄၇၀။ အခုဩဂုတ် ၂၂ ရက်နေ့ တစ်ဒေါ်လာပေါက်ဈေးက ကျပ် ၃၇၀၀ နဲ့ နှိုင်းဆလိုက်ရင် ရက် ၃၀ ဝန်းကျင်အတွင်း ခုန်တက်သွားတဲ့ အခုန်ကကြောက်မက်ဖွယ် ကျပ် ၈၀၀။

 

မင်းအောင်လှိုင်ကိုယ်တိုင်က မော်စကိုမှာလုပ်တဲ့ အစည်းအဝေးတစ်ခုကို အွန်လိုင်းကနေ တက်ရောက်စဉ် မရှက်တမ်း ဝန်ခံလိုက်ရတယ်။ ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုလာတယ်တဲ့။ ပြည်သူအပေါ် ဗုံးမိုးရွာချတဲ့အထိ ရက်စက်ရမ်း ကားလွန်းလှတဲ့ အာဏာသိမ်းစစ်အုပ်စုအပေါ် ဒေါ်လာကိုလက်နက်လိုသုံးတာဟာ ကျင့်ဝတ်နဲ့မညီဘူးလို့ဆို လိုချင်တာလား။ 

 

အရင့်အရင် ကာလတွေတုန်းကတော့ ဒေါ်လာဈေးနည်းနည်းခုန်လာပြီဆိုရင် ဗဟိုဘဏ်ကနေ ဈေးကွက်ထဲ ဒေါ်လာထုတ်ရောင်းခြင်းနည်းနဲ့ ဆက်ခုန်မတက်အောင် ယာယီကုစားကာ နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုဆိုတာကို မင်းအောင်လှိုင် ထီမထင်ချင်ယောင်ဆောင်ခဲ့ပေမဲ့ အခုအခါမှာတော့ တစ်လလုံးလုံး (ဇူလိုင် ၂၄-ဩဂုတ်၂၂) ထိန်းမနိုင်သိမ်းမရ ကျပ်ငွေ ထိုးကျနေပေမဲ့ စစ်အုပ်စုလက်အောက်ခံဗဟိုဘဏ်တုပ်တုပ်မျှ မလှုပ်။ မင်းအောင်လှိုင်ကိုယ်တိုင်က မော်စကိုမှာလုပ်တဲ့ အစည်းအဝေးတစ်ခုကို အွန်လိုင်းကနေ တက်ရောက်စဉ် မရှက်တမ်းဝန်ခံလိုက်ရတယ်။ ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုလာတယ်တဲ့။ ပြည်သူအပေါ် ဗုံးမိုးရွာ ချတဲ့အထိ ရက်စက်ရမ်း ကားလွန်းလှတဲ့ အာဏာသိမ်းစစ်အုပ်စုအပေါ် ဒေါ်လာကိုလက်နက်လိုသုံးတာဟာ ကျင့်ဝတ်နဲ့မညီဘူးလို့ဆို လိုချင်တာလား။ သူခန့်ထားတဲ့ စစ်ဗိုလ်ချုပ်လက်တစ်ဆုပ်စာသာလူရာသွင်းတဲ့ မင်းအောင်လှိုင်က လက်နက် လိုသုံးနေတဲ့ ဒေါ်လာနေရာမှာ တခြားငွေကြေးတစ်ခု အစားထိုးဖို့ မော်စကိုအစည်းအဝေးကနေ နိုင်ငံတကာအသိုင်းအဝိုင်းကို လှုံ့ဆော်တဲ့သဘောလား။ အခု မင်းဘာတတ်နိုင်သေးသလဲ၊ မင်းအောင်လှိုင် မင်းဘယ်လိုရှေ့ဆက် မလဲလို့ မေးခွန်းထုတ်ရမယ့်အချိန်က ရောက်ရှိလာတာသေချာပါပြီ။

 

မင်းအောင်လှိုင်လုပ်နိုင်တာက နိုင်ငံတကာပိတ်ဆို့မှုအရ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပြည်ပမှာ ပိတ်မိနေတော့  မင်းအောင်လှိုင်ထုံးစံအတိုင်း MOGE က အကြီးတန်းအရာရှိတချို့ကို ဖမ်းဆီးစစ်ဆေးဒုက္ခပေးတော့တယ်။ အခုလည်း ဒေါ်လာပေါက်ဈေး ပျံလန်နေအောင် တက်တဲ့အချိန် ဈေးကွက်ထဲ ထုတ်ရောင်းစရာ ဒေါ်လာမရှိတော့ ဒေါ်လာပွဲစားတွေကို လျှောက်ဖမ်းပြန်တယ်။

 

စစ်အုပ်စုက ဘာဆိုဘာမှဝန်မခံ။ ဒေါ်လာဝင်လမ်း ပို့ကုန်တွေ တဖြည်းဖြည်းခမ်းလာနေတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေပြန်ဆုတ်လို့ ငုတ်တုတ်မေ့နေတာ....

 

ဩဂုတ် ၁၉ ရက်တွင်စစ်အုပ်စုက လုပ်ငန်းရှင်တွေကို နေပြည်တော်မှာ အစည်းအဝေးခေါ်တယ်။ အစည်းအဝေးလို့ဆိုပေမဲ့ ဗဟိုဘဏ်ဥက္ကဌ၊ အထူးစုံစမ်းစစ်ဆေးရေးဌာနညွှန်ချုပ်၊ ကုန်စည်စီးဆင်းမှု ကော်မတီ ဗိုလ်ချုပ်နဲ့ စီးပွားကူးသန်းအတွင်းဝန်တို့က လုပ်ငန်းရှင်တွေရဲ့လည်မျိုပေါ် ဓားတင်ကာ ခြိမ်းခြောက်တဲ့ပွဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ ပြန်မအပ်တဲ့ ပို့ကုန်ရငွေ ဒေါ်လာ ၂ ဘီလျံလောက်ရှိပြီး ပြန်မအပ်ရင် ဖမ်းမယ်လို့ မင်းအောင်လှိုင်လက်ပါးစေက ဆိုတယ်။ ပြီးတော့ ဒေါ်လာဈေးကိုကစားပြီး ဈေးဆွဲတင်နေသူတွေကိုလည်း ဖမ်းမယ်။ ဒေါ်လာနဲ့ရွှေကို ထိန်းချုပ်တဲ့ အဖွဲ့ဖွဲ့မယ်။ ‌ဒေါ်လာဈေးတက်နေတာ မစိုးရိမ်ကြနဲ့၊ အချိန်တန်ရင် ပြန်ကျမယ်။ ဘာလို့လဲဆိုတော့ တက်စရာအကြောင်းမရှိဘဲ ဈေးတက်နေတာကြောင့်ပဲလို့ ဆိုလိုက်သေးတယ်။

 

စစ်အုပ်စုက ဘာဆိုဘာမှဝန်မခံ။ ဒေါ်လာဝင်လမ်း ပို့ကုန်တွေ တဖြည်းဖြည်းခမ်းလာနေတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေပြန်ဆုတ်လို့ ငုတ်တုတ်မေ့နေတာ၊ ဘဏ် ၂ ဘဏ်ကို အမေရိကန်ပိတ်ဆို့မှု၊ ဥရောပသမဂ္ဂရဲ့ MOGE ကို ပိတ်ဆို့မှုအရ ပြည်ပမှာ ပိတ်မိနေတဲ့ သန်း ၅၀၀ သော ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်ဘဏ်မှာ ကန်ဒေါ်လာ ၁ သန်းကျော် ပိတ်မိနေခြင်း၊ စင်ကာပူ UOB (United Overseas Bank) ဘဏ်က မြန်မာနဲ့ သက်ဆိုင်တဲ့ ငွေကြေးအလွှဲအပြောင်း ကန့်သတ်မှုနဲ့  ၂ သောင်းတန် ကျပ်မပြည့်မှု။ အဲဒီအချက်အလက်တွေအားလုံးကို တစ်ခု တည်းချုပ်သော် မအောင်မြင်တဲ့အာဏာသိမ်းမှု ဇာတ်လမ်းတွဲ။

 

ပြီးတော့ ပြည်သူတွေ ဒေါ်လာကိုင်ခွင့်မရှိဘူးလို့လည်း စာထုတ်လာပြန်တယ်။ တရားဝင်နည်းလမ်းနဲ့ ရရှိထားတဲ့ အမေရိကန်ဒေါ်လာ တစ်သောင်း၊ ဒါမှမဟုတ် အဲဒီပမာဏနဲ့ ညီမျှတဲ့နိုင်ငံခြားငွေတွေကို ၆ လသာ ကိုင်ဆောင်ခွင့်ရှိပြီး ၆လကျော်တာနဲ့ သတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချရမယ်လို့ဆိုတယ်။ ခွင့်ပြုချက်၊ လိုင်စင် မရှိဘဲ နိုင်ငံခြားငွေကိုင်ရင် ထောင် ၃ နှစ် ဖြစ်စေ၊ ဒဏ်ငွေ ဖြစ်စေ၊ ဒဏ် ၂ ရက်စလုံးဖြစ်စေ ချမှတ်မယ်လို့လည်း စစ်အုပ်စုက ပြည်သူကို အဲဒီလို ခြိမ်းခြောက်တယ်။

 

စစ်အုပ်စုဟာ ငွေကြေးဖောင်းပွမှုပြဿနာကို သူတို့ဉာဏ်မီသလောက် ကိုင်တွယ်ဖြေရှင်းခဲ့ရာမှာ မကိုင်တွယ်နိုင်တော့တာ သေချာသွားပြီမို့ သူတို့အကျွမ်းကျင်ဆုံးနဲ့ နောက်ဆုံးနည်းဖြစ်တဲ့ ခြိမ်းခြောက် ဖမ်းဆီးခြင်းနဲ့ ဈေးကွက်ကို အကြမ်းဖက်လည်လှီးခြင်း ခပ်ပြင်းပြင်းစတင်ပြီဖြစ်ပါတယ်။

 

ပြောရရင်လုပ်ငန်းရှင်တွေအပါအဝင် များစွာသော ပြည်သူတွေက ငရဲထိရောက်အောင်ထိုးဆင်းနေတဲ့ ကျပ်ငွေတန်ဖိုးကျခြင်း ဒဏ်ကို ခုခံဖို့အတွက် ဒေါ်လာ၊ ရွှေနဲ့ပစ္စည်းတွေ လက်ဝယ်ကိုင်ထားတာသိတဲ့ စစ်အုပ်စုက ပြည်သူပိုင်ဒေါ်လာနဲ့ ပြည်သူသတ်လက်နက်ဝယ်ဖို့ ပြည်သူကို ခြိမ်းခြောက်လည်မျိုညှစ်ခြင်းဖြစ်ပါတယ်။ မကြာခင်မှာ ကုမ္ပဏီတွေထဲ ရှောင်တခင်ဒေါ်လာဝင်ရှာဖမ်းဆီးတဲ့အထိ ဒေါ်လာစစ်ဆင်ရေး ဆင်နွှဲလာနိုင်ပါတယ်။

 

ပြောရရင် စစ်အုပ်စုဟာ ငွေကြေးဖောင်းပွမှုပြဿနာကို သူတို့ဉာဏ်မီသလောက် ကိုင်တွယ်ဖြေရှင်းခဲ့ရာမှာ မကိုင်တွယ်နိုင်တော့တာ သေချာသွားပြီမို့ သူတို့အကျွမ်းကျင်ဆုံးနဲ့ နောက်ဆုံးနည်းဖြစ်တဲ့ ခြိမ်းခြောက် ဖမ်းဆီးခြင်းနဲ့ ဈေးကွက်ကို အကြမ်းဖက်လည်လှီးခြင်း ခပ်ပြင်းပြင်းစတင်ပြီဖြစ်ပါတယ်။ အဲဒီလိုဈေးကွက်ကို နည်းလမ်းစုံ ခြိမ်းခြောက်နေချိန် ဩဂုတ်လ ၂၃ ရက်မှာပဲ အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၇၀၀ ကနေ ၃၈၃၀ ကျပ်သို့ ထပ်ခုန်တက်လာသလို အခေါက်ရွှေ တစ်ကျပ်သား ၃၇ သိန်းကျော်ကနေ ၃၈၉၀၀၀၀ သို့ ရောက်လာပြီဆိုတော့ မင်းအောင်လှိုင်နဲ့ ဈေးကွက် ဓားဘယ်သူပိုထက်သလဲ စောင့်ကြည့်ရပါ တော့မယ်။
~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။