အကြမ်းဖက် စစ်အုပ်စုကို လေယာဉ်ဆီနဲ့ ငွေကြေးဖြတ်တောက်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီမှာ တောင်းဆိုလိုက်ပါတယ်။
ဩဂုတ် ၂၃ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် အဲဒီလို ထည့်သွင်းတောင်းဆို ခဲ့ကြောင်း VOA ကဖော်ပြပါတယ်။
"မြန်မာပြည်ကလူတွေရဲ့ အသက်တွေကိုကယ်တင်ဖို့ ဘာအတွက် အချိန်တွေ ထပ်စောင့်နေဦးမလဲ" လို့ သံအမတ်ကြီးက မေးခွန်းထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေတာဟာ ပြည်တွင်းစစ်ဖြစ်နေတာမဟုတ်ဘဲ တော်လှန်ရေးတစ်ရပ် ဆင် နွှဲနေတာလို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အချိန်မကျန်တော့ဘူးလို့လည်း သံအမတ်ကြီးက ဆိုပါတယ်။
တံခါးပိတ် အစည်းအဝေးမှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်-၂၆၆၉ ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ လုံခြုံရေးကောင်စီက ထပ်မံတောင်းဆိုတာနဲ့ ဒီမိုကရေစီ လိုလားတဲ့ မြန်မာလူထုကို ထောက်ခံကြောင်း ပြသတာပေါ် မြန်မာသံအမတ်ကြီးက ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။