Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဒရုန်းအစင်း ၄၀၀ ကျော် မြန်မာတစ်ဝန်းက PDF တပ်ရင်းတွေဆီ NUG ပေးပို့ထား

ဒရုန်းအစင်း ၄၀၀ ကျော်ကို တိုင်းနဲ့ပြည်နယ်အသီးသီးရှိ PDF တပ်ရင်းတွေဆီ ဖြန့်ကျက် ပို့ဆောင်ထားပြီးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မနက် သတင်း ထုတ်ပြန်ပါတယ်။


အဲဒီဒရုန်း ၄၀၀ ကျော်ဟာ မြန်မာနိုင်ငံတစ်ဝန်းက ရှေ့တန်းစစ်မြေပြင်တွေမှာ ထောက်လှမ်း ရေး၊ တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချိရေးတာဝန်တွေကို ရဲရဲဝံ့ဝံ့ထမ်းဆောင်နေပြီလို့ ဆိုပါတယ်။

 

ဒရုန်းအစင်း ၄၀၀ ကျော် မြန်မာတစ်ဝန်းက PDF တပ်ရင်းတွေဆီ NUG ပေးပို့ထား

NUG ကာကွယ်ရေးဝန်ကြီးဌာနက ပေးအပ်တဲ့ ဒရုန်းတွေဟာ တိုက်ခိုက်ရေးစွမ်းရည် ပိုအားကောင်း တဲ့ဒရုန်းတွေဖြစ်ကြောင်း မြင်းခြံခရိုင်ပကဖ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။


“ကျနော်တို့ခရိုင်အတွင်းလည်း NUG ပေးတဲ့ ဒရုန်းတွေ ရပါတယ်။ အရင်က တချို့နေရာ တွေမှာ သုံးခဲ့ တဲ့ ဗီဒီယိုရိုက်ကူးရေးဒရုန်းတွေထက် အခုဒရုန်းတွေက ၁၀ ဆ တိုက်ခိုက်ရေး စွမ်းရည် ပိုအားကောင်းပါတယ်။ ရန်သူကိုကောင်းကောင်း ချေမှုန်းနိုင်တဲ့ ဒရုန်းတွေပါ”လို့ သူက ပြောပါတယ်။

 

ဒရုန်းအစင်း ၄၀၀ ကျော် မြန်မာတစ်ဝန်းက PDF တပ်ရင်းတွေဆီ NUG ပေးပို့ထား

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုကြီးရဲ့ တော်လှန်ရေးရန်ပုံငွေတွေကို စုစည်းကာ ဒရုန်း ၄၀၀ ဖြန့်ကျက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း NUG က ထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဒရုန်း လက်ရုံးတပ်သားတွေနဲ့ ရန်သူ့တပ်ကို စိတ်ဓာတ်ရေးရာအရ ခြိမ်းခြောက် တိုက်ပွဲ ဝင်နေတဲ့ PDF ဒရုန်းတွေကို ပြည်သူလူထုကြီးသိရှိစေဖို့  တင်ပြလိုက်တာလို့လည်း ဆိုပါတယ်။


~~~~~~~~~~~

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။