Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မ.အ.လ ထိုက်တန်တဲ့နေရာ

ဘယ်လိုလဲ အယုတ်တမာထိပ်ခေါင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရ။

 

ဒီလက်တစ်ဆုပ်စာလူလေးကိုပဲ ဟိုလူ ဒီရွှေ့၊ ဒီလူ ဟိုရွှေ့နဲ့ နယ်ရုပ်ကလေးတွေအတိုင်း မင်း ကစားချင်သလို ကစားနေတော့တာလား။ ကစားတာခံကြတဲ့ နယ်ရုပ်တွေကလည်း စေသည့်ကျွန်အလား ပါလားကွ။ မင်းလိုကောင်တောင် အရည်အချင်းညံ့ဖျင်းလို မထိန်းချုပ်နိုင်ဘဲ အခြေအနေတွေက ကစဉ့်ကလျားဖြစ်နေတာလေ။ PDFတွေ တော်ချက်လည်း ပါသပေါ့ကွာ။ အေး ညံ့ဖျင်းတဲ့ မင်းလိုကောင်ရဲ့ ခြယ်လှယ်သမျှကို စေသည့်ကျွန်လို ဖြစ်နေကြတဲ့ကောင်တွေရဲ့ အရည်အချင်းက ဘယ်မှာသုံးစားရပါတော့မလဲ။

 

အဟမ်း အဲဒီလိုလူတွေနဲ့ သက်တမ်းခြောက်လ အခါခါတိုးလည်း ဒီလိုပုံနဲ့ မိုးကြီးချုပ်လို့ အိမ်မပြန်နိုင်တဲ့ကိန်း ဆိုက်မှာပါပဲကွာ။ မင်းက စကစ အစည်းအဝေးမှာ PDF, EAO တွေရဲ့ အနှောက်အယှက်တွေကြောင့် ရွေးကောက်ပွဲကျင်းပဖို့ နှောင့်နှေးနေလိမ့်မယ်တဲ့လား။ အော် နောက်ဆုံးတော့ မင်းတို့ရဲ့ထွက်ပေါက်ဟာ ရွေးကောက်ပွဲလို့ နားလည်လိုက်ရပါတယ်။ ဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းတို့ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကို အာဏာငန်းဖမ်းနေတဲ့ ကြံ့ဖွတ်ပါတီတို့၊ ပြည်သူ့ပါတီတို့ကသာ ဆင့်ဟိုဟာကို ခွေးမျှော်နေကြသလို ဖြစ်နေကြတာဟ။

 

တို့များပြည်သူတွေကတော့ မင်းတို့ရဲ့ရွေးကောက်ပွဲကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် အမှတ်မထားကြပေါင်ဗျာ။ ဒါကြောင့်လည်း ပြည်သူတရပ်လုံးက ဘဝတွေပေးဆပ်၊ အသက်တွေပေးဆပ်ပြီး အင်နဲ့အားနဲ့ မလျှော့တမ်း မင်းတို့ကို တော်လှန်နေကြတာ။ တို့ပြည်သူတွေရဲ့ အန္တိမရည်မှန်းချက်ကတော့ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်ချေမှုန်းရေးနဲ့ စစ်မန်တဲ့ ဖက်ဒယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးပဲကွ။ 

 

 အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာနဲ့အညီ အပြစ်မဲ့တဲ့ပြည်သူတွေကို သတ်မယ်၊ မုဒိန်းကျင့်မယ်၊ ရွာတွေကို မီးရှို့မယ်။ နိုင်ငံကောင်းအောင်မလုပ်ဆောင်ဘဲ ငါထိုင်တဲ့ကုလားထိုင် မြဲရင်ပြီးရောဆိုပြီး နိုင်ငံကိုဖျက်ဆီးနေကြတဲ့ အကြမ်းဖက်သမားတွေ။

 

ပြီးတော့ မင်းက ဌာနဆိုင်ရာအစည်းအဝေးမှာ နိုင်ငံရဲ့ တာဝန်ဆောင်နေတဲ့ မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမယ့်တာဝန်ရှိတယ်လို့ ပြောသွားတယ်။ သိပ်မှန်တာပေါ့ကွာ။ ဒါပေမဲ့ မင်းတို့အဖွဲ့အစည်းဟာ အစိုးရတစ်ရပ်မှ မဟုတ်တာပဲ။ အာဏာသိမ်းထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းလေ။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာနဲ့အညီ အပြစ်မဲ့တဲ့ပြည်သူတွေကို သတ်မယ်၊ မုဒိန်းကျင့်မယ်၊ ရွာတွေကို မီးရှို့မယ်။ နိုင်ငံကောင်းအောင်မလုပ်ဆောင်ဘဲ ငါထိုင်တဲ့ကုလားထိုင် မြဲရင်ပြီးရောဆိုပြီး နိုင်ငံကိုဖျက်ဆီးနေကြတဲ့ အကြမ်းဖက်သမားတွေ။ ဒါကြောင့်လည်း တို့ပြည်သူတွေက နိုင်ငံကိုဖျက်ဆီးနေတဲ့ မင်းတို့အကြမ်းဖက်သမားတွေကို တော်လှန်နေကြတာ။

 

ဒါ့ပြင် မင်းက တိုင်းဒေသကြီးအစည်းအဝေးမှာလည်း စီးပွားရေးတိုးတက်အောင်၊ စားနပ်ရိက္ခာပြည့်စုံအောင် လူသားအရင်းအမြစ်တွေ ပေါကြွယ်အောင်ဆိုပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးအောင် အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေ တိုးတက်အောင် လုပ်ကြရမယ်လို့ မဲပြာပုဆိုးစကားတွေ ပြောသွားသေးတယ်။ ပြီးတော့ လျှပ်စစ်မလုံလောက်တာ မြစ်ဆုံစီမံကိန်း အကောင်အထည်မဖော်နိုင်လို့ဆိုပြီး မောင်သိန်းစိန်ကို အပြစ်စကားဆိုသွားသေး။ တကယ်တော့ မင်းရဲ့စကားတွေဟာ ပါးစပ်ရှိလို့သာ ပြောသွားတာပါကွာ။ မင်းရဲ့ရင်တွင်းဆန္ဒကတော့ မင်း သမ္မတဖြစ်ရေး မဟုတ်ပါလား။

 

ဒီမှာ အယုတ်တမာထိပ်ခေါင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းအနေနဲ့ မင်းထက်ညံ့ဖျင်းကြတဲ့သူတွေကိုသာ မင်းအကြိုက်မြှောက်ပင့်နေကြတဲ့ သူတွေကိုသာ တွေ့ကရာတွေ၊ ရောက်တတ်ရာရာတွေ ပြောလို့ရမှာပေါ့ကွာ။ တို့ပြည်သူတွေကတော့ ပင်လယ်ထဲ ရေတွေပြည့်လို့ဆိုပြီး မင်းပြောရင်တောင် ပြေးကြည့်ပြီးမှ ယုံကြတော့မှာရယ်။ တို့ပြည်သူတွေက နိုင်ငံကောင်းစားရေး၊ မင်းက မင်းမိသားစုကောင်းစားရေး မူတည်လုပ်နေကြတာလ။ ဒီတော့ တို့ပြည်သူနဲ့ မင်းဟာ လားရာမတူ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြပါပြီဗျာ။ တို့ပြည်သူတွေက ဖက်ဒရယ်ပြည်ထောင်စုကြီးကို မျှော်မှန်းလျှောက်လှမ်းလို့၊ မင်းကတော့ မင်းသေတွင်း ကြိုးစင်ဆီကိုသာ ဦးတည်လျှောက်လှမ်းလို့ ဆိုတာလိုပေါ့လေ။ 

 

မင်းတို့ဦးနှောက်က ဖြုတ်ဦးနှောက်တွေပါကွာလို့ပြောရင် နာလိုခံခက်ဖြစ်ကြဦးမယ်။ လက်တွေ့မှာတော့ အောက်လက်ငယ်သားတွေကို အစုလိုက်အပြုံလိုက် သေတွင်းပို့လိုက်သလို ဖြစ်နေတယ်မဟုတ်လား။

 

တို့ မျှော်မှန်းလျှောက်လှမ်းတဲ့ခရီး မဝေးတော့သလို မင်းဦးတည်လျှောက်လှမ်းတဲ့ခရီးဟာလည်း နီးကပ်လာပြီမှတ်ပါ။

 

ခုဆို မင်းတို့က KIA ရဲ့ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ဖို့ ကြိုးစားတယ်။ မကြံကောင်း မစည်ရာပါကွာ။ မင်းတို့အမြင်ကတော့ အကိုင်းအခက်တွေကို ရှင်းလင်းနေတာ အလုပ်ရှုပ်တယ်။ တစ်ခါတည်း ပင်စည်ကို အမြစ်ပါမကျန်အောင် ဖြိုလှဲပစ်လိုက်မယ်ဆိုတဲ့သဘော။ မင်းတို့ဦးနှောက်က ဖြုတ်ဦးနှောက်တွေပါကွာလို့ပြောရင် နာလိုခံခက်ဖြစ်ကြဦးမယ်။ လက်တွေ့မှာတော့ အောက်လက်ငယ်သားတွေကို အစုလိုက် အပြုံလိုက် သေတွင်းပို့လိုက်သလို ဖြစ်နေတယ် မဟုတ်လား။ ဒါ့ပြင် ဖားကန့်နယ်က ကသိုဏ်းတောင် အခြေစိုက်စခန်းနဲ့ အခြားစခန်းနှစ်ခု လက်ဆောင်ပေးလိုက်ရသေး။

 

ကရင်နီပြည်နယ်မှာလည်း အင်အားတစ်သောင်းလောက်နဲ့ ထိုးစစ်ဆင်ဖို့ ချီတက်သွားပြီလို့ လေသံသာပစ်လိုက်နိုင်တယ်။ လက်တွေ့မှာတော့ လက်နက်ခဲယမ်းတွေ အလှူကြီးပေးလိုက်တာ ဝေသန္တရာလက်သစ်လားဟလို့တောင် မှတ်ထင်ရတယ်။ ကရင်နီပြည်နယ်မှာလည်း အရေးကြီးတဲ့စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရတယ်။ ၂ နှစ်ကျော်ကာလအတွင်း စစ်တိုင်းမှူးသုံးကောင် လဲလှယ်ရတာ သက်သေပဲလေ။

 

မင်းတို့ကျွမ်းကျင်ပါတယ်ဆိုတဲ့ စစ်ရေးမှာတောင် အခြေမလှဖြစ်နေပြီပဲ။ မင်းတို့မကျွမ်းကျင်တဲ့ စီးပွားရေးမှာ အိုးနင်းခွက်နင်း ကဘောက်တိကဘောက်ချာဖြစ်နေတာ အံ့သြဖွယ်ရာတော့ မဟုတ်ပေဘူး။

 

ချင်းပြည်နယ်မှာလည်း ခုဆို ပြေးဆင်းလာရပြီ။ သေရဲတဲ့ကောင် ဘယ်သူ တက်ရဲတော့လို့လဲ။ စစ်ကိုင်း၊ ပဲခူး၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့မှာလည်း ထိုးစစ်မပြောနဲ့ ခံစစ်ပြင်ဆင်ထားတာတောင် မလုံမခြုံဖြစ်နေပြီမဟုတ်လား။ ဆိုချင်တာကတော့ကွာ မင်းတို့ကျွမ်းကျင်ပါတယ်ဆိုတဲ့ စစ်ရေးတောင်မှ မရှုမလှဆုံးရှုံးနေရပြီမဟုတ်လား။ ဒါကိုတောင် ရှမ်းတိုးတက်ရေးပါတီ SSPP ဘက် ဦးတည်လိုက်ပြန်သေးတယ်။ ဟော တာထွက်ခါစရှိသေး။ အရှုံးရလဒ်က ပေါ်ထွက်လာပြီ။ ဒါကြောင့်လည်း မြထွန်းဦးနဲ့ တင်အောင်ဆန်း လဲလှယ်လိုက်ဟန်တူပါရဲ့။ ဒါပေမဲ့ နောက်တက်လာတဲ့မောင်ပုလဲ ဒိုင်ဝန်ထက်ကဲဆိုတဲ့ ကိန်းဆိုက်မှာ မြင်ယောင်မိပါသေးရဲ့ကွာ။

 

မင်းတို့ကျွမ်းကျင်ပါတယ်ဆိုတဲ့ စစ်ရေးမှာတောင် အခြေမလှဖြစ်နေပြီပဲ။ မင်းတို့မကျွမ်းကျင်တဲ့ စီးပွားရေးမှာ အိုးနင်းခွက်နင်း ကဘောက်တိကဘောက်ချာဖြစ်နေတာ အံ့သြဖွယ်ရာတော့ မဟုတ်ပေဘူး။ ၂ နှစ်ကျော်ကာလမှာ ၂ သောင်းတန် ငွေစက္ကူထုတ်၊ ၃ နှစ်ပြည့်ရင် ၃ သိန်းတန် ငွေစက္ကူထုတ်ကြပေါ့ကွာ။ ဟုတ်ပြီလား။

 

မင်းတို့ အာဏာသိမ်းကာစတုန်းက စီးပွားရေးပိတ်ဆို့လည်း အကြောင်းမဟုတ်ပါဘူး။ အတွေ့အကြုံရှိပြီးသားပါ၊ မိတ်ဆွေနိုင်ငံအချို့နဲ့လက်တွဲပြီး ရပ်တည်နိုင်ပါတယ်လို့ ဒုအကြမ်းဖက်ခေါင်းဆောင် စိုးဝင်းက ပြောခဲ့တာလေ။ ခုတော့ ရုရှားကလည်း သူ့ဒုက္ခနဲ့သူ ရုန်းကန်နေရပြီမဟုတ်လား။ ဟော တရုတ်ကိုလည်း အကြွေး သန်း ၂၀၀ နီးပါးဆပ်ဖို အလျင်အခါရောက်လာပြီ။ အဲဒီပိုက်ဆံချေးယူတုန်းက ၁ ဒေါ်လာကို မြန်မာငွေကျပ် တစ်ထောင်ပဲရှိတာ။ အခု တစ်ဒေါ်လာကို မြန်မာငွေကျပ် ၃ ထောင်ကျော်ဖြစ်နေတော့ အခက်တွေ့ရော။ မှတ်မိသေးတယ်။ အဲဒီတုန်းက သမဝန်ကြီးဖြစ်တဲ့ကျော်ဆန်းက တစ်ဒေါ်လာကို မြန်မာငွေကျပ် ၂၀၀၀၀ ဖြစ်လည်း အလွယ်တကူဆပ်နိုင်ပါတယ်လို့ ပြောခဲ့တာ။ အခု ဆီပုလင်းခါးချိတ်သွားတောင် တရုတ်က အကြွေးလျှော်ပစ်လိုက်မယ်မထင်။  

            

လေလှိုင်းအစိုးရလို့ ပြောခဲ့တဲ့ NUG က မင်းတို့ စစ်အာဏာရှင်တွေကို လွင့်စင်သွားအောင် တိုက်ခိုက်နေပေါ့။ 

 


ကိုင်း မင်းတို့ ဘယ်သူ့ကို အဖေခေါ်ဖို့ စိတ်ကူးထားကြသလဲ။

 

အမေရိကန်က မင်းတို့ရဲ့ ရင်းနှီးမြုပ်နှံမှုဘဏ်နဲ့ ကုန်သွယ်ရေးဘဏ်ကို ပိတ်ဆို့လိုက်တော့ ဇော်မဲလုံးက တခြားနည်းလမ်းနဲ့သွားနိုင်တယ်လို့ ရှင်းလင်းပြောကြားခဲ့တယ်။ ဟော ခုတော့ မင်းတို့ ငွေရပေါက်ရလမ်းကို ဖန်တီးပေးနေတဲ့ ခရိုနီကြီးတွေ အားကိုးအားထားပြုနေကြတဲ့ စင်္ကာပူနိုင်ငံ UOB ဘဏ်က ဟောင်ကောင်လက်ခွဲ UOB အပါအဝင် ပိတ်ဆို့လိုက်တော့ ကိုင်း ဘယ့်နှယ်လုပ်ကြမယ် ဖြစ်ကုန်ပြီ မဟုတ်ပါလား။ နှာခေါင်း ကျည်ပွေ့ တွေ့ကြပြီလေ။ အဲဒီမှာ မြွေပူရာကင်းမှောက်ဆိုတာလို NUG ရဲ့ နွေဦးစီးပွားရေးဘဏ်က နိုင်ငံတကာကို ခြေစကြာနင်းလို့ သွားနေပြီ။ လေလှိုင်းအစိုးရလို့ ပြောခဲ့တဲ့ NUG က မင်းတို့စစ်အာဏာရှင်တွေကို လွင့်စင်သွားအောင် တိုက်ခိုက်နေပေါ့။

 

ဒါပါပဲ။ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရာ။ လူဆိုတာ ကိုယ်နဲ့ တန်ရာတန်ရာကို မှန်းဆတတ်ရသကွ။ မင်းက စလွယ်ကြီးလွယ်ပြီး ရာဇပလ္လင်ရှေ့ထိုင်တဲ့ သမ္မတရာထူးကို မှန်းဆခဲ့တာ။ မင်းနဲ့ မတန်မရာဖြစ်နေတောလည်း မင်းနဲ့ ထိုက်တန်ရာ ကြိုးကွင်းကြီးစွပ်ပြီး အကြမ်းဖက်ခေါင်းဆောင်အဖြစ် မြန်မာ့သမိုင်းမှာ ကမ္ဗည်းမော်ကွန်း တင်လိုက်ပေတော့။

 

နွေဦးတော်လှန်ရေး မုချ အောင်တော့မယ်။ 
~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။