Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်သားများ သက်တမ်း ဘယ်လို တိုးကြမလဲ (OPINION)

ဩဂုတ်လ ၁ ရက်နေ့တွင် အများ မျှော်လင့်ထားသည့်အတိုင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတဝှန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်သည်။ ထိုသက်တမ်းတိုး အစည်းအဝေးတွင် စစ်ခွေး ဗိုလ်ချုပ် မအလ က အလွန် ရှည်လျားသော မိန့်ခွန်းကို ပြောသွားသည်။

 

ထုံးစံအတိုင်း ကာလုံဆိုသောသူများက စိတ်ပါဝင်စားဟန် မပြသော်လည်း  မျက်နှာသေဖြင့် တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်၍ နားထောင်နေကြသည်။ စိတ်ထဲတွင်တော့ “နောက်တစ်ခါ သက်တမ်းတိုးရင် သူပါ ပါအုံးမလား”၊ “ဒီကြားကာလမှာ အချီကြီးရအောင် ဘာတွေ အပွကြံရ ကောင်းမလဲ”ဟုသာ စဉ်းစားနေကြပုံရသည်။

 

အကြောင်းကတော့ မအလ ဘာပြောမလဲဆိုတာ သိနေကြလို့ပဲ ဖြစ်သည်။ ဒီလိုပွဲမျိုးမှာ ပုံမှန် ပြောလေ့မရှိတာတွေတော့ ထည့်ပြောရသည်။ အကြမ်းဖက်သမားများကြောင့် နိုင်ငံတော်  တည်ငြိမ်အေးချမ်းမှု ထိခိုက်နေရကြောင်း၊ အကြမ်းဖက်သမားများရဲ့ ကျူးလွန်မှုများ ဆိုပြီး  ဘယ်သူမှ တခါမှ မကြားဖူးတဲ့ သတင်းတွေကို တန်းစီ ပြောနေရသည်။

 

အာဏာ မတရား ရလိုမှုတို့ကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ရတယ်ဆိုတာကလည်း မပါမဖြစ် ထည့်ပြောရသေးသည်။ လွယ်တော့ အတော်လွယ်ပါသည်။

 

ယုံတာ မယုံတာ အပထား သူ့တို့ဘာသာ သူတို့ အမည်တပ်ထားတဲ့ ယာယီသမ္မတ ဆိုသူရဲ့ရှေ့မှာ ခြေထောက်ညောင်းအောင် ရပ်ပြီး တင်ပြရသည်။ ၆ လ တစ်ကြိမ်ပဲဆိုတော့ ဒီလောက်တော့ အညောင်းခံရပေမပေါ့။ 

 

မဲမသမာမှုကြောင့်၊ အာဏာ မတရား ရလိုမှုတို့ကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ရတယ်ဆိုတာကလည်း မပါမဖြစ် ထည့်ပြောရသေးသည်။ လွယ်တော့ အတော်လွယ်ပါသည်။ ယာယီသမ္မတ ဆိုသူက မောင်မင်းပြောတာ မှန်‌ကန်ကြောင်း၊ ထို့ကြောင့် ၆ လ သက်တမ်းတိုးခွင့်ပြုသည်ပေါ့။

 

ကိုယ့်ဖဲကိုယ်ဆင် ကိုယ်ဘာသာကိုယ် နှပ်ကြောင်းပေး၊ ကိုယ့်ဖဲကိုယ်ဝေ ဆိုတော့ ဟိုကလည်း  အလိုက်သင့် နှပ်ကြောင်းအတိုင်း ချိုးလိုက်ခြင်းဖြစ်သည်။ ဤသည်က မှန်ကန်သော သက် တမ်းတိုးခြင်း ဖြစ်ပါရဲ့လား။ သည်လိုနှင့် နောက်ထပ် ၆လ တတိုင်းပြည်လုံး ဒုက္ခ ပင်လယ်ဝေရဦးမည်။

 

လက်ရှိအခြေအနေတွင် တိုင်းပြည်အတွက် မဟုတ်ဘဲ စစ်တပ်အတွက် အမှန်တကယ် အရေးပေါ် အခြေအနေ ဖြစ်နေသည်။ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး ဘက်ပေါင်းစုံ မရှူနိုင် မကယ်နိုင် ဖြစ်နေသောအချိန် ဖြစ်သည်။ တကယ်တော့ အရှုံးပေါ်နေပါပြီ။ ဒါကြောင့်ပဲ ဖဲထုပ်ကို နာနာ ကုလားဖန် ထိုးသလို ဝန်ကြီး အပြောင်းအလဲတွေ လူအပြောင်းအလဲတွေ နင်းကန် လုပ်တော့သည်။

 

သူ့ကိုယ်သူ မည်သို့ပင် ဘွဲ့ထူးဂုဏ်ထူးတွေ ပေးထားစေကာမူ၊ အာဏာရူး ဗိုလ်ချုပ်တစ်သိုက်ကို  မည်သို့ပင် ကြောက်ဒူးတုန် ခယနေအောင် လုပ်ထားနိုင်ပါစေ၊ အိမ်နီးချင်း နိုင်ငံများကပင် သူ့ကို အလည်အပတ်တောင် လက်မခံကြ။

 

ဤသည်က အထူးအဆန်းတော့ မဟုတ်ပါ။ နဝတ ဗိုလ်သန်းရွှေတုန်းကလဲ ဒီလိုပဲ လုပ်ခဲ့ကြသည် မဟုတ်ပါလား။ နဝတ မှ နအဖ ဆိုပြီးတောင် လုပ်ခဲ့သေးသည်။ တကယ်တော့ မအလ အာဏာသိမ်းပြီးကတည်းက တတိုင်းပြည်လုံး မအေးချမ်း၊ ဘယ်သူမှလည်း စိတ် မချမ်းသာရသည့် အခြေအနေ ဖြစ်သည်။ မအလသည် ဘရွှေခြေရာ နင်းချင်သော်လည်း ဘရွှေကို မမီသေး၊ ဂုဏ်သိက္ခာရှိသည့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မအလတို့ စစ်အုပ်စုကို ဘယ်သူကမှ ဆေးဖေါ်ကြောဖက် မလုပ်ကြ၊ တူတူတန်တန် နေရာပေး ဆက်ဆံတာ မလုပ်ကြ။ 

 

သူ့ကိုယ်သူ မည်သို့ပင် ဘွဲ့ထူးဂုဏ်ထူးတွေ ပေးထားစေကာမူ၊ အာဏာရူး ဗိုလ်ချုပ်တစ်သိုက်ကို  မည်သို့ပင် ကြောက်ဒူးတုန် ခယနေအောင် လုပ်ထားနိုင်ပါစေ၊ အိမ်နီးချင်း နိုင်ငံများကပင် သူ့ကို အလည်အပတ်တောင် လက်မခံကြ။ သူသွားနိုင်တာ ရုရှား တစ်နိုင်ငံသာရှိပြီး လက်နက်ဝယ်ဖို့ ငွေပြတ်လာပြီဆိုလျင်တော့ ရုရှားကလည်း အဖက်လုပ်မှာ မဟုတ်တော့ပေ။

 

အာဏာသိမ်းစက တစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောခဲ့သည်။ နောက်မကြာပါ နှစ်နှစ် ဖြစ်သွားပြန်သည်။ ခုတော့ သက်တမ်း ၄ ကြိမ်တောင် တိုးခဲ့ပြီ။ သက်တမ်းတစ်ကြိမ် တိုးပြီးတိုင်း အခြေအနေ အရပ်ရပ်က နည်းနည်းပဲ ဖြစ်စေ တိုးတက်ကောင်းမွန်လာသည်ဆိုလျင် သက်တမ်းတိုးခြင်းအပေါ်  အကောင်းမြင် မျှော်လင့်ချက် ထားနိုင်သေးသည်။ အခုတော့ သက်တမ်းတိုးလေ ပိုဆိုးလာလေ ဖြစ်နေသည်။

 

သက်တမ်းတိုးတိုင်း မရှုနိုင် မကယ်နိုင် ဖြစ်ရသည်က ပြည်သူလူထု သာမက သူ့အနားပါတ်လည်က လူတွေပါ ပိုဆိုးလာသည်။ အခြေအနေ မကောင်းတိုင်း နီးရာလူတွေကို အပြစ်ပုံချ၊ ဖြုတ်ထုတ်ဖို့ လုပ်နေပြီဆိုတော့ မည်သူမျှ နောက်ကျော မလုံသည့် အခြေအနေ ဖြစ်လာနေပြီ ဖြစ်သည်။

 

ဒီတလောမှာပဲ မြောက်ပိုင်းမှာ တိုင်းမှူး၊ ကစထမှူး အပါအဝင် စစ်တပ် အရာရှိကြီး အားလုံးနီးပါး အဖမ်းခံလိုက်ရသည်။ နောက်မကြာပါ တနင်္သာရီတိုင်းတွင်လည်း အလားတူ တိုင်းမှူးနဲ့  နယ်လုံဝန်ကြီး အပါအဝင်  ဖြုတ်ထုတ်တာတွေ ရှိလာသည်။ အခြေအနေကလည်း ကောင်းလာစရာကို တစ်စက်ကလေးမှ မရှိတော့…။

 

ပြည်သူလူထု ရွေးချယ်ခံ ခေါင်းဆောင်များကို မတရား ဖမ်းဆီးထောင်ချပြီး စစ်ဗိုလ်ချုပ်တစ်သိုက်၏ အလိုရမက်ကြောင့်သာ ဤအမှုကိစ္စကြီးတွင် သူတို့ အသက်တွေ ပေးနေကြရသည်ကို အောက်ခြေစစ်သားတွေ ကောင်းစွာ သဘောပေါက်လာကြပြီ ဖြစ်သည်။

 

NUG ၏ “၂၀၂၃ စစ်ခွေး စမုံတုန်း” ဆောင်ပုဒ် နှင့်အတူ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်များ၏ ပူးပေါင်းစစ်ဆင်ရေး တိုက်ပွဲများက အရှိန်မြင့်လာသည်။ ရှေ့တန်းရောက် စစ်သားများ၏ စိတ်ဓါတ်က တဟုန်ထိုး ကျဆင်းနေသည်။ ပြည်သူလူထု ရွေးချယ်ခံ ခေါင်းဆောင်များကို မတရား ဖမ်းဆီးထောင်ချပြီး စစ်ဗိုလ်ချုပ်တစ်သိုက်၏ အလိုရမက်ကြောင့်သာ ဤအမှုကိစ္စကြီးတွင် သူတို့ အသက်တွေ ပေးနေကြရသည်ကို အောက်ခြေစစ်သားတွေ ကောင်းစွာ သဘောပေါက်လာကြပြီ ဖြစ်သည်။

 

ပြောရလျှင် အောက်ခြေစစ်သားများ သာမက စစ်တပ် အရာရှိကြီးပိုင်းအထိ ဤအချက်ကို သဘောပေါက် နေကြပြီဟု ကြားသိနေရသည်။ ဤသည်ကို မအလကလည်း သိပါသည်။ ထို့ကြောင့် သူနှင့် အနီးကပ်နေသူများကို စားဖို့ ဝါးဖို့ အခွင့်အလမ်းတွေ ခွဲဝေပေးကာ စည်းရုံးနေရသည်။ သို့သော်လည်း ဗိုလ်တထောင် တပ်ဖွဲ့ကြီးတွင် မစားရသူက အများစုသာ ဖြစ်နေသည်။

 

“ငါတို့ စားဖို့ အလှည့် ဘယ်တော့ ရောက်မလဲ” မျှော်နေကြသူများအတွက် သင်တို့ အလှည့် ရောက်မှာ မဟုတ်တော့ကြောင်း အသိပေးလိုသည်။ သည်အတိုင်းဆိုလျှင် သင်တို့မှာ အနာဂါတ် မရှိတော့။ ပြည်သူနှင့် ပူးပေါင်းမှသာ သင်တို့ အနာဂါတ် ပြန်လည် တောက်ပလာနိုင်မည်ကို သိဖို့လိုသည်။

 

မအလ ကိုယ်တိုင် ဟန်ကိုယ့်ဖို့ လုပ်နေသော်လည်း နောက် ၆ လအထိ ခံပါ့မလား၊ နောက် ၆ လ ရောက်လာလျင်လည်း သက်တမ်းပဲ ဆက်တိုးရမလား၊ ဘာဆက်လုပ် ရမလဲဆိုတာ ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသား တွေးထားတာ မရှိသေး။ ကြိုတွေးထားလို့လည်း မရ။ နောက် ၆ လ ရောက်လာမှ မပြုတ်သေးလျှင် မီးစင်ကြည့်မည်ဟုသာ သဘောထား နေရခြင်း ဖြစ်ရာ သူနောက်က အရာရှိကြီးများအတွက် စဉ်းစားချက် မပါနိုင်ပေ။ အခြေအနေ မဟန်လျှင် အားလုံး ကိုယ်လွတ်ရုန်းကြမည်က အသေအချာပင် ဖြစ်သည်။

 

ပြည်သူဘက် မျက်နှာမူလာသူကို ပြည်သူက ခွင့်လွှတ်နိုင်သည်၊ သက်ညှာနိုင်သည်၊ အနာဂါတ် တိုင်းပြည် တည်ဆောက်ရေးအထိ ပါဝင်ခွင့် ပြန်ရနိုင်သည်။

 

စစ်သား ဆိုသော လူတန်းစားအပေါ်  လူထု၏ အမုန်းတရားက လွန်စွာ ကြီးမားလာနေသည်။ မအလ နောက်လိုက် စစ်သားတို့သည် အရှက်အနည်းဆုံး၊ မူဝါဒ အကင်းမဲ့ဆုံး၊ ကိုယ်ကျိုးအတွက် ဘာမဆို အလုပ်ရဲဆုံး၊ ဂုဏ်သိက္ခာ မရှိဆုံး လူတကာ တံတွေးကွက်တွင် ပက်လက် အမြောဆုံး လူသားများ ဖြစ်လာနေသည်။ ထိုအခြေအနေမှ ရုန်းထွက်ကြရန် လိုသည်။

 

ပြည်သူဘက် မျက်နှာမူလာသူကို ပြည်သူက ခွင့်လွှတ်နိုင်သည်၊ သက်ညှာနိုင်သည်၊ အနာဂါတ် တိုင်းပြည် တည်ဆောက်ရေးအထိ ပါဝင်ခွင့် ပြန်ရနိုင်သည်။ မိမိကိုယ်တိုင်ရော၊ မိသားစု၊ သားမြေးများ အတွက်ပါ မျက်နှာမပျက် အကျိုးထွက်စေမည် ဖြစ်သည်။ မအလ၏ နောက်တစ်ကြိမ် သက်တမ်းတိုးကို ထပ်စောင့်နေလှင် ကိုယ့်အသက်ပေးရဖို့သာ ရှိပါသည်။ ပြည်သူဘက်သို့ မျက်နှာမူလာခြင်းအားဖြင့် မိမိဘဝ မိမိ လွတ်လပ်စွာ သက်တမ်းတိုး နိုင်ကြကြောင်း သိစေရန် ကြေညာမောင်းခတ်လိုက် ရပေသည်။

 

˜˜˜˜

နွေဦးကိုကိုမောင်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။