Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကညွတ်ကွင်းမှာ အကြမ်းဖက် စစ်တပ် ဒရုန်းထိပြီး ၂ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အရှေ့ဘက်မှာ အကြမ်းဖက် စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲခံ ရပြီး ၂ ဦး သေဆုံးကြောင်း White Peacock Drone တပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။


ဩဂုတ် ၂၀ ရက်၊ မနက်ပိုင်းမှာ ကညွတ်ကွင်းမြို့အရှေ့ဘက်၊ ဘုရားလဟာရွာမှာ အထိုင်ချ တပ်စွဲထား တဲ့ စစ်တပ်ကို PDF တွေက ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ ဦးလည်း ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


“ဘုရားလဟာရွာမှာ စစ်တပ်က အထိုင်ချထားပြီး ဂိတ်ပါ ဖွင့်ထားတာ။ အဲကဂိတ်ကိုပစ်တာလို့ သိရတယ်။ ကားတစ်စီးနဲ့ ဒရုန်းထိတဲ့ကောင်တွေကို ဖြူးမြို့ပေါ် ခေါ်သွားတယ် ပြောတယ်။ ဘယ်နှစ်ယောက်ထိသလဲတော့ မသိဘူး”လို့ ကညွတ်ကွင်းမြို့ခံတစ်ဦးက ပြောပါတယ်။


အဲဒီတိုက်ခိုက်မှုကို  White Peacock Drone တပ်ဖွဲ့နဲ့ Golden Brother ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~~

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။