Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရွှေဘိုမှာ အကြမ်းဖက် စစ်တပ်ကို တစ်ရက်တည်း ၃ ကြိမ် တိုက်ခိုက်၊ စစ်သား ၄ ဦး ဘဝကူး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်ကို တစ်ရက်တည်းနဲ့  ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးကြောင်း သိရပါတယ်။


ဩဂုတ် ၁၅ ရက်၊ မွန်းလွဲ ၃ နာရီ ၁၃ မိနစ်မှာ ရွှေဘိုမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ထောက်ပို့ယာဉ် ၁၂ ဘီးကားတစ်စီး၊ မောင်းတက်ရွာအနီးအရောက်  ဒေသတွင်း PDF မဟာမိတ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နာရေးကားနဲ့ တင်ဆောင်သွားကြောင်း BLACK WOLF – ARMY က သတင်းထုတ်ပြန်ပါတယ်။


ဩဂုတ် ၁၅ ရက်၊ မွန်းလွဲ ၃ နာရီ ၁၈ မိနစ်မှာပဲ ရွှေဘိုမြို့ တောင်ဘက်မုခ်ဦးအနီး တပ်စွဲထား တဲ့ စစ်သား ၅၀ လောက်ပါတဲ့ စစ်တပ် မုခ်ဦးအပြင်သို့ ထွက်လာစဉ် PDFမဟာမိတ်တွေက ပစ်ခတ်ခဲ့ရာ ၁ ဦး သေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ဆက်လက်ပြီး ရွှေဘိုမြို့တောင်ဘက်မုခ်ဦးအနီးကနေ ထက်ထွက်လာတဲ့ စစ်သားတွေကို ဩဂုတ် ၁၅ ရက်၊ မွန်းလွဲ ၃ နာရီ ၁၈ မိနစ်မှာ PDF တွေက ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး သေဆုံး၊ ထိခိုက်အခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ BLACK WOLF – ARMY ကဆိုပါတယ်။


အဲဒီတိုက်ခိုက်မှုတွေကို BLACK WOLF - ARMY၊ Who am i - army နဲ့ Forestfighter တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိပါဘူး။


~~~~~~~~~

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။