စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ စစ်သား ၂ ဦး သေဆုံးကြောင်း သိရပါတယ်။
ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ဟာ ဩဂုတ် ၁၆ ရက်က ရွှေဘို-မန္တလေး ကားလမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေဆီက ဆက်ကြေးကောက်နေစဉ် ဒေသတွင်း PDF တွေက ဒရုန်းနဲ့ဗုံး ၆ လုံး ကြဲချခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Red Peacock က ဖော်ပြပါတယ်။
“ကျနော်တို့ဘက်ခြမ်းတွေမှာ အခုလို ကားလမ်းမပေါ်တက်ပြီး ကားတွေကိုတားပြီး ပိုက်ဆံတောင်းတာ စစ်သားတော်တော်များများ လုပ်ကြတာဆိုတော့ အစဉ်အလာလိုဖြစ်နေပြီ။ ကားလမ်းမပေါ်ရောက်တာနဲ့ ညနေအတွက် အရက်ဖိုး ရှာကြတာပေါ့။ လမ်းမပေါ်ရောက် လာတဲ့ စစ်သားတိုင်းကို လုပ်နေတာ။ ပိုက်ဆံတောင်းတာမပေးရင် ပစ်သတ်မှာလေ”လို့ ဝက်လက်မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့- Unicorn Guerilla Force၊ Royal Falcon၊ Phoenix (SGG)၊ Fight For Federal၊ စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇) နဲ့ မြင်းဖြူရှင် တပ်ဖွဲ့- ၂ ဂဠုန်မော်စီတုံးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။