စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ အမှတ်(၂)ရဲစခန်း၊ သာစည်ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၁၄ ရက်၊ ညနေ ၆ နာရီလောက်မှာ မုံရွာမြို့၊ အမှတ်(၂)ရဲစခန်းဝန်းထဲသို့ ဗုံး ၂ လုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တွေက လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးက သတင်းထုတ်ပြန်ပါတယ်။
“အမှတ်(၂)ရဲစခန်းဆိုတာ နန္ဒဝန်ရပ်ကွက်ထဲမှာရှိတာ။ သာစည်ရဲစခန်းဆိုတာကလည်း မုံရွာ မြို့နားမှာပဲ။ ဟိုတလောက မုံရွာထွေအုပ်ရုံးကို PDF တွေ ဗုံးကြဲကတည်းက ပြာယာ ခတ်နေတာ။ ကျနော်တို့သိသလောက် ဒရုန်းနဲ့ ဗုံးကြဲတာက ထိခိုက်မှုက အရမ်းမများပေမဲ့ ခွေးတွေကို ကောင်းကောင်းစိတ်ခြောက်ခြားအောင်လုပ်နိုင်တယ်။ မုံရွာမြို့ပေါ်က ဘယ်နေရာ မှာနေနေ မလုံခြုံတော့ဘူးဆိုတာ ဒရုန်းပစ်ချက်တွေနဲ့ သက်သေပြနေတာ” လို့ မုံရွာမြို့နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
ဩဂုတ် ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲလောက်မှာလည်း မုံရွာအနီးရှိ သာစည်ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဗုံးသီး ၂ လုံး ကြဲချခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေတွေကို စုံစမ်းနေဆဲပဲလို့ သိရပါတယ်။
ဩဂုတ် ၁၃ ရက်၊ ညနေ ၅ နာရီခွဲလောက်ကလည်း မုံရွာမြို့ထွေအုပ်ရုံးနဲ့ ရဲတိုင်းရုံးပေါ်သို့ ဗုံး ၂ လုံးစီ ကြဲချခဲ့သေးကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးက ထုတ်ပြန်ထားပါတယ်။ ဩဂုတ် ၁၄ ရက်နေ့ တိုက်ခိုက်မှုတွေကို ဒေသတွင်း PDF ၁၆ ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
~~~~~~~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။