မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ဝေဟင်စစ်ဆင်ရေး ဆင်နွှဲခဲ့ရာ ၃ ဦး သေဆုံးခဲ့ကြောင်း Earthquake People’s Defence Force က သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်တပ် အခိုင်အမာတပ်စွဲထားတဲ့ သရက်ကွ ပျူစောထီးရွာကို အညာဒေသ မဟာဗျူဟာ ကြီးကြပ်ရေးအဖွဲ (Anyar Region Strategic & Military Command) ရဲ့ စီမံကွပ်ကဲမှုနဲ့ ဩဂုတ် ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲလောက်က ဒရုန်းနဲ့ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာ ရသူတွေလည်းများကြောင်း သိရပါတယ်။
“သရက်ကွ ပျူရွာကို PDF တွေ အကုန်ပိတ်ဆို့ပြီး လက်နက်ကြီးနဲ့ပစ်၊ ဒရုန်းနဲ့ ဗုံးကြဲနေတာ ဆက်တိုက်ပဲ။ ခုထိ အထဲကခွေးတွေ လက်နက်မချဘဲ တောင့်ခံနေတုန်းပဲ”လို့ မြိုင်မြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ဒရုန်း တပ်ဖွဲ့ ဖြစ်တဲ့ Myaing U.A.V Fighter၊ Pakokku Earthquake People’s Defence Force ၊ နယ်မြေခံ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့နဲ့အတူ ဒေသခံတော်လှန်ရေးအင်အားစုတွေ ပူးပေါင်း စစ်ဆင်ခဲ့တာပါ။ တိုက်ခိုက်မှုအပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။