တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်အုပ်စု ထုတ်ကုန် အရက်၊ ဘီယာနဲ့ စီးကရက်တချို့ကို မီးရှို့ဖျက်ဆီးကာ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြုလုပ်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထူပိတ်လှုပ်ရှားမှု မှာ စစ်အုပ်စုထုတ်ကုန်တချို့ကို မီးရှို့ခဲ့ပြီး ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်တပ် ထုတ်ကုန်ပစ္စည်းတွေကို လုံးဝရောင်းချခြင်းနဲ့ ဝယ်ယူသုံးစွဲခြင်းမပြုလုပ်ကြဘဲ သပိတ်မှောက် သွားကြဖို့လည်း လှုံ့ဆော်ခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာသားပါ ဘန်နာကိုင်ဆွဲကာ ချီတက်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ပြည်သူလူထုကို အကြောင်းမျိုးမျိုး ပြ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတာအပြင် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကိုပါ လုယက်ဖျက်ဆီး အကြမ်းဖက်မှုတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်း အကြမ်းဖက်လုပ်ရပ် တွေကို စိတ်တိုင်းကျလုပ်ဆောင်နိုင်နေတာဟာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်တပ်ပိုင် စီးပွားရေး၊ စစ်တပ်ပိုင်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေ တင်ပို့ရောင်းချမှုကနေ ဝင်ငွေအများအပြား ရရှိနေခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဒါ့ကြောင့် စစ်အုပ်စုကို အနိုင်ရဖို့ စစ်တပ်ရဲ့ အခြေခံ စီးပွားရေးအရင်းအမြစ်နဲ့ ထောက်တိုင်တွေကို ဖြိုချဖို့လိုကြောင်း DDMSC ကဆိုပါတယ်။
~~~~~~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။