စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာ အခြေစိုက် စစ်သားတွေနဲ့ ဆားတောင်ရဲစခန်းတို့ကို PDF တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၁၀ ရက်၊ နေ့ခင်းပိုင်းက ညောင်ငုတ်တိုရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီးနောက် ည ၇ နာရီလောက်မှာ ဆားတောင်ရဲစခန်းကို ထပ်မံဗုံးကြဲခဲ့ကြောင်း သိရပါတယ်။
“ဆားတောင်ရဲစခန်းဆိုတာက အဲထဲမှာ စစ်သားတွေ အခြေစိုက်နေတာကြာပြီ။ PDF တွေ ခဏခဏ တိုက်လွန်းလို့ သေချာကတုတ်ကျင်းတွေဘာတွေနဲ့ ခံတပ်ကောင်းကောင်း ပြင်ထားတဲ့နေရာ။ စစ်ကိုင်းမြို့နယ်ထဲမှာ ညောင်ပင်ဝန်းရဲစခန်းနဲ့ ဆားတောင်ရဲစခန်းက အတိုက်ခံရဆုံးပဲ”လို့ စစ်ကိုင်းမြို့ ထံတက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
ညောင်ငုတ်တိုရွာနဲ့ ဆားတောင်ရဲစခန်းတို့ရဲ့ ဗုံးကြောင့်ပျက်စီးမှုနဲ့ သေဆုံး၊ ထိခိုက်အခြေအနေ ကိုတော့ မသိရသေးပါဘူး။
အဲဒီတိုက်ခိုက်မှုကို Royal Falcon ၊ Phoenix (SGG)၊Unicorn Guerrilla၊Fight For Federal၊ စစ်ကိုင်းမြို့နယ် ပကဖနဲ့ စစ်ကိုင်းခရိုင် တပ်ရင်း(၇) တို့ ပူးတွဲ လုပ်ဆောင် ခဲ့ကြတာပါ။
~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။