ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ရန်သူ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။
ဖရဲသီးတွေရဲ့ တိကျတဲ့ သတင်းပေးမှုအရ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတစ်နေရာမှာ မဒေါက်ရဲစခန်းက နယ်ထိန်းရဲ အောင်ကိုကိုနိုင်ကို ဖမ်းဆီးမိခဲ့ကြောင်း တော်ဝင်ဒေါင်း စစ်ကြောင်း ကသတင်းထုတ်ပြန်ပါတယ်။
အဲဒီ နယ်ထိန်းရဲရဲ့ ထွက်ဆိုချက်တွေနဲ့ သူ့ရဲ့ ဖုန်းထဲကတွေ့ရှိတဲ့ အချက်အလက်တွေအရ အောင်ကိုကိုနိုင်ဟာ ပြည်သူလူထုကို ခြိမ်းခြောက်ကာ သတင်းပေး လုပ်ခိုင်းခြင်း ၊ ငွေညှစ်ခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲဝင်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးခြင်းနဲ့ သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရတယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ဆိုပါတယ်။
နယ်ထိန်းအောင်ကိုကိုနိုင်ကို အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ရိုးမဗျူဟာ စစ်ကြောင်းတွေဖြစ်တဲ့ Royal Peacock Column(တော်ဝင်ဒေါင်းစစ်ကြောင်း)၊ Spring Warriors Columnနဲ့ ၃၇၀၂ တပ်ရင်းတို့က ရှောင်တခင် စီးနင်းဖမ်းဆီးခဲ့တာပါ။
ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တွေက ခရီးသွားတွေလုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးမှုပြုလုပ်လျက်ရှိပါတယ်။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။