Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကမ္မမြို့မရဲစခန်းကို PDF ၁၀ ဖွဲ့ဝင်စီး၊ ရဲ ၂ ဦး ကျည်ထိမှန်ကာ လဲကျ (ရုပ်သံ)

မကွေးတိုင်း၊ ကမ္မမြို့ပေါ် ရဲစခန်းကို ဒေသတွင်း PDF မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲ  ၂ ဦး ကျည်ထိမှန်ကာ လဲကျသွားကြောင်း သိရပါတယ်။

 

ဩဂုတ် ၉ ရက်၊ ညနေ ၄ နာရီ ၁၈ မိနစ်လောက်မှာ ကမ္မမြို့မရဲစခန်းရှေ့ ဘန်ကာကို ဒေသတွင်း PDF ၁၀ ဖွဲ့ ပူးပေါင်းကာ လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်လွင်ပြင် LDF ကသတင်းထုတ်ပြန်ပါတယ်။

 

“ရဲစခန်းထဲတော့မဟုတ်ဘူး။ ရဲစခန်းရှေ့က ဘန်ကာမှာရှိတဲ့ ကောင်တွေကို သွားပစ်တာ။ ဘန်ကာက ၄ ခု ရှိတယ်။ အဲအထဲမှာ ကင်းစောင့်နေတဲ့ကောင်တွေကို ပစ်တာ။ ၂ ကောင် ကျည်ထိပြီး လဲသွားတာ မြင်ရတယ်”လို့ ကမ္မLPDFရဲဘော်တစ်ဦးကပြောပါတယ်

 

PDFတွေ ဝင်ရောက်ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာစဉ် ရဲစခန်းထဲကနေ ပြန်လည်ပစ်ခတ်ကြောင်း ကမ္မမြို့ခံတစ်ဦးက ပြောပါတယ်။ “ရဲ ၂ ကောင်သေတယ်လို့ ရဲစခန်းထဲက သတင်းထွက်လာတယ်။ စစချင်း PDFတွေ ရုတ်တရက်ရောက် လာပြီး ဝုန်းဒိုင်းကြဲပစ်တော့ ဘန်ကာထဲက ကောင်တွေ ဘာမှ ပြန်မပစ်နိုင်ဘူး။PDF တွေ ပြန်ဆုတ်မှ ရဲစခန်းထဲကနေ ဟေ့ကောင်တွေဘာလုပ်နေလဲ ပစ်လေကွာလို့ အော်မှ ပစ်ကြတာ” လို့ သူကပြော ပါတယ်။

 

အဲဒီတိုက်ခိုက်မှုကို  အနောက်လွင်ပြင် LDF၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃၊ ပခုက္ကူ ပ.က.ဖ တပ်ရင်း ၁ တပ်ခွဲ ၁၊ Kamma Underground PDF၊ မြိုင် ပ.က.ဖ တပ်ရင်း ၁ တပ်ခွဲ ၂ ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ၊ Scorpion People Defense Force – Myaing၊Myaing Underground PDF၊ တော်ဝင်ကျား၊ BLY ပကဖနဲ့ ဧရာအနောက်ပြောက်ကျားတပ်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး PDFရဲဘော်တွေ အထိအခိုက်မရှိဘူးလို့သိရပါတယ်။

 

˜˜˜˜

နိုင်ကြီး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။