Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြိုင် မန္တလေးဂိတ်နဲ့ပခုက္ကူဂိတ်တို့ကို လက်နက်ကြီး အလုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

မကွေးတိုင်း၊ မြိုင်မြို့ရှိ မန္တလေးဂိတ်နဲ့ ပခုက္ကူဂိတ်တို့ကို လက်နက်ကြီးအလုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထိခိုက်ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။

 

ဩဂုတ် ၈ ရက်နေ့က အညာဒေသမဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (Anyar Region Strategic & Military Command ရဲ့ လမ်းညွှန်ချက်နဲ့ မြိုင်မြို့ရှိ မန္တလေးဂိတ်နှင့် ပခုက္ကူဂိတ်တို့ကို ၈၀ (မမ) ရှော့တိုက် (၁၂၀) စုစုပေါင်း အလုံး (၅၀) ကျော် ပစ်ခတ်ခဲ့ရာ ဂိတ်၂ဂိတ်အတွင်းနဲ့  ဂိတ်ဧရိယာပတ်လည်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

 

အကြမ်းဖက်စစ်တပ်က  စက်သေနတ်၊ ၈၁ (မမ)၊ ၆၀ (မမ)တို့နဲ့ ပြန်လည် ပစ်ခတ်ပေမဲ့ PDFရဲဘော် တွေအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းမြိုင် ပကဖ ကဆိုပါတယ်။

 

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖနဲ့အတူ ဗိုလ်လင်းမြွေ/ခရိုင်တပ်ရင်း (၁၃)၊ MVP၊ မဟူရာအလင်းတန်း၊ ဇာမဏီ၊ M ဒေါင်းနီ၊ တုတ်ကြီးနဲ့ DMGတို့  ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

 

လာမယ့်စစ်ဆင်ရေးတွေကိုလည်း အညာဒေသမဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

˜˜˜˜

ကိုထိုက်

Comment List

Anonymous User1 year ago

ဘေးကင်းကြပါစေ


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။