Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

RPG-7 လက်ဝယ်ရောက်ပြီလို့ ရေစကြိုတခွင်မှာ လက်သံပြောင်နေတဲ့ MBT ထုတ်ပြန်

RPG - 7 လက်ဝယ်ရောက်ရှိပြီလို့ ရေစကြိုတခွင်မှာ လက်သံပြောင်နေတဲ့ Myingyan Black Tiger က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

MBT Facebook Page

RPG - 7 နဲ့ပတ်သက်ပြီး ပြင်ဆင်မှုအားလုံး ပြီးမြောက်ပါကပြည်သူကို ကတိပေးထားတဲ့ အတိုင်း တာဝန်ကျေပွန်စေရမယ်လို့ ကတိသစ္စာ ပြုကြောင်းလည်း ဆိုပါတယ်။

 

"ရန်သူ့ဘန်ကာဖြိုဖျက်ဖို RPG-7 လှူကြစို့" ဆိုတဲ့ သိန်း ၄၀၀ တစ်လကမ်ပိန်းကို မေလ ၈ ရက်ကနေ ဇွန် ၈ ရက်နေ့အထိ ပြုလုပ်ခဲ့ရာ တစ်လပြည့်တဲ့အချိန်မှာ ငွေမပြည့်သေးတာကြောင့် နောက်ထပ် ၁၀ ရက်တိုးပြုလုပ်ခဲ့ကြောင်း ဆယ်ရက်ကမ်ပိန်း နောက်ဆုံးရက်မှာ သတ်မှတ်ထားတဲ့ သိန်းလေးရာထက် ကျော်လွန်ရရှိခဲ့ကြောင်း Myingyan Black Tiger- MBT ကသတင်း ထုတ်ပြန်ခဲ့ပါတယ်။

MBT Facebook Page

“ရေစကြိုမှာ MBT နဲ့ ရေစကြိုပကဖ ဆိုတာ တော်လှန်ရေး ရှေ့ဆောင်တွေပါ။ အဲဒါကြောင့်လည်း MBT က RPG ဝယ်ဖို့ သိန်း ၄၀၀ ကမ်ပိန်းလုပ်တာ သိန်း ၄၀၀ ကျော်တဲ့အထိ ပြည်သူတွေ လှူဒါန်းခဲ့ တာပါ။အခု RPG ရောက်လာပြီဆိုတော့ စခ တွေ အသေဆိုးဖို့ ပြင်ထားရတော့မှာပေါ့” လို့ရေစကြို မြို့ခံ သတင်းရင်းမြစ်ကဆိုပါတယ်။

MBT Facebook Page

RPG-7 ဝယ်ယူရာမှာ လမ်းကြောင်းအခက်အခဲကြောင့် ကြန့် ကြာသွားခဲ့ကြောင်း MBT ကဆိုပါတယ်။

 

~~~

ကိုဦး

Comment List


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။