နိုင်ငံရေးသမားနဲ့ ပရဟိတသမား ဘယ်နေရာမှာ တစ်ထပ်တည်းတူနေသလဲဆိုတော့ ပြည်သူတွေအပေါ် တစ်ခုခုပေးချင်တဲ့ အဟုန်ကြီးလှတဲ့ စေတနာစိတ်ပဲဖြစ်ပါတယ်။ ပရဟိတသမားက သူလုပ်ကိုင်နေတဲ့ ပရဟိတနယ်ပယ်ကနေ အကျိုးမျှော်ကိုးခြင်းစိတ်အလျဉ်းမရှိဘဲ ပြည်သူကို တစ်ခုခုပေးချင်ကြတယ်။ နိုင်ငံရေးသမားမှာလည်း အဲဒီလိုပဲ ဘာကိုမှ ပြန်လည်မမျှော်လင့်၊ လူထုအပေါ် တစ်ခုခုပေးအပ်လိုတဲ့ အဟုန်ကြီးလှတဲ့ စေတနာဇော ရှိကြတယ်။ တချို့ကတော့ ပြည်သူကို ပေးဆပ်လိုစိတ်လို့ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပေးဆပ်တယ်၊ စွန့်လွှတ်အနစ်နာခံတယ်ဆိုတဲ့ အသုံးမျိုးကို လက်မခံ။
ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့နိုင်ငံရေး ဖြတ်သန်းမှုဘဝကို ပြည်သူအတွက်အနစ်နာခံခဲ့တယ်လို့ တစ်ယောက်ယောက်က ပြောခဲ့ရင်တော့ မျက်နှာပူမိတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့ကိုယ်သူ အနစ်နာခံခဲ့တယ်လို့ မယူဆ၊ သူလုပ်ချင်တဲ့ကိစ္စကို သူ့ဘာသာ ရွေးချယ်ခဲ့ခြင်းလို့ ဖွင့်ဆိုတယ်။ သူလုပ်ချင်ရာလုပ်ခဲ့တဲ့အပေါ်ကျေနပ်မှုရှိတယ်။ကိုယ် လုပ်ချင် ရာလုပ်ခဲ့တဲ့အပေါ် ဒုက္ခတွေနဲ့ကြုံခဲ့ရ ပေမဲ့ ကိုယ်ရွေးချယ်မှုကြောင့် ဖြစ်လာတဲ့ဒုက္ခကို ကိုယ်ဟာ ကိုယ် ရင်ဆိုင်ရမှာပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်ဆိုရဲ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးချယ်မှုဆိုတာ ပြည်သူအပေါ် တစ်ခုခု လုပ်ပေးချင်စိတ် သို့မဟုတ် နိုင်ငံရေးစေတနာ ဖြစ်ပြီး ကိုယ်ဘယ်လို ပေးဆပ်ခဲ့ပါတယ်ဆိုတာမျိုး ထုတ်ကြွားလိုစိတ်လည်း မရှိ၊ တစ်ခုခု ပြန်လည်ရယူချင်တာမျိုး လုံးဝမရှိတဲ့ စေတနာမျိုး ဖြစ်ပါတယ်။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးချယ်မှုဆိုတာ ပြည်သူအပေါ် တစ်ခုခုလုပ်ပေးချင်စိတ် သို့မဟုတ် နိုင်ငံရေးစေတနာဖြစ်ပြီး ကိုယ်ဘယ်လိုပေးဆပ်ခဲ့ပါတယ်ဆိုတာမျိုး ထုတ်ကြွားလိုစိတ်လည်းမရှိ၊ တစ်ခုခုပြန်လည်ရယူချင်တာမျိုး လုံးဝမရှိတဲ့ စေတနာမျိုးဖြစ်ပါတယ်။ အဲဒီလို နိုင်ငံရေးစေတနာမျိုး မရှိခဲ့ဘူးဆိုရင်တော့ ပြည်သူတွေအားကိုးအားထားပြုရတဲ့ နိုင်ငံရေးသမားဖြစ်လာဖို့ရာ မလွယ်လှပါဘူး။
နိုင်ငံရေးသမားက ပရဟိတသမားထက်ပိုတဲ့ နောက်ထပ်မရှိမဖြစ်လိုအပ်ချက်တစ်ခုထပ်ရှိပြန်တယ်။ နိုင်ငံရေးပညာလို့ ခေါ်ကြတယ်။ နိုင်ငံရေးပညာဆိုတာ နိုင်ငံရေးသမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ။ သူက နိုင်ငံရေးသမားဖြစ်လို့ လူထုကိုနိုင်ငံရေးအရ ဦးဆောင်မှုပေးဖို့ တာဝန်ရှိတယ်။ နိုင်ငံရေးပညာရှိမှာသာ နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ပါမယ်။
နိုင်ငံရေးပညာဆိုတာ နိုင်ငံရေးအသိကို ဆိုလိုပါတယ်။နိုင်ငံရေးရေချိန်လို့လည်း ပြောကြတယ်။ နိုင်ငံရေးအသိမြင့်တာကို နိုင်ငံရေးရေချိန်မြင့်တယ်လို့ဆိုကြပြီး နိုင်ငံရေးအသိနည်းတာကို နိုင်ငံရေးရေချိန် နိမ့်တယ်လို့ ပြောကြပါတယ်။
ကျနော်တို့ တိုင်းပြည်က စစ်အာဏာရူးတွေရဲ့ ထင်ရာစိုင်းမှုအောက်မှာ စုတ်ပြတ်သတ်နေသလို ပညာရေးစနစ်ဆိုတာကလည်း နိုင်ငံတကာနဲ့နှိုင်းရင် ဘဝပေါင်း ၂၀-၃၀ လောက်ဝေးလွန်းနေတာကြောင့် နိုင်ငံရေးပညာဆိုတာကို ဘာသာရပ်တစ်ခုအနေနဲ့ တက္ကသိုလ်ကနေ သင်ကြားပေးခြင်းဟာ သိပ်မကြာသေးတဲ့အချိန်ကမှ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့နိုင်ငံက နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးစိတ်ဝင်စားသူတွေဟာ ကိုယ့်နိုင်ငံရေးအသိ ကိုယ့်ဘာသာတည်ဆောက်ရပါတယ်။ နိုင်ငံရေးအသိတည်ဆောက်ရာမှာ နိုင်ငံရေးစာပေ လေ့လာခြင်း၊ စီနီယာနိုင်ငံရေးသမားကြီးတွေဆီက လေ့လာမှတ်သားခြင်းနဲ့ နိုင်ငံရေးလက်တွေ့ဖြတ်သန်းခြင်း ဆီကနေ တည်ဆောက်ရတာဖြစ်လို့ စနစ်တကျ တည်ဆောက်ခြင်းလို့ မဆိုနိုင်ပါဘူး။
ဒါပေမဲ့၊ ကျနော်တို့နိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးတွေ၊စစ်အာဏာရှင်တွေရဲ့ အပြင်းထန်ဆုံး ဖိနှိပ်မှုမျိုးစုံကြား ကိုယ့်ယုံကြည်ချက်ကိုယ် တင်းတင်းရင်းရင်းဆုပ်ကိုင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေ မနည်းလှပါဘူး။
ဒါပေမဲ့၊ ကျနော်တို့ နိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးတွေ၊စစ်အာဏာရှင်တွေရဲ့ အပြင်းထန်ဆုံး ဖိနှိပ်မှုမျိုးစုံကြား ကိုယ့်ယုံကြည်ချက်ကိုယ် တင်းတင်းရင်းရင်း ဆုပ်ကိုင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေ မနည်းလှပါဘူး။
နိုင်ငံရေးသမားတစ်ယောက်ဟာ နိုင်ငံရေးစေတနာလည်းရှိ၊ နိုင်ငံရေးပညာလည်း ထည်ထည်ဝါဝါ ရှိတာတောင် အကျင့်သီလ မလုံခြုံရင် လူထု ယုံကြည်ကိုးစားရတဲ့ နိုင်ငံရေးသမား ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ နိုင်ငံရေးစေတနာရှိသူ တစ်ယောက်ဟာ တစ်ကိုယ်ကောင်း သမား၊ စိတ်နေစိတ်ထား မကောင်းသူ၊ ကိုယ့်အတွက် ကိုယ်ကြည့်တတ်သူ မဟုတ်တာ သေချာပေမဲ့ နိုင်ငံရေးစေတနာ ရှိတိုင်းလည်း လောင်းကစား မလုပ်ဘူး၊ မိန်းမ မရှုပ်ဘူး၊ လာဘ် မစားဘူးလို့ အာမ မခံနိုင်ပါဘူး။
နိုင်ငံရေးပညာအရာမှာ သူနဲ့ ခေတ်ပြိုင်တိုင်းက မော့ကြည့်ခဲ့ရတဲ့ သခင်စိုးဆိုရင် ထိန်းမနိုင်သိမ်းမရတဲ့ မိန်းမကိစ္စတွေကြောင့် အလဲလဲအပြိုပြိုတွေ ဖြစ်ခဲ့တာ အထင်အရှားပါပဲ။ ဖဆပလဝန်ကြီး သခင်တင် မင်းလှမြို့အရောက် ဗိုလ်တဲမှာ တည်းစဉ် အရပ်ပျက် မကျင်စိန်ကို ခေါ်အိပ်တယ်ဆိုတဲ့သတင်းဟာ အတည်ပြုရ ခက်ပေမဲ့ မကျင်စိန် ဗိုလ်တဲရောက်လာပြီးနောက် သခင်တင် မီးခွက်မှုတ်လိုက်တယ်ဆိုတဲ့သတင်းဟာ တစ်နိုင်ငံလုံးအနှံ့ အုတ်အုတ်သောင်းသောင်း။ ခေတ်အဆက်ဆက် သမိုင်းမှာ မီးခွက်မှုတ် သခင်တင်ဆိုတဲ့ နာမည်ဆိုး ရခဲ့တဲ့အထိ ဂုဏ်သရေ ပျက်ခဲ့ရပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုကို အဲဒီခေတ်ပြည်သူတွေ ကြည်ညိုခြင်းမှာ ဦးနုရဲ့ပုဂ္ဂိုလ်ရေး သီလအားကောင်းခြင်းနဲ့ လာဘ်စားမှု လုံးဝမရှိဘူးလို့ ယုံကြည်ကြတာကြောင့် ဖြစ်ပါတယ်။
ဖဆပလခေတ် နိုင်ငံရေးသမားတွေဟာ အများအားဖြင့် ကိုယ်ကျင့်သိက္ခာ အားကောင်းခဲ့ကြပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည် ဆင်းရဲမွဲတေလာခြင်းနဲ့အပြိုင် အာဏာနဲ့ သိုက်တူးခြင်းအလေ့မှာ ဒုတိယ အာဏာရှင် သန်းရွှေလက်ထက်ရောက်လာတော့ ယဉ်ကျေးမှုအသွင် ဖြစ်ချင်တိုင်း ဖြစ်ပါတော့တယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ ရတဲ့အပေါက်က ရသလို အဂတိလိုက်စားမှုနဲ့ အမှောင်ဂိုဏ်းသားစီးပွားရေးသမားတွေရဲ့ အချောင်နှိုက်မှုတို့ဟာ တိုင်းပြည်ကိုပြုတ်ပြုတ်ပြုန်းရုံတင်မက ပြည်သူတို့ရဲ့ စာရိတ္တမဏ္ဍိုင်ကိုပါ ရိုက်ချိုးပစ်ခဲ့ပါတယ်။
အာဏာနဲ့ သိုက်တူးခြင်း အရသာကို ကောင်းကောင်း သိခဲ့တဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါ တစ်သိုက်ဟာ ကြံ့ဖွတ်အစိုးရလက်ထက်ရောက်တော့လည်း ပြုမြဲအတိုင်း ဆက်လက်ချွန်းဖွင့်ပါတယ်။ လွှတ်တော်အမတ်လည်း လုပ်၊ ကုမ္ပဏီလည်း ထောင်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အိတ်ကတ်ထဲထည့် ကြီးပွားသွားတဲ့ လွှတ်တော်အမတ်တွေလည်း မစင်ပုံပေါ် အုံနေတဲ့ ယင်တွေလို မဲနေတာ တွေ့ခဲ့ရပါတယ်။ အဂတိလိုက်စားမှုကို တရုတ်ခေတ်သစ်ခေါင်းဆောင် မော်စီတုံးက ‘သကြားအုပ်ထားတဲ့ကျည်ဆန်’ လို့ ဆိုခဲ့ဖူးပေမယ် အဲ့ဒီကျည်ဆန်ကိုပဲ အပြေးအလွှား ဟပ်နေသူတွေက အလုံးအရင်းနဲ့ပါပဲ။
အဂတိလိုက်စားမှုကို တရုတ်ခေတ်သစ်ခေါင်းဆောင် မော်စီတုံးက ‘သကြားအုပ်ထားတဲ့ကျည်ဆန်’ လို့ ဆိုခဲ့ဖူးပေမယ် အဲ့ဒီကျည်ဆန်ကိုပဲ အပြေးအလွှား ဟပ်နေသူတွေက အလုံးအရင်းနဲ့ပါပဲ။
နိုင်ငံရေးသမားတစ်ယောက်အကြောင်း သိချင်ရင် သူ့လက်ထဲ အာဏာသာထိုးထည့်လိုက်လို့ ပြောလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ဘာအာဏာမှမရှိသေးတဲ့ တော်လှန်ရေးကာလမှာ ရဲရဲတောက်လက်သီး လက်မောင်းတန်းခဲ့သလောက် အာဏာလည်းရလာရော စိတ်ပြောင်းသွားတဲ့နိုင်ငံရေးသမားတွေ ရှိခဲ့လို့ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူနဲ့ တွေ့တဲ့အချိန် ပြုံးပျော်ကြင်နာတတ်သလောက် သူ့လူ (NLD ပါတီ) တွေအပေါ် လုံးဝ မျက်နှာသာ မပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အာဏာရပြီး အောက်ခြေလွတ်မှာ စိုးလို့နဲ့ တူပါတယ်။ ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ယန္တရားတစ်ခုကို တည်ဆောက်ခဲ့တယ်။ စစ်အုပ်စုက တစ်သက်လုံး ပြုကျင့်ခဲ့သလို အဂတိလိုက်စားမှု ခေါင်းစဉ်တပ်ပြီး နိုင်ငံရေး လုပ်ကြံတာမျိုး လက်ညှိုးထိုး အပြစ်ရှာ မခံရလေအောင် ဦးအောင်ကြည်ကို ဦးဆောင်စေခဲ့တယ်။ ဦးအောင်ကြည်ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့စစ် အစိုးရလက်ထက်မှာတောင် အဂတိကင်းခဲ့သူလို့ နာမည်ကြီးတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်မို့ စစ်အုပ်စုအနေနဲ့ ဆီလို အပေါက်ရှာ အပြစ်ပြောရ ခပ်ခက်ခက်ပါပဲ။
ပွဲဦးထွက်အနေနဲ့ NLD အစိုးရလက်ထက်၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အဂတိပြစ်ချက်နဲ့ တရားစွဲဆို ထောင်ချလိုက်နိုင်တာဟာ NLD အစိုးရ စွက်ဖက်မှုကင်းတဲ့ အဂတိတိုက်ဖျက်ရေး ယန္တရားဖြစ်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သလို ကိုယ့်လူဆိုပြီး ညှာမယ်မထင်နဲ့လို့ NLD ပါတီဝင်တွေကို အတိအလင်း သတိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ အဂတိနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဝန်းအဝိုင်းကြား မူမမှန်မှု တချို့တလေတော့ ရှိခဲ့မယ်လို့ ထင်ပါတယ်။ ထူးခြားမှုတစ်ခု က NLD အစိုးရလက်ထက်မှာ NLD အမတ်တွေနဲ့ အုပ်ချုပ်မှု အာဏာရှိသူတွေကြား လိင်ပိုင်းဆိုင်ရာရှုပ်ထွေးလို့ အရေးယူခံရတာမျိုး မကြားခဲ့ရခြင်းပါပဲ။ (လိင်ပိုင်းဆိုင်ရာရှုပ်ထွေးမှုလုံးဝမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ ရှိကောင်းရှိနိုင်ပေမဲ့ အရေးယူခံရတဲ့ အဆင့်၊ အများပြည်သူပလက်ဖောင်းပေါ်ရောက်တဲ့အဆင့်မရှိခဲ့ဘူးလို့ ပြောချင်တာပါ။)
NLDပါတီဟာ အစိုးရအာဏာ ၅ နှစ်ရခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှုကြောင့် တစ်ကျော့ပြန် တော်လှန်ရေးပါတီဖြစ်လာပြန်ပါတယ်။ ဒုတိယအာဏာရှင်သက်တမ်းအတွင်း NLD ပါတီဟာ မြေပေါ်မှာ ရပ်တည်လို့ရခဲ့ပေမဲ့ ဒီတစ်ခေါက်အာဏာရှင်ဖြစ်ဖို့ ခွေးကတက်ကနေ နောက်တစ် လှမ်းလှမ်းဖို့ခက်နေတဲ့ မင်းအောင်လှိုင်က NLD ရပ်ကျေးပါတီဝင်အဆင့်ကိုတောင် အပြတ်ရှင်းတဲ့အထိ ကြောက်ရူးရူးနေတာကြောင့် တောထဲတောင်ထဲ တိုက်ပွဲဝင်နေတဲ့ NLD ပါတီဝင်တွေ မနည်းလှသလို နယ်စပ်မြို့ရောက်သူတွေလည်း များလှပါတယ်။
ထုံးစံအတိုင်း နယ်စပ်မြို့ရောက် တစ်ယောက်တလေက အသက်ပေးတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့မျက်နှာကိုမထောက်၊ ကျဆုံးခဲ့သူတွေကို မထောက်။ ပိုင်ဆိုင်သမျှ စစ်တပ်က မီးလောင်တိုက် သွင်းလို့ ကုန်းကောက်စရာမရှိ တော့တဲ့ ပြည်သူတို့ရဲ့ ရင်နင့်ဖွယ်ရာတွေကိုမထောက်၊ ပါတီရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ်တာဝန်ယူထားတဲ့နေရာကိုလည်း ခေါင်းထဲမထည့် သံသယဖြစ်ဖွယ်အသုံးအစွဲတွေနဲ့ လိင်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေပါ ကြားနေရတာဟာ စိတ်ပျက်ဖွယ်ကောင်းလှပါတယ်။
တစ်ယောက်တလေရဲ့ အော့နှလုံးနာစရာကိစ္စဟာ မပြောပလောက်ပေမဲ့ တစ်ယောက်တလေမို့ လက်ပိုက်ကြည့်နေ၊ မသိချင်ယောင်ဆောင်နေရင် မြစ်ပွားနာလို အတွင်းထဲလှိုက်စားပွားများတတ်တယ်ဆိုတာ အထူးသတိချပ်ဖို့လိုပါတယ်။ ကိုယ့်လူမို့ မသိချင်ယောင်ဆောင်နေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်လည်းမဟုတ်ပါဘူး။

နိုင်ငံရေးသမားဆိုတာ ရှက်တတ်ကြောက်တတ် သိက္ခာကြီးတတ်ရပါမယ်။ နိုင်ငံရေး ပညာနည်းပေမဲ့ နိုင်ငံရေး စေတနာကြီးပြီး အကျင့်သိက္ခာကောင်းတဲ့ နိုင်ငံရေးသမားမျိုးကို ပြည်သူတွေက နားလည်အသိအမှတ် ပြုကြပါတယ်။
နိုင်ငံရေးသမားဆိုတာလည်း တစ်ပြားမှမလျှော့ချင်၊ ဝီစကီလေးတမြမြနဲ့ ပေါင်နှစ်လုံးကြားမှာ အမှန်တရားကိုသွားရှာချင်နေတယ်ဆိုရင်တော့ ကိုယ့်မျက်နှာကိုယ် မြောင်းပုပ်ရေနဲ့ ဆေးလို့ ကိုယ်ဘာလဲဆိုတာ ကိုယ့်ဘာသာမေးခွန်းထုတ်ကာ ကိုယ်နဲ့မထိုက်တန်တဲ့နေရာကနေ မြန်မြန်သာကြွပါလို့ အကြံပြုလိုက်ချင်ပါတယ်။
~~~
နိုင်ငံရေးသမားနဲ့ ပရဟိတသမား ဘယ်နေရာမှာ တစ်ထပ်တည်းတူနေသလဲဆိုတော့ ပြည်သူတွေအပေါ် တစ်ခုခုပေးချင်တဲ့ အဟုန်ကြီးလှတဲ့ စေတနာစိတ်ပဲဖြစ်ပါတယ်။ ပရဟိတသမားက သူလုပ်ကိုင်နေတဲ့ ပရဟိတနယ်ပယ်ကနေ အကျိုးမျှော်ကိုးခြင်းစိတ်အလျဉ်းမရှိဘဲ ပြည်သူကို တစ်ခုခုပေးချင်ကြတယ်။ နိုင်ငံရေးသမားမှာလည်း အဲဒီလိုပဲ ဘ
အကြောင်းအရာဆက်ထည့်မယ်
နိုင်ငံရေးသမားနဲ့ ပရဟိတသမား ဘယ်နေရာမှာ တစ်ထပ်တည်းတူနေသလဲဆိုတော့ ပြည်သူတွေအပေါ် တစ်ခုခုပေးချင်တဲ့ အဟုန်ကြီးလှတဲ့ စေတနာစိတ်ပဲဖြစ်ပါတယ်။ ပရဟိတသမားက သူလုပ်ကိုင်နေတဲ့ ပရဟိတနယ်ပယ်ကနေ အကျိုးမျှော်ကိုးခြင်းစိတ်အလျဉ်းမရှိဘဲ ပြည်သူကို တစ်ခုခုပေးချင်ကြတယ်။ နိုင်ငံရေးသမားမှာလည်း အဲဒီလိုပဲ ဘာကိုမှ ပြန်လည်မမျှော်လင့်၊ လူထုအပေါ် တစ်ခုခုပေးအပ်လိုတဲ့ အဟုန်ကြီးလှတဲ့ စေတနာဇော ရှိကြတယ်။ တချို့ကတော့ ပြည်သူကို ပေးဆပ်လိုစိတ်လို့ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပေးဆပ်တယ်၊ စွန့်လွှတ်အနစ်နာခံတယ်ဆိုတဲ့ အသုံးမျိုးကို လက်မခံ။
ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့နိုင်ငံရေး ဖြတ်သန်းမှုဘဝကို ပြည်သူအတွက်အနစ်နာခံခဲ့တယ်လို့ တစ်ယောက်ယောက်က ပြောခဲ့ရင်တော့ မျက်နှာပူမိတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့ကိုယ်သူ အနစ်နာခံခဲ့တယ်လို့ မယူဆ၊ သူလုပ်ချင်တဲ့ကိစ္စကို သူ့ဘာသာ ရွေးချယ်ခဲ့ခြင်းလို့ ဖွင့်ဆိုတယ်။ သူလုပ်ချင်ရာလုပ်ခဲ့တဲ့အပေါ်ကျေနပ်မှုရှိတယ်။ကိုယ် လုပ်ချင် ရာလုပ်ခဲ့တဲ့အပေါ် ဒုက္ခတွေနဲ့ကြုံခဲ့ရ ပေမဲ့ ကိုယ်ရွေးချယ်မှုကြောင့် ဖြစ်လာတဲ့ဒုက္ခကို ကိုယ်ဟာ ကိုယ် ရင်ဆိုင်ရမှာပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်ဆိုရဲ့။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးချယ်မှုဆိုတာ ပြည်သူအပေါ် တစ်ခုခုလုပ်ပေးချင်စိတ် သို့မဟုတ် နိုင်ငံရေးစေတနာဖြစ်ပြီး ကိုယ်ဘယ်လိုပေးဆပ်ခဲ့ပါတယ်ဆိုတာမျိုး ထုတ်ကြွားလိုစိတ်လည်းမရှိ၊ တစ်ခုခုပြန်လည်ရယူချင်တာမျိုး လုံးဝမရှိတဲ့ စေတနာမျိုးဖြစ်ပါတယ်။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးချယ်မှုဆိုတာ ပြည်သူအပေါ် တစ်ခုခုလုပ်ပေးချင်စိတ် သို့မဟုတ် နိုင်ငံရေးစေတနာဖြစ်ပြီး ကိုယ်ဘယ်လိုပေးဆပ်ခဲ့ပါတယ်ဆိုတာမျိုး ထုတ်ကြွားလိုစိတ်လည်းမရှိ၊ တစ်ခုခုပြန်လည်ရယူချင်တာမျိုး လုံးဝမရှိတဲ့ စေတနာမျိုးဖြစ်ပါတယ်။ အဲဒီလို နိုင်ငံရေးစေတနာမျိုး မရှိခဲ့ဘူးဆိုရင်တော့ ပြည်သူတွေအားကိုးအားထားပြုရတဲ့ နိုင်ငံရေးသမားဖြစ်လာဖို့ရာ မလွယ်လှပါဘူး။
နိုင်ငံရေးသမားက ပရဟိတသမားထက်ပိုတဲ့ နောက်ထပ်မရှိမဖြစ်လိုအပ်ချက်တစ်ခုထပ်ရှိပြန်တယ်။ နိုင်ငံရေးပညာလို့ ခေါ်ကြတယ်။ နိုင်ငံရေးပညာဆိုတာ နိုင်ငံရေးသမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ။ သူက နိုင်ငံရေးသမားဖြစ်လို့ လူထုကိုနိုင်ငံရေးအရ ဦးဆောင်မှုပေးဖို့ တာဝန်ရှိတယ်။ နိုင်ငံရေးပညာရှိမှာသာ နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ပါမယ်။
နိုင်ငံရေးပညာဆိုတာ နိုင်ငံရေးအသိကို ဆိုလိုပါတယ်။နိုင်ငံရေးရေချိန်လို့လည်း ပြောကြတယ်။ နိုင်ငံရေးအသိမြင့်တာကို နိုင်ငံရေးရေချိန်မြင့်တယ်လို့ဆိုကြပြီး နိုင်ငံရေးအသိနည်းတာကို နိုင်ငံရေးရေချိန် နိမ့်တယ်လို့ ပြောကြပါတယ်။
ကျနော်တို့တိုင်းပြည်က စစ်အာဏာရူးတွေရဲ့ ထင်ရာစိုင်းမှုအောက်မှာ စုတ်ပြတ်သတ်နေသလို ပညာရေးစနစ်ဆိုတာကလည်း နိုင်ငံတကာနဲ့နှိုင်းရင် ဘဝပေါင်း ၂၀-၃၀ လောက်ဝေးလွန်းနေတာကြောင့် နိုင်ငံရေးပညာဆိုတာကို ဘာသာရပ်တစ်ခုအနေနဲ့ တက္ကသိုလ်ကနေ သင်ကြားပေးခြင်းဟာ သိပ်မကြာသေးတဲ့အချိန်ကမှ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့နိုင်ငံက နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးစိတ်ဝင်စားသူတွေဟာ ကိုယ့်နိုင်ငံရေးအသိ ကိုယ့်ဘာသာတည်ဆောက်ရပါတယ်။ နိုင်ငံရေးအသိတည်ဆောက်ရာမှာ နိုင်ငံရေးစာပေ လေ့လာခြင်း၊ စီနီယာနိုင်ငံရေးသမားကြီးတွေဆီက လေ့လာမှတ်သားခြင်းနဲ့ နိုင်ငံရေးလက်တွေ့ဖြတ်သန်းခြင်း ဆီကနေ တည်ဆောက်ရတာဖြစ်လို့ စနစ်တကျ တည်ဆောက်ခြင်းလို့ မဆိုနိုင်ပါဘူး။
ဒါပေမဲ့၊ ကျနော်တို့နိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးတွေ၊စစ်အာဏာရှင်တွေရဲ့ အပြင်းထန်ဆုံး ဖိနှိပ်မှုမျိုးစုံကြား ကိုယ့်ယုံကြည်ချက်ကိုယ် တင်းတင်းရင်းရင်းဆုပ်ကိုင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေ မနည်းလှပါဘူး။
ဒါပေမဲ့၊ ကျနော်တို့နိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးတွေ၊စစ်အာဏာရှင်တွေရဲ့ အပြင်းထန်ဆုံး ဖိနှိပ်မှုမျိုးစုံကြား ကိုယ့်ယုံကြည်ချက်ကိုယ် တင်းတင်းရင်းရင်းဆုပ်ကိုင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေ မနည်းလှပါဘူး။
နိုင်ငံရေးသမားတစ်ယောက်ဟာ နိုင်ငံရေးစေတနာလည်းရှိ၊နိုင်ငံရေးပညာလည်း ထည်ထည်ဝါဝါရှိ တာတောင် အကျင့်သီလမလုံခြုံရင် လူထုယုံကြည်ကိုးစားရတဲ့ နိုင်ငံရေးသမားဖြစ်လာစရာအကြောင်းမရှိပါဘူး။ နိုင်ငံရေးစေတနာရှိသူတစ်ယောက်ဟာ တစ်ကိုယ်ကောင်းသမား၊ စိတ်နေစိတ်ထား မကောင်းသူ၊ ကိုယ့်အတွက် ကိုယ်ကြည့်တတ်သူမ ဟုတ်တာသေချာပေမဲ့ နိုင်ငံရေးစေတနာရှိတိုင်းလည်း လောင်းကစားမလုပ်ဘူး၊ မိန်းမမရှုပ်ဘူး၊ လာဘ်မစားဘူးလို့ အာမမခံနိုင်ပါဘူး။
နိုင်ငံရေးပညာအရာမှာ သူနဲ့ခေတ်ပြိုင်တိုင်းက မော့ကြည့်ခဲ့ရတဲ့ သခင်စိုးဆိုရင် ထိန်းမနိုင်သိမ်းမရတဲ့ မိန်းမကိစ္စတွေကြောင့် အလဲလဲအပြိုပြိုတွေဖြစ်ခဲ့တာအထင်အရှားပါပဲ။ ဖဆပလဝန်ကြီးသခင်တင် မင်းလှမြို့ အရောက် ဗိုလ်တဲမှာတည်းစဉ် အရပ်ပျက် မကျင်စိန်ကို ခေါ်အိပ်တယ်ဆိုတဲ့သတင်းဟာ အတည်ပြုရခက်ပေမဲ့ မကျင်စိန် ဗိုလ်တဲရောက်လာပြီးနောက် သခင်တင် မီးခွက်မှုတ်လိုက်တယ်ဆိုတဲ့သတင်းဟာ တစ်နိုင်ငံလုံးအနှံ့အုတ်အုတ်သောင်းသောင်း။ ခေတ်အဆက်ဆက်သမိုင်းမှာ မီးခွက်မှုတ်သခင်တင်ဆိုတဲ့ နာမည်ဆိုးရခဲ့တဲ့အထိ ဂုဏ်သရေပျက်ခဲ့ရပါတယ်။ ဝန်ကြီးချုပ်ဟောင်းဦးနုကို အဲဒီခေတ်ပြည်သူတွေ ကြည်ညိုခြင်းမှာ ဦးနုရဲ့ပုဂ္ဂိုလ်ရေး သီလအားကောင်းခြင်းနဲ့ လာဘ်စားမှုလုံးဝမရှိဘူးလို့ ယုံကြည်ကြတာကြောင့်ဖြစ်ပါတယ်။
ဖဆပလခေတ်နိုင်ငံရေးသမားများမှာ အများအားဖြင့် ကိုယ်ကျင့်သိက္ခာအားကောင်းခဲ့ကြပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းပြည်ဆင်းရဲမွဲတေလာခြင်းနဲ့အပြိုင် အာဏာနဲ့သိုက်တူးခြင်းအလေ့မှာ ဒုတိယအာဏာရှင် သန်းရွှေလက်ထက်အရောက် ယဉ်ကျေးမှုအသွင် ဖြစ်ချင်တိုင်းဖြစ်ပါတော့တယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ ရတဲ့အပေါက်ကရသလို အဂတိလိုက်စားမှုနဲ့ အမှောင်ဂိုဏ်းသားစီးပွားရေးသမားတွေရဲ့ အချောင်နှိုက်မှုတို့ဟာ တိုင်း ပြည်ကိုပြုတ်ပြုတ်ပြုန်းရုံတင်မက ပြည်သူတို့ရဲ့ စာရိတ္တမဏ္ဍိုင်ကိုပါ ရိုက်ချိုးပစ်ခဲ့ပါတယ်။
အာဏာနဲ့သိုက်တူးခြင်းအရသာကိုကောင်းကောင်းသိခဲ့တဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတစ်သိုက်ဟာ ကြံ့ဖွတ်အစိုးရလက်ထက်ရောက်တော့လည်း ပြုမြဲအတိုင်း ဆက်လက်ချွန်းဖွင့်ပါတယ်။ လွှတ်တော်အမတ်လည်းလုပ်၊ ကုမ္ပဏီလည်းထောင်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အိတ်ကတ်ထဲထည့် ကြီးပွားသွားတဲ့ လွှတ်တော်အမတ်တွေလည်း မစင်ပုံပေါ် အုံနေတဲ့ ယင်တွေလို မဲနေတာတွေ့ခဲ့ရပါတယ်။ အဂတိလိုက်စားမှုကို တရုတ်ခေတ်သစ်ခေါင်းဆောင် မော်စီတုံးက ‘သကြားအုပ်ထားတဲ့ကျည်ဆန်’ လို့ ဆိုခဲ့ဖူးပေမဲ့ အဲဒီကျည်ဆန်ကိုပဲ ပြေးဟပ်သူက အလုံးအရင်းနဲ့ပါပဲ။
ဘာလို့လဲဆိုတော့ ဘာအာဏာမှမရှိသေးတဲ့ တော်လှန်ရေးကာလမှာ ရဲရဲတောက်လက်သီး လက်မောင်းတန်းခဲ့သလောက် အာဏာလည်းရလာရော စိတ်ပြောင်းသွားတဲ့နိုင်ငံရေးသမားတွေ ရှိခဲ့လို့ပါပဲ။
နိုင်ငံရေးသမားတစ်ယောက်အကြောင်း သိချင်ရင် သူ့လက်ထဲ အာဏာသာထိုးထည့်လိုက်လို့ ပြောလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ဘာအာဏာမှမရှိသေးတဲ့ တော်လှန်ရေးကာလမှာ ရဲရဲတောက်လက်သီး လက်မောင်းတန်းခဲ့သလောက် အာဏာလည်းရလာရော စိတ်ပြောင်းသွားတဲ့နိုင်ငံရေးသမားတွေ ရှိခဲ့လို့ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူနဲ့တွေ့တဲ့အချိန် ပြုံးပျော်ကြင်နာတတ်သလောက် သူ့လူ (NLD ပါတီ) တွေအပေါ် လုံးဝမျက်နှာသာမပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အာဏာရပြီးအောက်ခြေလွတ်မှာစိုးလို့နဲ့ တူပါတယ်။ ပြီးတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးယန္တရားတစ်ခုကို တည်ဆောက်ခဲ့တယ်။ စစ်အုပ်စုက တစ်သက်လုံးပြုကျင့်ခဲ့သလို အဂတိလိုက်စားမှုခေါင်းစဉ်တပ်ပြီး နိုင်ငံရေးလုပ်ကြံတာမျိုး လက်ညှိုးထိုးအပြစ်ရှာ မခံရလေအောင် ဦးအောင်ကြည်ကို ဦးဆောင်စေခဲ့တယ်။ ဦးအောင်ကြည်ဆိုတာ ဖြစ်ချင်တိုင်းဖြစ်နေတဲ့စစ် အစိုးရလက်ထက်မှာတောင် အဂတိကင်းခဲ့သူလို့ နာမည်ကြီးတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်မို့ စစ်အုပ်စု ဆီလိုအပေါက်ရှာရ ခပ်ခက်ခက်ပါပဲ။
ပွဲဦးထွက်အနေနဲ့ NLD အစိုးရလက်ထက်၊ တနင်္သာရီဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အဂတိပြစ်ချက်နဲ့ တရားစွဲဆိုထောင်ချလိုက်နိုင်တာဟာ NLD အစိုးရ စွက်ဖက်မှုကင်းတဲ့အဂတိတိုက်ဖျက်ရေးယန္တရားဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်သလို ကိုယ့်လူဆိုပြီး ညှာမယ်မထင်နဲ့လို့ NLD ပါတီဝင်တွေကို အတိအလင်း သတိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ အဂတိနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဝန်းအဝိုင်းကြား မူမမှန်မှုတချို့တလေရှိမယ်လို့ ထင်ပါတယ်။ ထူးခြားမှုတစ်ခု က NLD အစိုးရလက်ထက်မှာ NLD အမတ်တွေနဲ့ အုပ်ချုပ်မှု အာဏာရှိသူတွေကြား လိင်ပိုင်းဆိုင်ရာရှုပ်ထွေးလို့ အရေးယူခံရတာမျိုး မကြားခဲ့ရခြင်းပါပဲ။ (လိင်ပိုင်းဆိုင်ရာရှုပ်ထွေးမှုလုံးဝမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ ရှိကောင်းရှိနိုင်ပေမဲ့ အရေးယူခံရတဲ့ အဆင့်၊ အများပြည်သူပလက်ဖောင်းပေါ်ရောက်တဲ့အဆင့်မရှိခဲ့ဘူးလို့ ပြောချင်တာပါ။)
NLDပါတီဟာ အစိုးရအာဏာ ၅ နှစ်ရခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှုကြောင့် တစ်ကျော့ပြန် တော်လှန်ရေးပါတီဖြစ်လာပြန်ပါတယ်။ ဒုတိယအာဏာရှင်သက်တမ်းအတွင်း NLD ပါတီဟာ မြေပေါ်မှာ ရပ်တည်လို့ရခဲ့ပေမဲ့ ဒီတစ်ခေါက်အာဏာရှင်ဖြစ်ဖို့ ခွေးကတက်ကနေ နောက်တစ် လှမ်းလှမ်းဖို့ခက်နေတဲ့ မင်းအောင်လှိုင်က NLD ရပ်ကျေးပါတီဝင်အဆင့်ကိုတောင် အပြတ်ရှင်းတဲ့အထိ ကြောက်ရူးရူးနေတာကြောင့် တောထဲတောင်ထဲ တိုက်ပွဲဝင်နေတဲ့ NLD ပါတီဝင်တွေ မနည်းလှသလို နယ်စပ်မြို့ရောက်သူတွေလည်း များလှပါတယ်။
ထုံးစံအတိုင်း နယ်စပ်မြို့ရောက် တစ်ယောက်တလေက အသက်ပေးတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့မျက်နှာကိုမထောက်၊ ကျဆုံးခဲ့သူတွေကို မထောက်။ ပိုင်ဆိုင်သမျှ စစ်တပ်က မီးလောင်တိုက် သွင်းလို့ ကုန်းကောက်စရာမရှိ တော့တဲ့ ပြည်သူတို့ရဲ့ ရင်နင့်ဖွယ်ရာတွေကိုမထောက်၊ ပါတီရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ်တာဝန်ယူထားတဲ့နေရာကိုလည်း ခေါင်းထဲမထည့် သံသယဖြစ်ဖွယ်အသုံးအစွဲတွေနဲ့ လိင်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေပါ ကြားနေရတာဟာ စိတ်ပျက်ဖွယ်ကောင်းလှပါတယ်။
တစ်ယောက်တလေရဲ့ အော့နှလုံးနာစရာကိစ္စဟာ မပြောပလောက်ပေမဲ့ တစ်ယောက်တလေမို့ လက်ပိုက်ကြည့်နေ၊ မသိချင်ယောင်ဆောင်နေရင် မြစ်ပွားနာလို အတွင်းထဲလှိုက်စားပွားများတတ်တယ်ဆိုတာ အထူးသတိချပ်ဖို့လိုပါတယ်။ ကိုယ့်လူမို့ မသိချင်ယောင်ဆောင်နေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်လည်းမဟုတ်ပါဘူး။
တစ်ယောက်တလေရဲ့ အော့နှလုံးနာစရာကိစ္စဟာ မပြောပလောက်ပေမဲ့ တစ်ယောက်တလေမို့ လက်ပိုက်ကြည့်နေ၊ မသိချင်ယောင်ဆောင်နေရင် မြစ်ပွားနာလို အတွင်းထဲလှိုက်စားပွားများတတ်တယ်ဆိုတာ အထူးသတိချပ်ဖို့လိုပါတယ်။ ကိုယ့်လူမို့ မသိချင်ယောင်ဆောင်နေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်လည်းမဟုတ်ပါဘူး။
နိုင်ငံရေးသမားဆိုတာ ရှက်တတ်ကြောက်တတ် သိက္ခာကြီးတတ်ရပါမယ်။ နိုင်ငံရေး ပညာနည်းပေမဲ့ နိုင်ငံရေး စေတနာကြီးပြီး အကျင့်သိက္ခာကောင်းတဲ့ နိုင်ငံရေးသမားမျိုးကို ပြည်သူတွေက နားလည်အသိအမှတ် ပြုကြပါတယ်။
နိုင်ငံရေးသမားဆိုတာလည်း တစ်ပြားမှမလျှော့ချင်၊ ဝီစကီလေးတမြမြနဲ့ ပေါင်နှစ်လုံးကြားမှာ အမှန်တရားကိုသွားရှာချင်နေတယ်ဆိုရင်တော့ ကိုယ့်မျက်နှာကိုယ် မြောင်းပုပ်ရေနဲ့ ဆေးလို့ ကိုယ်ဘာလဲဆိုတာ ကိုယ့်ဘာသာမေးခွန်းထုတ်ကာ ကိုယ်နဲ့မထိုက်တန်တဲ့နေရာကနေ မြန်မြန်သာကြွပါလို့ အကြံပြုလိုက်ချင်ပါတယ်။
~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။