တနင်္သာရီမြို့နယ်အတွင်း PDF တွေကို အပြီးတိုင်ချေမှုန်းမယ်လို့ကြွေးကြော်ကာ စစ်ကြောင်း ထိုးလာတဲ့တပ် ၅ ရက်ကြာ အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီးနောက် သေဆုံး၊ ထိခိုက်များစွာနဲ့ ထွက် ပြေးသွားကြောင်း သိရပါတယ်။
ဇွန်လ ၁၆ ရက်နေ့က ခမရ (၅၅၈) တပ်ရင်းဟာ စစ်အင်အား ၆၀ လောက်နဲ့ PDF တွေရှိတဲ့ တနင်္သာရီမြို့နယ်၊ ကော်တော်ရွာကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဘန်ကြုတ်ရွာက ပြည်သူပိုင်နေအိမ်တွေကို စတင်ဖျက်ဆီးခဲ့ကြောင်း မြိတ်ပကဖ ကထုတ်ပြန်ပါတယ်။
ဇွန်လ ၁၇ ရက်နေ့မှာ သမီးလှကျေးရွာ အတွင်းသို့ လက်နက်ကြီး အများအပြားပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး အဲဒီကနေတစ်ဆင့် ကော်တောရွာသို့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ရာ PDF မဟာမိတ်တပ်ဖွဲ့ က သမီးလှရွာ အရှေ့၊အနောက်ကို ပိတ်ကာဒရုန်းနဲ့ တနေကုန်ဗုံးကြဲခြင်းနဲ့ ၃ ကြိမ်ထက်မနည်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း PDF စနိုက်ပါလက်ချက်နဲ့ ဆေးတပ်ဗိုလ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက်ဇွန်လ ၁၉ ရက်နေ့မှာ ပူပေါင်းတပ်ဖွဲ့က ဝေဟင်ကနေအကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၉ ရက်နေ့ ညနေလောက်မှာ သမီးလှရွာ နောက်ကျောကနေ တောင်ပေါ်ဘက် တိတ်တဆိတ် ထွက်ပြေး ခိုအောင်းခဲ့ကြောင်း ဒရုန်းတပ်ဖွဲ့က ထပ်ကြပ်မခွာ ဗုံးသီးလေးကြိမ်ကြဲချ တိုက်ခိုက်ခဲ့ကြောင်းမြိတ်ပကဖ ကထုတ်ပြန်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ လည်းစစ်တပ်ရှိတဲ့နေရာကို အနီးကပ်ဝင်တိုက်ခဲ့ပြီး ဒရုန်းနဲ့လည်း ထပ်မံဗုံးကြဲခဲ့ရာ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။
၅ ရက်တာ တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းတစ်စီးဆုံးရှုံးခဲ့ရပါတယ်။
အကြမ်းဖက် စစ်တပ်က ထိခိုက်ဒဏ်ရာရရှိသူတွေကို ပုခက်နဲ့ ထမ်းနေရပုံ၊ ထိမှန်သူတွေကို ဆွဲနေပုံတို့ကို PDF ဒရုန်းတပ်ဖွဲ့က အတိအကျ ဓာတ်ပုံမှတ်တမ်းရယူနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး၊ ပြည်သူလေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကာ လမ်းပြအဖြစ်ဖမ်းဆီးသွားသူ မိသားစုဝင်သုံးဦးမှာလည်း ပျောက်ဆုံးနေကြောင်းသိရပါတယ်။
၅ ရက်တာတိုက်ပွဲကို မြိတ်ပကဖ၊ KTLA tcjf၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ SWDF၊ မြိတ်ခရိုင် တပ်ရင်း ၂ နဲ့ တောဗုံးကြီးအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့တာပါ။
***
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။