Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြို့သိမ်းတိုက်ပွဲ မကြာမီ ဆင်နွှဲနိုင်တော့မယ်လို့ ရေစကြိုပ.က.ဖ ကြွေးကြော်

မြို့သိမ်းတိုက်ပွဲတွေကို မကြာမီ ဆင်နွှဲနိုင်တော့မယ်လို့ ရေစကြိုပ.က.ဖ က ကြွေးကြော်လိုက်ပါတယ်။


ဇွန်လ ၂၁ ရက်၊ နေ့ခင်း ၁၁ နာရီခွဲလောက်က မကွေးတိုင်း၊ မြိုင်မြို့အဝင်စစ်ဆေးရေးဂိတ် (မန္တလေးမြို့အထွက်ဂိတ်) မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးမဟာမိတ်တွေက ဒရုန်းနဲ့ဗုံးကြဲခဲ့ ပြီးနောက် R7၊ လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရခဲ့ကြောင်း ရေစကြိုပ.က.ဖ ကထုတ်ပြန်ရာမှာ အဲဒီလို ကြွေးကြော်ခဲ့တာပါ။


“ကျနော်တို့ရေစကြိုမှာ မြို့ပေါ်ရော မြိုပြင်ရော စစ်သားတွေ တော်တော်ခံနေရတယ်။ မြိုင်မြို့ပေါ်ဆိုရင်လည်း စစ်သားတွေ မြို့ပြင်သိပ်ထွက်မရဲတော့ဘူး။ မြို့ကသိမ်းဖို့ သိပ်မခက်ဘူး။ထိန်းဖို့ပဲခက်တယ်။ လေယာဉ်နဲ့လာပစ်မှာ ပူရတယ်” လို့ ရေစကြို မြို့ခံတစ်ဦးက ပြောပါတယ်။


R7 နဲ့ ပစ်ခတ်ရာမှာ စစ်တပ်ဘန်ကာတည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်သားအများအပြား ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။
၄၅ မိနစ်လောက်ကြာ အပြန်အလှန် ပစ်ခတ်ပြီးနောက် PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ရေစကြိုပ.က.ဖ က ထုတ်ပြန်ထားပါတယ်။


ဒေသတွင်း PDF အဖွဲ့တွေဟာ မြို့ပြစစ်ဆေးရေးဂိတ်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်နေကြောင်း လည်းဆိုပါတယ်။


အဲဒီတိုက်ခိုက်မှုကို ရေစကြိုပ.က.ဖ၊ မြိုင်ပ.က.ဖ တပ်ရင်း (၂) - တပ်ခွဲ (၁)၊ တပ်ခွဲ (၃)၊ Salingyi Special Task Force နဲ့ Earthquake PDF တို့ ပူးပေါင်းဆင်နွှဲခဲ့တာပါ။

ကိုဦး

Comment List

Anonymous User1 year ago

Good


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။