Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မျှော်လင့်ရပါတဲ့ အနာဂါတ် မြန်မာနိုင်ငံတော် (Ethnic Affairs)

ဒီတလော ဖတ်ရတဲ့သတင်းတွေထဲမှာ ထူးခြားတာတွေ ရှိပါတယ်။ ဖေဖေါ်ဝါရီ ၄ ရက်လောက်က ထင်တယ်၊ တအောင်းပလောင်အဖွဲ့(TNLA)က အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဂျာယန်ဆိုတဲ့ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားတဲ့  တအောင်းလူမျိုး  ၁၂၇ ယောက်ကို သွားရောက် ကယ်တင်ခဲ့ရတယ် ဆိုတဲ့ သတင်းပါ။

 

ဂျာယန်ဆိုတဲ့အဖွဲ့က အရင်က မထုနော်ရဲ့ ကောင်းခါးပြည်သူ့စစ်အဖွဲ့ ဖျက်သိမ်းခံရပြီးနောက် ကျန်ခဲ့သူတွေနဲ့ ဖွဲ့ထားတာလို့လည်း သိရပါတယ်။ ကောင်းခါးဆိုတဲ့အဖွဲ့ကလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ ထဲထဲဝင်ဝင် ပတ်သက်မှုတွေကို ဖုံးဖိလို့ မရအောင် ဖြစ်လာလို့ ဖျက်သိမ်း လိုက်ရတာပါ။ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ရဲ့ သတ်မှတ်ချက်က လူ ၂၀ ကနေ ၁၀၀အထိပဲလို့ ဆိုပါတယ်။

 

ဆိုတော့ စဉ်းစားစရာက ဒီဂျာယန်ဆိုတဲ့အဖွဲ့ဟာ ကိုယ်လူမျိုး မဟုတ်တဲ့ အရပ်သားတွေကို ဖမ်းပြီး အကြမ်းဖက်စစ်ကောင်စီ စစ်ဗိုလ်တွေနဲ့ လက်ဝါးရိုက် ရောင်းစားကြဖို့လည်း ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီ စစ်တပ်ကလည်း တပ်သားသစ်ရော၊ ဗိုလ်လောင်းသစ်ပါ ရှားပါးခမ်းခြောက်နေလို့ လုပ်ကြတာ ဖြစ်နိုင်ပါတယ်။ ပလောင်လူမျိုးကို ကိုယ်စားပြုတဲ့ တပ်တစ်တပ်သာ မရှိခဲ့ရင် ဒီလို ဘယ်သူကမှ ကယ်ထုတ်မှာ မဟုတ်ပါဘူး။ ဒီတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကစခဲ့တဲ့ လူမျိုးငယ်တိုင်း လက်နက်ကိုင်ထားမှ ကိုယ့်လူမျိုး ကိုယ်ကာကွယ်နိုင်မယ်ဆိုတဲ့ သဘောတရားက အကြမ်းဖက် စစ်ကောင်စီ လက်ထက်မှာ ပိုမှန်လာပြီ ဆိုတဲ့ သဘောပါ အခုတော့ အာဏာရူး စစ်ခေါင်းဆောင်တစ်သိုက်ကြောင့် လူများစုလူမျိုးဖြစ်တဲ့ ဗမာလူမျိုးဒေသတွေမှာပါ လက်နက်ကိုင် လာကြရတော့တာပါပဲ။

 

ရင်ကြားစေ့ရေးဆိုတာ လုပ်ခဲ့ကြတုန်းက “စစ်ဘောင် ကျဥ်းအောင်၊ နိုင်ငံရေးဘောင် ကျယ်အောင်” NLD အစိုးရရော၊ တိုင်းရင်းသားအဖွဲ့တွေပါ ကြိုးစားခဲ့ကြတာပါ။ အဲဒီကတည်းက ငြိမ်းချမ်းရေး ညီလာခံတွေမှာ ငြိမ်းချမ်းရေးရဖို့ အကြီးဆုံး အခုအခံ၊ အတားအဆီးက စစ်တပ်ပါပဲ။

 

ဒါဟာ လက်ရှိပကတိ အခြေအနေ ဖြစ်ဖြစ်သလို အမှန်တရားလို့ ဆိုရမှာပါ။ စစ်တပ်ရဲ့ နှစ် ၆၀ လောက် လွှမ်းမိုးအုပ်ချုပ်မှုကို မြို့ပေါ်တိုက်ပွဲ နည်းလမ်းတွေနဲ့ ၁၉၆၂ ခုနှစ်ကတည်းက အံတုခဲ့တဲ့ ဗမာတွေဟာ အခုတော့ လက်နက်ကိုင် လာရတာ နှစ်နှစ်တောင် ရှိလာခဲ့ပြီ။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ တစ်ခုချင်းကို စစ်ရေးနဲ့ ဖိလိုက်၊ သွေးခွဲသပ်လျှိုတဲ့ နည်းလမ်းကို သုံးလိုက်၊ ငြိမ်းချမ်းရေး လုပ်လိုက်၊ ပြည်သူ့စစ်အဖြစ် မွေးမြူလိုက်နဲ့ နည်းပေါင်းစုံ သုံးလာတဲ့ စစ်တပ်ဟာ အခုလို ဗမာတွေပါ လက်နက်ကိုင်လာတော့ ဒုက္ခလှလှ တွေ့နေရပါပြီ။

 

လက်နက်ကိုင် တပ်ဖွဲ့ပေါင်းစုံရဲ့ နှစ်နှစ်ဝန်းကျင်သာ ကြာသေးတဲ့ နွေဦး တော်လှန်ရေး တိုက်ပွဲတွေကြောင့် အကြမ်းဖက် စစ်တပ်ရဲ့နှစ် ၆၀ ကြာ ဖိနှိပ်စိုးမိုးခဲ့မှုမှာ အခြေအနေ အတော် ဆိုးလာခဲ့ပါပြီ။ မကြုံစဖူး တိုင်းပြည် သုံးပုံတစ်ပုံလောက်ကို မထိန်းချုပ်နိုင်တော့ကြောင်း မင်းအောင်လှိုင်ကိုယ်တိုင် ကြေညာရတဲ့ဘဝ ရောက်လာပါတယ်။  တကယ်ကတော့ တစ်တိုင်းပြည်လုံးနီးပါး မြို့ကြီးတွေကလွဲရင် စိုးမိုးနိုင်တာ မရှိတော့ပါဘူး။ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာတောင် ပြောက်ကြားတိုက်ခိုက်မှုတွေရှိနေတာပါ။ တကယ်တော့ “အရူးမီးဝိုင်း”ဆိုတဲ့ စကားက အခု စစ်ကောင်စီရဲ့ အခြေအနေမျိုးကို ပြောတာပါပဲ။

 

 

ရင်ကြားစေ့ရေးဆိုတာ လုပ်ခဲ့ကြတုန်းက “စစ်ဘောင် ကျဥ်းအောင်၊ နိုင်ငံရေးဘောင် ကျယ်အောင်” NLD အစိုးရရော၊ တိုင်းရင်းသားအဖွဲ့တွေပါ ကြိုးစားခဲ့ကြတာပါ။ အဲဒီကတည်းက ငြိမ်းချမ်းရေး ညီလာခံတွေမှာ ငြိမ်းချမ်းရေးရဖို့ အကြီးဆုံး အခုအခံ၊ အတားအဆီးက စစ်တပ်ပါပဲ။ အခုတော့ နိုင်ငံရေးအရ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အခင်းအကျင်းက စစ်အာဏာသိမ်းမှုအောက်မှာ ကွယ်ပျောက်သွားခဲ့ပါပြီ။ စစ်ဘောင်တစ်ခုကနေပဲ ငြိမ်းချမ်းရေးလမ်းကို လျှောက်စရာ ရှိပါတော့တယ်။

 

နိုင်ငံရေးဘောင်နဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ဆိုတာက NUG အစိုးရလုပ်နေတဲ့ နိုင်ငံတကာ သံရေးတမန်ရေးတွေနဲ့ NUCC က ရေးဆွဲနေတဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့ အခင်းအကျင်းမျိုးတွေပဲ ရှိပါတယ်။ တစ်နည်းပြောရရင် စစ်တပ် မပါတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို တိုင်းရင်းသားအဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေက စုပေါင်းဖန်တီးနေကြတာပါ ဒီလမ်းကြောင်းမှာ မပါဝင်သေးတဲ့ တိုင်းရင်းသား ERO အဖွဲ့အစည်း တချို့လည်း ရှိနေပါသေးတယ်။ လက်ရှိအခြေအနေမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကလည်း အသံ မထွက်နိုင်ပါဘူး။ NUCC မှာ နိုင်ငံရေးပါတီက တစ်ခုပဲ ပါဝင်နေတာ ဖြစ်တဲ့အတွက် အားလုံးရဲ့ အမြင်သဘောထားတွေကို ထင်ဟပ်ဖို့ဆိုတာ အခက်အခဲတော့ ရှိနေဆဲပါပဲ။

 

"အနာဂါတ် ဒီမိုကရေစီဟာ အတိအကျ ဘယ်လို ပုံစံမျိုး ဖြစ်မယ်ဆိုတဲ့ အသေးစိတ်မူကြမ်းကို မျှော်လင့်နေရင် ဒါက လက်တွေ့ မကျဘူးလို့ ထင်ပါတယ်။ ဒါတွေက နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။  

 

ဒါကြောင့် ကြားကာလ ဖွဲ့စည်းပုံဆိုတာကလည်း ကြားကာလနဲ့ လျော်ညီစွာပဲ ဖြစ်လာရမှာပါ။ ဒီနေရာမှာ အမေရိကန် သံအမတ်ဟောင်း စကော့မာစီရယ် ပြောတာလေးကိုလည်း သတိပြုမိတယ်။ 

 

"အနာဂါတ် ဒီမိုကရေစီဟာ အတိအကျ ဘယ်လို ပုံစံမျိုး ဖြစ်မယ်ဆိုတဲ့ အသေးစိတ်မူကြမ်းကို မျှော်လင့်နေရင် ဒါက လက်တွေ့ မကျဘူးလို့ ထင်ပါတယ်။ ဒါတွေက နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။ အနည်းဆုံးတော့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်လိုမျိုး အခြေခံမူတွေနဲ့  ရှေ့ဆက်ရမယ့် လမ်းကြောင်းနဲ့ပါတ်သက်ပြီး နောက်နှစ်နှစ်အတွင်း ကျနော်တို့ ဘာတွေလုပ်မယ် ဆိုတဲ့ သဘောတူညီမှုတွေ ပိုရနိုင်လေ၊ ပြည်ပအစိုးရတွေနဲ့ မြန်မာပြည်သူတွေအတွက် အထောက်အကူ ပိုပြုလေပါပဲ" လို့ စကော့မာစီရယ်က ပြောတာပါ။

 

လက်ရှိအချိန်မှာ စိုးရိမ်စရာကောင်းတာက အငြင်းပွါးဖွယ်ရာ ဒွိဟဖြစ်စရာတွေ များလွန်းတဲ့ ကိစ္စတွေနဲ့ ငြင်းရင်းခုံရင်း အချိန်ကုန်သွားရင် နိုင်ငံတကာရဲ့ နားလည်မှုနဲ့ ကူညီထောက်ပံ့မှုတွေ နှောင့်နှေးသွားနိုင်တဲ့အချက်ပါ။

 

သူက မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ဖူးသလို မြန်မာ့အရေးကိုလည်း အတော်ကြီး ထဲထဲဝင်ဝင် သိတဲ့ မျက်စိကြီးနားကြီး ပုဂ္ဂိုလ်ဖြစ်တာကြောင့် သူ့ရဲ့ အမြင်၊ သူ့ရဲ့ သုံးသပ်ချက်ကို လက်ရှိ တော်လှန်ရေးမှာ ဦးဆောင်မှု အခန်းကဏ္ဌက ပါဝင်နေတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ အလေးထားသင့်တယ်လို့ ယူဆပါတယ်။ လက်ရှိအချိန်မှာ စိုးရိမ်စရာကောင်းတာက အငြင်းပွါးဖွယ်ရာ ဒွိဟဖြစ်စရာတွေ များလွန်းတဲ့ ကိစ္စတွေနဲ့ ငြင်းရင်းခုံရင်း အချိန်ကုန်သွားရင် နိုင်ငံတကာရဲ့ နားလည်မှုနဲ့ ကူညီထောက်ပံ့မှုတွေ နှောင့်နှေးသွားနိုင်တဲ့အချက်ပါ။

 

အထူးသဖြင့် ပြည်နယ်တွေကို ဘယ်လို ဖွဲ့စည်းကြမလဲဆိုတဲ့ ပြဿနာမျိုးတွေပါ။ ၁၉၆၀ ဝန်းကျင်က ရခိုင်ပြည်နယ် ဖွဲ့စည်းရေးနဲ့ မွန်ပြည်နယ် ဖွဲ့စည်းရေးဆိုတဲ့ လုပ်ငန်းစဉ်တွေကိုပဲ လေ့လာကြည့်ပါ။ ဦးနု အစိုးရ လက်ထက်မှာ ကော်မရှင်ဖွဲ့ပြီး စုံစမ်လေ့လာတာတွေ လုပ်ကြ၊ ပြည်နယ်သူ ပြည်နယ်သား တွေရဲ့ သဘောထားတွေ မေးမြန်းကြနဲ့ ဒီမိုကရေစီနည်းကျ အဆင့်ဆင့် အချိန်ယူ လုပ်ဆောင်ရတာပါ။

 

ဒီဖြစ်စဉ်တွေ ရှိခဲ့လို့ ဦးနေဝင်းရဲ့ မဆလ လက်ထက်မှာ ဒီပြည်နယ်တွေကို အလွယ်တကူ ဖွဲ့စည်းနိုင်တာပါ။ ဖက်ဒရယ် ဖြစ်စဉ်တွေကို လေ့လာအတုယူကြရာမှာ သမိုင်းကြောင်းရော၊ လူမှုဖွဲ့စည်းပုံ ဓလေ့တွေပါ နီးစပ်တဲ့ နိုင်ငံတွေကို ပိုပြီး မှီငြမ်းအတုယူကြရမှာ ဖြစ်ပါတယ်။

 

အမှန်ကတော့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်ကသာ အာဏာ မသိမ်းခဲ့ရင် အိန္ဒိယမှာ ၁၉၅၆ ခုနှစ်ကနေ ၂၀၁၄ ခုလောက်အထိ ပြည်နယ်အသစ်တွေ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသလိုမျိုး မြန်မာနိုင်ငံမှာလည်း ဖြစ်လာမှာပါ။ 

 

မြန်မာနိုင်ငံအတွက်ဆိုရင် အိန္ဒိယဟာ အနီးစပ်ဆုံး ပုံစံလို့ ဆိုရပါမယ်။ အမှန်ကတော့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်ကသာ အာဏာ မသိမ်းခဲ့ရင် အိန္ဒိယမှာ ၁၉၅၆ ခုနှစ်ကနေ ၂၀၁၄ ခုလောက်အထိ ပြည်နယ်အသစ်တွေ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသလိုမျိုး မြန်မာနိုင်ငံမှာလည်း ဖြစ်လာမှာပါ။ အိန္ဒိယပုံစံက နယ်မြေတစ်ခုအတွင်းမှာ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အဲဒီ နယ်မြေခံ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို အခြေခံပြီး ပြည်နယ်သစ်တွေကို ဖွဲ့စည်းပေးတဲ့ ပုံစံပါ။ 

 

အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံမှာက စစ်တပ်ရဲ့ အာဏာ ရမ္မက်လောဘနဲ့ ဆိုးဝါးယုတ်မာလှတဲ့ တစ်ဖက်သတ် ဆောင်ရွက်ချက်တွေကြောင့် “ဗမာလူမျိုးကြီးဝါဒ” ဆိုတဲ့ အမြင်ကို လူနည်းစု တိုင်းရင်းသားတွေ ကြားမှာ ကာလရှည်ကြာ ခံစားထင်မြင်လာခဲ့ကြပါတယ်။ ဒီခံစားချက်ကို အခြေခံပြီး တိုင်းပြည်ရဲ့ အနာဂါတ်အရေးကို ပုံဖေါ်ကြရင်တော့ သာမန် လူများစု ဗမာတွေရဲ့ သဘောထားအမြင်နဲ့ ကွာဟမှုတွေ ရှိကောင်း ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုဖို့ လိုပါလိမ့်မယ်။ 

 

အမေရိကန် သံအမတ်ကြီးဟောင်း စကော့မာစီရယ်ကလည်း ဒီအချက်တွေကို ကြိုမြင်ထားပုံရပါ တယ်။ ဒါကြောင့် ကြားကာလဖွဲ့စည်းပုံဆိုတာကလည်း ကြားကာလအတွက်ပဲ ဖြစ်ရမှာ ဖြစ်တဲ့အတိုင်း ညှိမရသေးတဲ့ အချက်တွေကို သိပ်ပြီး အသေးစိတ် ရေးသားပြဋ္ဌာန်းနိုင်ဖို့ လုပ်ဆောင်နေရင်တော့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအရေးက ရှေ့ကို ရွေ့ဖို့ခက်ခဲနေဦးမှာပါ။

 

အရေးကြီးဆုံးက ဥပဒေပုဒ်မတွေနဲ့မှ လိုက်နာကြမယ်လို့ ထင်တဲ့အရာတွေကို အခု တော်လှန်ရေး ကာလအတွင်း  သွေးနဲ့ရင်းပြီး စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ တည်ဆောက်လို့ ရပါတယ်။ ငါတို့  တည်ဆောက် သွားကြမယ်ဆိုတဲ့ စိတ်ဓါတ်ကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ 

 

တဖြည်းဖြည်း အချိန်ယူ ဆွေးနွေးညှိနှိုင်းရမယ့် အရာတွေ၊ တဖြည်းဖြည်း အချိန်ယူ တည်ဆောက် ရမယ့် အရာတွေက အကြမ်းဖက်စစ်ကောင်စီအလွန်ကာလ ဖွဲ့စည်းပုံ အတည်ရေးဆွဲတဲ့အချိန်ကျမှ ပြုပြင်ညှိနှိုင်း ရေးဆွဲကြရမှာ ဖြစ်ပါတယ်။

 

အရေးကြီးဆုံးက ဥပဒေပုဒ်မတွေနဲ့မှ လိုက်နာကြမယ်လို့ ထင်တဲ့အရာတွေကို အခု တော်လှန်ရေး ကာလအတွင်း  သွေးနဲ့ရင်းပြီး စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ တည်ဆောက်လို့ ရပါတယ်။ ငါတို့  တည်ဆောက် သွားကြမယ်ဆိုတဲ့ စိတ်ဓါတ်ကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီတော့ စစ်ထမ်းပိုးအောက်က ရုန်းထွက်ချင်ကြတယ် ဆိုရင်တော့ “အားလုံးညီ တချီထဲ ရုန်းကြ” ဆိုတဲ့ စကားအတိုင်း တော်လှန်ရေးအင်အားစုတွေ အချင်းချင်း သွေးစည်းညီညွတ်မှု၊ နားလည်သည်းခံမှု၊ လိုက်လျော အလျှော့ပေးမှုတွေကသာ အရာရာဖြေရှင်းနိုင်မယ်ဆိုတာ အားလုံး နားလည် သတိချပ်ကြစေချင်ပါတယ်။ ။

~~~~

ခိုင်မြဲနွေဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။