Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အောင်ပွဲက မနက်ဖြန် သဘက် (OPINION)

မင်းတို့က မုန်တိုင်းဝင်ရောက်မှာမို့ နဂါးကို နို့တိုက်ကျွေးပြီး ချော့မော့၊ ရှင်ဥပဂ္ဂုတ်ဖောင်လွှတ်ပြီး တောင်းပန်သတဲ့လား။ မင်းတို့ရဲ့အတွေးအခေါ်တွေနဲ့ တိုင်းကြည်အုပ်ချုပ် မင်းလုပ်ချင်တာ အံ့ပါရဲ့ကွာ။ ဟော AA ကတော့ သူထိန်းချုပ်ရာ နယ်မြေအတွင်းက ကြည်သူတွေကို မုန်တိုင်းကင်းလွတ်ရာနိုင်မယ့် နေရာတွေကို ပို့ဆောင်ပေးနေတယ်လေ။ ဒီတော့ AAကို ရခိုင်ပြည်သူတွေက ထောက်ခံအားပေးကြတာ အံ့အားသင့်စရာ မဟုတ်ပေဘူးပ။ ရခိုင်မှမဟုတ်ပါဘူး။ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်၊ ကရင်နီနဲ့ ဗမာတိုင်းရင်းသားတွေက မင်းတို့ကို မထောက်ခံ၊ လက်နက်ကိုင်ပြီး တော်လှန်နေကြတာလည်း နားလည်နိုင်စရာပေပ။

 

ဟော မုန်တိုင်းတိုက်ပြီးတာ့ မင်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်လေးရာကျော် သေဆုံးကြတယ်ဆိုပါလား။ AAရဲ့ပြောခွင့်ရ ခိုင်သုခကတော့ လူကြီးလူကောင်းပီသစွာနဲ့ မင်းတို့ထိန်းချုပ်မှုအောက်မှာရှိနေလို့ အတိအကျမသိဘူးလို့ ပြောသွားရှာပါရဲ့။ မုန်တိုင်းမတိုင်ခင်က တစ်ယောက်မှ မသေဆုံးစေရဘူးလို့ မင်းပြောခဲ့သေးတယ်လေ။ အခု မင်းတို့ထိန်းချုပ်ရာအောက်မှာ လူလေးရာကျော်နဲ့ တိရစ္ဆာန် ၂၀၀၀ ကျော် သေဆုံးသွားခဲ့ပြီမဟုတ်လား။ အဲဒါ မင်းမှာ တာဝန်လုံးဝရှိတယ်လေ။ တာဝန်ယူဖို့ လိုအပ်တယ်။ 

 

မုန်တိုင်းသင့်ပြည်သူ ၄သိန်းအတွက် ကုလသမဂ္ဂက တစ်လတာ စားစရိတ်ကို တာဝန်ယူလိုက်တယ်။ ဒါပေမဲ့ ပြန်လည်ထူထောင်ရေးကို ဘယ်သူက တာဝန်ယူမှာလဲ။ အာဏာသိမ်းယူထားတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းရဲ့တာဝန်ပဲ။ အပြည့်အဝ တာဝန်ယူရလိမ့်မယ်။ ပြည်သူကိုသတ်ဖြတ်ဖို့ ဘီလီယံနဲ့ချီပြီး လက်နက်တွေ ဝယ်ယူနိုင်သေးတာပဲကွာ။ ပြန်လည်ထူထောင်ရေးအတွက်လည်း ဘီလီယံနဲ့ချီပြီး သုံးစွဲဖို့လိုအပ်တာပေါ့။ မရှိဘူးဆိုတဲ့စငါးကို မပြောနဲ့။ ခေါခေါကိုသာ ရုရှာကို အလှူခံလွှတ်လိုက်ပေတော့။ သူ့ဘာသာ မိဘပေးထားတဲ့လယ်ကွက်ပေါင်ပြီး ရင်းနှီးခဲ့ ရင်းနှီးခဲ့ အကူအညီငွေရလာဖို့ အရေးကြီးပါတယ်။ ရုရှားက မင်းပထွေးမဟုတ်လား။ 

 

မုန်တိုင်းတိုက်လို့ ပြည်သူတရပ်လုံးက ရခိုင်ပြည်သူတွေအတွက် စိုးရိမ်ပူပန်သောက ရောက်နေကြတဲ့အချိန် မင်းတို့မို့ လူစိတ်ကင်းမဲ့စွာ ကနီနဲ့ခင်ဦးကို စစ်ကြောင်းထိုးသတဲ့လား။ ယုတ်မာမှုကတော့ ကမ်းကုန်ပါပဲ။ ဒါပေမဲ့ မင်းတို့ပဲ ကနီဘက်မှာ အထိနာခဲ့တယ်လေ။

 

မုန်တိုင်းတိုက်လို့ ပြည်သူတရပ်လုံးက ရခိုင်ပြည်သူတွေအတွက် စိုးရိမ်ပူပန်သောက ရောက်နေကြတဲ့အချိန် မင်းတို့မို့ လူစိတ်ကင်းမဲ့စွာ ကနီနဲ့ခင်ဦးကို စစ်ကြောင်းထိုးသတဲ့လား။ ယုတ်မာမှုကတော့ ကမ်းကုန်ပါပဲ။ ဒါပေမဲ့ မင်းတို့ပဲ ကနီဘက်မှာ အထိနာခဲ့တယ်လေ။ ဒီမှာ။ တို့ပြည်သူတရပ်လုံးက တော်လှန်ရေးအတွက် ဘယ်တော့မှ သတိမလွတ်ဘူး။ အမြဲနိုးကြားနေတယ်ဆိုတဲ့ ပြယုဂ်ပါပဲ။ ခုဆို မင်းတို့ရဲ့ အခိုင်အမာတပ်ဆွဲထားတဲ့စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရပြီ။ ထိုးစစ်ဆင်တဲ့နရာမှာလည်း မင်းတို့အရင်းအနှီးများပြား ကြီးမားသွာ ပေးဆပ်နေကြရပြီ။ လေကြောင်းပစ်ကူကလွဲပြီး မင်းတို့အနေနဲ့ ဗျူဟာအားလုံး အရှုံးရလဒ်တွေသာ ရရှိနေတယ်မဟုတ်ပါလား။ 

 

အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ။ ခုတော့ မင်းအနေနဲ့ သမ္မတဖြစ်ဖို့၊ နိုင်ငံအုပ်ချုပ်နိုင်ဖို့ ဝေးစွ။ မင်းရဲ့အကြမ်းဖက်အဖွဲ့အစည်းကိုတောင် စည်းကမ်းတကျ မထိန်းသိမ်း၊ မအုပ်ချုပ်နိုင်တော့ဘူးမဟုတ်လား။ ဘယ်လိုပဲ ဖုံးဖိဖုံးဖိ၊ တိုင်းမှူးတွေဖမ်း၊ တပ်မမှူးတွေဖမ်းဆိုတဲ့အေနအထားဟာ တပ်ပျက်နေပြီဆိုတာကို ညွှန်ပြနေသကွ။ ဒီမှာ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောကတော့လည်း မင်းကို ရာဇဘိသိတ် သွန်းလောင်းပေးခဲ့တဲ့ မောင်သန်းရွှေနဲ့ပဲ တွေ့ဆုံခဲ့တယ်လေ။ အဲဒါ မင်းကို နိုင်ငံမပြောနဲ့ တပ်ကိုတောင် မအုပ်ချုပ်နိုင်တော့တဲ့ အရည်အချင်းဖြစ်နေပြီဆိုတာ နားလည်သွားပြီဆိုတဲ့သဘောပဲကွ။ 

 

မောင်သန်းရွှေလည်း ကယ်မနိုင်မယ် မထင်တော့ဘူး။ ဘာလို့လည်းဆိုတော့ သူကလည်း သူ့သြဇာလွှမ်းမိုးရေးအတွက် သူ့ကိုယှဉ်နိုင်တဲ့ ကျော်ဘ၊ ထွန်းကြည်တို့ကို ဖယ်ရှားခဲ့တယ်လေ။ ဒီတော့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းမှာ မျိုးဆက်ကွာဟသလို ဖြစ်သွားတာပေါ့။ ဒါကြောင့် မောင်သန်းရွှေလည်း မင်းတို့ပြတိုက်မှာ ဓာတ်ပုံချိတ်ဆွဲရုံသာ ရှိတော့တာပါ။ ဘာသြဇာ၊ အာဏာမှ မရှိတော့ပါဘူး။ ပြောရရင်တော့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံတွေက မင်းတို့ကို ဗဟိုပြုချဉ်းကပ်နေသမျှ တို့နိုင်ငံရဲ့ပြဿနာဟာ ခုတ်ရာတခြား၊ ဆေးထည့်ရာတခြား ဖြစ်နေမှာပါပဲ။ 

 

ပြည်သူ့အားနဲ့ ဆန္ဒပြဆန့်ကျင်ခဲ့ကြတယ်

 

သိကြတဲ့အတိုင်း တို့ပြည်သူတွေက စစ်အာဏာရှင်တွေကို ၁၉၆၂ ခုနှစ်ကတည်းက လက်မခံခဲ့ကြတာပါကွာ။ ပြည်သူ့အားနဲ့ ဆန္ဒပြဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမဲ့ မင်းတို့စစ်အာဏာရှင်တွေက လူလိုပြော၊ လူလိုနားလည်ခဲ့ကြတဲ့ကောင်ေတွမှ မဟုတ်ပဲ။ ဒီတော့ မင်းတို့ဘိုးအေ မောင်နေဝင်းပြောသလို နောက်ဆုံးတော့ ဒုတ်ဒုတ်ချင်း၊ ဓား ဓားချင်း ယှဉ်ပြိုင်ရတော့တာပေါ့ကွာ လက်နက်ကိုင်တော်လှန်ခြင်းဟာ နိုင်ငံရေး အဆုံးစွန် ဖြေရှင်းခြင်းတစ်ရပ်ပါပဲ။ အဲဒီမှာ ကျားက သတ်သတ်လွတ်စားတယ်ဆိုတာကို ယုံကြည်ကြတဲ့သူတွေကတော့ စစ်အာဏာရှင်တွေ စည်းကမ်းတကျနဲ့ ဒီမိုကရေစီတည်ဆောက်ပေးလိမ့်မယ်ဆိုတာကို ယုံကြည်နေကြလေရဲ့။ 

 

မင်းတို့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းကို မင်းတို့နဲ့မသက်ဆိုင်တဲ့ နိုင်ငံရေးစင်မြင့်ကနေ မောင်းထုတ်ရုံနဲ့ မဆင်းလို့ လက်နက်နဲ့ နှိမ်နင်းပြီး မောင်းထုတ်နေကြတာ။ ဒီတော့ တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အကြမ်းဖက်မှုမဟုတ်ဘူး။ နိုင်ငံရေး အဆုံးစွန် ဆောင်ရွက်ခြင်းဖြစ်တယ်။ 

 

လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်မှုလို့ သတ်မတ်ထားကြတယ်။ အဲဒီမှာ မင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းကသာ အကြမ်းဖက်အဖွဲ့ပီပီ ရွာတွေမီးရှို့၊ ပြည်သူတွေကို သတ်ဖြတ်နေကြတာ။ တို့တော်လှန်ရေးအဖွဲ့အစည်းတွေက မင်းတို့ စစ်အာဏာရှင်တွေကိုသာ ဦးတည် တိုက်ခိုက် သုတ်သင်နေကြတာပါကွာ။ မင်းတို့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းကို မင်းတို့နဲ့မသက်ဆိုင်တဲ့ နိုင်ငံရေးစင်မြင့်ကနေ မောင်းထုတ်ရုံနဲ့ မဆင်းလို့ လက်နက်နဲ့ နှိမ်နင်းပြီး မောင်းထုတ်နေကြတာ။ ဒီတော့ တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အကြမ်းဖက်မှုမဟုတ်ဘူး။ နိုင်ငံရေး အဆုံးစွန် ဆောင်ရွက်ခြင်းဖြစ်တယ်။ 

 

 ပြည်သူတွေက နိုင်ငံအတွက် တော်လှန်နေကြတာ။ ပြောရရင် ပြည်သူတွေက နိုင်ငံကို တော်လှန်နေကြတာ မဟုတ်ဘူး။ နိုင်ငံကို ဖျက်ဆီးနေကြတဲ့ မင်းတို့ စစ်အာဏာရှင်တွေကို တော်လှန်နေကြတယ်။ 

 

ဒီမှာ။ တို့ရဲ့တော်လှန်ရေးဟာ မင်းတို့တွေ နိုင်ငံရေးစင်မြင့်မှာ ရှိနေသမျကာလပတ်လုံး ပြီးဆုံးမှာ မဟုတ်ပေဘူး။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ တစ်ဘက်ဘက်မကျဆုံးသရွေ့ ပြီးဆုံးမှာလည်း မဟုတ်ပေဘူး။ အခုတော်လှန်ရေးက ပြည်သူနဲ့ စစ်အာဏာရှင်တို့ရဲ့ တိုက်ပွဲပါ။ မင်းတို့စစ်အာဏာရှင်တွေက မင်းတို့အကျိုးစီးပွားအတွက်မို့သာ ကာကွယ်နေကြတာ။ ပြည်သူတွေက နိုင်ငံအတွက် တော်လှန်နေကြတာ။ ပြောရရင် ပြည်သူတွေက နိုင်ငံကို တော်လှန်နေကြတာ မဟုတ်ဘူး။ နိုင်ငံကို ဖျက်ဆီးနေကြတဲ့ မင်းတို့ စစ်အာဏာရှင်တွေကို တော်လှန်နေကြတယ်။ အဲဒီမှာ ပြည်သူတစ်ရပ်လုံးနဲ့ မင်းတို့ လက်တစ်ဆုပ်စာ စစ်အာဏာရှင်တို့ ယှဉ်ပြိုင်ကြမယ်ဆိုရင် မင်းတို့ မုချကျရှုံးပြိုလဲရမှာပဲ။ 

 

ခုဆို မင်းတို့အာဏာသိမ်းခဲ့တာ ၃ နှစ်ထဲ ရောက်လာပြီ။ မင်းတို့မှာ လက်နက်အပြည့်အစုံ၊ လေ့ကျင့်ထားတဲ့ အင်အားအပြည့်အစုံရှိပါလျှက် ပြည်သူအပေါ် ထိန်းချုပ်လွှမ်းမိုးထားနိုင်ပါရဲ့လား။ အရေးပေါ်သက်တမ်းကာလ တိုးမြှင့်ခဲ့ရပြန်ပြီမဟတ်လား။ ပြည်နယ်တွေမပြောနဲ့၊ တိုင်းဒေသကြီးတွေတောင် မထိန်းချုပ်နိုင်ဖြစ်နေပြီမဟုတ်လား။ ရွေးကောက်ပွဲလုပ်ဖို့ ပါတီအဖွဲ့အစည်းတွေကို စည်းကမ်းချက်တွေထုတ်၊ အခု အဲဒီပါတီတွေက မင်းတို့ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေအတိုင်း ပါတီအင်အားစုဆောင်းနိုင်ပြီလား။ ပါတီရုံးတွေ တည်ဆောက်နိုင်ပြီလား။ ပါတီအင်အား မစုဆောင်းနိုင်ရင်၊ ပါတီရုံးတွေ မတည်ဆောက်နိုင်ရင် ပါတီအလိုအလျောက် ဖျက်သိမ်းသလိုဖြစ်မှာလား။ ကြံ့ဖွတ်ပါတီတောင် ဖျက်သိမ်းခံရသလိုဖြစ်နေပြီထင္ပါရဲ႕။ 

 

မင်းတို့အနေနဲ့တော့ အရှင်ထွက်လည်း ထွက်လို့မရတော့ဘူး။ အချိန်တွေအများကြီး နောက်ကျသွားပြီ။ အသေထွက် ထွက်ဖို့သာ ပြင်ဆင်ထားကြပေတော့။ ဂူဂူတို့နဲ့ သရဏဂုံ တင်ထားလိုက်ကြပေါ့ကွာ။

 

အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ။ ခုတော့ မင်းအနေနဲ့ နောက်ဆုတ်လိုလြည်းမရတော့၊ ရှေ့တိုးလို့လည်းမရတော့သလို ညှပ်ပူးညှပ်ပိတ်ဖြစ်နေပြီမဟုတ်ပါလား။ ဟုတ်တယ်လေ။ ၃ နှစ်အတွင်း မင်းတို့အနေနဲ့ ငွေအား၊ လူအား၊ အသိုင်းအဝိုင်းအား ဆုတ်ယုတ်လျော့ပါးသွားသလောက် ပြည်သူ့ဘက်ကရပ်တည်ကြတဲ့အင်အား၊ နိုင်ငံတကာအင်အားက တောင့်တင်းခိုင်မာလာလိုက်တာ အနာဂတ်အလားအလာက ထင်ရှားမြင်နေရပြီ။ ခုတော့ နွေဦးတော်လှန်ရေး အောင်မြင်မှာလားဆိုတဲ့ သံသယတွေ ကင်းစင်ကွယ်ပျောက်သွားကြပြီ။ နွေဦးတော်လှန်ရေးရဲ့အောင်ပွဲက ကနေ့လား၊ နက်ဖြန်လားဆိုတာ စိတ်ဝင်တစား ပြင်ဆင်နေကြပြီလေ။ 

 

မင်းတို့အနေနဲ့တော့ အရှင်ထွက်လည်း ထွက်လို့မရတော့ဘူး။ အချိန်တွေအများကြီး နောက်ကျသွားပြီ။ အသေထွက် ထွက်ဖို့သာ ပြင်ဆင်ထားကြပေတော့။ ဂူဂူတို့နဲ့ သရဏဂုံ တင်ထားလိုက်ကြပေါ့ကွာ။

 

နွေဦးတော်လှန်ရေး အောင်ရမယ်။ 

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။