Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အသေထွက် လမ်းမှတပါး

 ဟေ့ အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ။ 

 

ခုတော့ဖြင့် မင်းရဲ့ အတ္တအကျိုးအတွက် သိမ်းယူခဲ့တဲ့ အာဏာသိမ်းမှုဟာ မအောင်မြင်တဲ့အပြင် မြေကြီးလက်ခတ်မလွဲ ကျဆုံးတော့မယ်ဆိုတာ ထင်ရှားလာပါပကောလားဟ။ တရုတ်လည်း မကယ်နိုင်တော့။ ကတုံးတွေလည်း မကယ်နိုင်တော့။ ယတြာတွေလည်း မစွမ်းသာတော့။ စခ၊ ရခ တွေလည်း မထောက်ကူနိုင်တော့။ ကိုယ့်မိုက်ပြစ်နဲ့ကိုယ် ခံလိုက်ပေဦးတော့ပေါ့ကွာ။ 

 

တရုတ်ကြီးကတော့ မင်း ပေါ့လျော့ပါစေတော့ဆိုပြီး မြောက်ပိုင်း ၃ဖွဲ့နဲ့တွေ့ဆုံဖို့ စီမံပေးပါရဲ့။ ဒါပေမဲ့ ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးကြောင့်ပိုလေးဆိုတဲ့ကိန်း ဆိုက်သွားပါရောလား။ မြောက်ပိုင်း ၃ဖွဲ့မှာ မင်းတို့နှိပ်စက်ထားလို့ ကျောမှာ ဒဏ်ရာတွေနဲ့။ အနာဖေးတောင် မတက်သေးဘူး။ ဒါကို မင်းတို့က မာန်ဝင့်ပြီး ကြိမ်လုံးတပြပြဆိုတော့ ဟိုက နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်တာပေါ့ကွာ။ TNLA, MNDAA, KIA တိ့နဲ့ လားရှိုး၊ သိန္နီ ဘက်မှာ တိုက်ပွဲဖြစ်လိုက်တာမင်းတို့စခတွေ အတုံးအရုံးဆိုပါလား။ စခတွေမှာ တိုက်ချင်၊ ခိုက်ချင်စိတ် မရှိကြတော့ဘူးတဲ့။ 

 

ဒီမှာ။ မရှေးမနှောင်း KNU နဲ့ဖြစ်လိုက်တဲ့ တိုက်ပွဲမှာလည်း ရိက္ခာလမ်းကြောင်းအဖြတ်ခံလိုက်ရပြီး စခအလောင်းတွေလည်း မြင်မကောင်းပါပဲတဲ့။ အဲဒီမှာ မင်းတို့က ထုံးစံအတိုင်း အပြစ်မဲ့ပြည်သူတွေကို အတင်းအဓမ္မနေရာပြောင်းခိုင်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ကြတော့တာပဲ။ အကျိုးဆက်ကတော့ မင်းတို့ကို ဆန့်ကျင်တိုက်ခိုက်ကြတဲ့အင်အား ပိုမိုကြီးထွား လာစေတာပဲပေါ့ကွာ။ တကယ်တော့ တို့ပြည်သူ့တော်လှန်ရေးကြီး ပိမိုတောင့်တင်းခိုင်မာလာေအာင် ဖန်တီးပေးလိုက်တာဟာ မင်းတိုရဲ မတရားမှုတွေပဲကွ။ ဒါကို လက်နက်သာကိုးကွယ်ရာလို့ ထင်မှတ်ထားကြတဲ့ မင်းတို့စစ်အာဏာရှင်တွေကေတာ့ နားလည်ကြလိမ့်မယ်မဟုတ်ပေဘူး။ အဲဒီ နားမလည်မှုကပဲ မင်းတို့ကိုကျရှုံးစေတဲ့လမ်း တွန်းပို့လိုက်တာပဲ။ 

 

အဲဒီမှာ ကတုံးတစ်ကောင်က NLD နာယကဆီ ရောက်သွားတယ်ဆိုပဲ။ ဒါကလည်း မင်းတို့ရဲ့ အစီအမံဖြစ်မှာပါ။ ကတုံးတွေကလည်း ဘုရားသားတော်လို့အမည်ခံပြီး မင်းတို့ရဲ့ အခိုင်းစေခံ ဖြစ်စေချင်နေကြတယ်ဆိုတော့ အခက်သား။ ဒီမှာ။ ကတုံးတွေကို ပြောချင်တယ်။ နိုင်ငံရေးဝင်ရောက်လုပ်ကိုင်ချင်တယ်ဆိုရင် နိုင်ငံရေးကို နားလည်အောင်ကြိုးစားကြပါ။ ဒီလိုမှမဟုတ်ဘဲ ကိုးကွယ်ယုံကြည်မှုကို အရေခြုံပြီး ပြည်သူကို မလှည့်စားချင်ကြပါနဲ့။ မယောင်မလည်နဲ့ လှည့်စားဖို့ကြိုးစားရင်တော့ အယုတ်တမာကောင် မ.အ.လ နဲ့ တစ်လမ်းတည်းအဆုံးသတ်ခရီး သွားကြရမယ်ဆိုတာ မြဲမြဲမှတ်ထားကြပါ။ အဲဒီအချက်ကိုတော့ အတုအယောင်ကတုံးတွေကို ပြောထားလိုက်မယ်။ 

 

နိုင်ငံရေးဝင်ရောက်လုပ်ကိုင်ချင်တယ်ဆိုရင် နိုင်ငံရေးကို နားလည်အောင်ကြိုးစားကြပါ။ ဒီလိုမှမဟုတ်ဘဲ ကိုးကွယ်ယုံကြည်မှုကို အရေခြုံပြီး ပြည်သူကို မလှည့်စားချင်ကြပါနဲ့။ မယောင်မလည်နဲ့ လှည့်စားဖို့ ကြိုးစားရင်တော့ အယုတ်တမာကောင် မ.အ.လ နဲ့ တစ်လမ်းတည်း အဆုံးသတ်ခရီး သွားကြရမယ်ဆိုတာ မြဲမြဲ မှတ်ထားကြပါ။ 

               

ဒါထက် မင်းတို့လည်း ဒေါ်အောင်ဆန်းစုကြည်ဆီ သွားတွေ့ကြသေးတယ်ဆိုကွ။ ကတုးကောင်ပြောသလို ငြိမ်းချမ်းရေးလုပ်ငန်းလုပ်ကိုင်ဖို့ နိုင်ငံရေးလုပ်ဖို့ ပြောဆိုဟန်တူပါရဲ့။ ဘယ်နှယ်ကွာ။ နိုင်ငံမငြိမ်သက်တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာဆိုင်လို့လဲကွ။ မင်းတို့ မတရားသဖြင့်အာဏာသိမ်းလိုက်လို့ မဟုတ်ပါလား။ ခုမှ ဟိုလူဆွဲထည့်ချင်၊ ဒီလူဆွဲထည့်ချင်နဲ့ တရားခံအစစ်ကို အမြစ်ကရှာဖွေလိုက်ရင် တရားခံအစစ်က မင်းပဲ အယုတ်တမာထိပ်ခေါင် မ.အ.လ ရ။ မူလပထမအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီးစောင့်ရှောက်ဖို့ ရောက်လာတာပါကွာ။ နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ဟန်မတူပါဘူး။ 

 

ဒါပေမဲ့ ပြည်သူတွေကတောင်းဆိုလို့၊ မင်းတို့တွေ မတရားသဖြင့် ဖိနှိပ်နေလို့ မလွှဲသာမရှောင်သာ နိုင်ငံရေးနယ်ယ်ထဲ ရောက်လာခဲ့ရတာပါ။ ခုတော့ သူ့မှာ မိသားစုကိုလည်း စွန့်လွှတ်ခဲ့ပြီးပြီ။ နိုဗယ်ဆုလည်း ရရိခဲ့ပြီးပြီ။ နေထိုင်ရမယ့်နှစ်ကာလလည်း နည်းပါးလာပြီ။ ဒီတော့ သူ့ရဲ့နိုင်ငံရေးက စွန့်လွှတ်လို့ မရနိုင်တော့ဘူး။ စွန့်လည်း စွန့်လွှတ်လိမ့်မယ် မဟုတ်ပေဘူး။ အေး တစ်ုတော့ရှိရဲ့။ မင်းတို့စစ်အာဏာရှင်တွေသာ ကိုယ်နဲ့မသက်ဆိုင်တဲ့ နိုင်ငံရေးနယ်ပယ်ကနေ ထာဝရစွန့်ခွာကြမယ်ဆိုရင်တော့ ဒေါအောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ကောင်းစားရေးအတွက် သူရဲ့နိုင်ငံရေးကို စွန့်ပယ်ကောင်းစွန့်ပယ်ေပးလိမ့်မယ်။ ဘယ်လိုလဲ။ အဲဒီလို အပေးအယူလုပ်ကြည့်ကြပါလား။

 

ဆားတောင် PDF တွေက လက်နက်တွေနဲ့ စစ်ကိုင်း၊ ရွှေဘို လမ်းမကြီးတွေပေါ်မှာ သွားလာနေ

 

ဒီမှာ။ မင်းတို့အနေနဲ့ အပေးအယူလုပ်ရမယ့်အနေအထားလည်း ရောက်နေပြီမဟုတ်ပါလား။ မင်းတို့စခတွေအခြေချထားတဲ့ ရခစခန်းတွေ စီးနင်းတိုက်ခိုက်ခံနေရတဲ့သတင်းတွေ ဖုံးမရဖိမရ ထွက်ပေါ်လာတယ်။ စစ်ကိုင်းတိုင်းအတွင်းက ညောင်ပင်ကြီး၊ ညောင်ပင်ဝန်း ရခ စခန်းတို့၊ ညောင်ပင်ကြီး ရခ စခန်းဆို နပခ နဲ့ ခဲတစ်ပစ်လောက်ဝေးတဲ့ အနေအထားမဟုတ်လား။ စခန်းတစ်ခုလုံး မီးလောင်တိုက်အသွင်းခံရတဲ့ အခြေအနေထိ ဖြစ်သွားတာလေ။ ပြီးတော့ မကွေးတိုင်းအတွင်းက မင်းဘူး၊ စလင်း ရခ စခန်းတွေလည်း လက်လွှတ်ဆုံးရှုံးလိုက်ရပြီမဟုတ်လား။ ဒီမှာ အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ။ မင်းတို့အလှည့် ပြီးဆုံးစပြုနေပြီကွ။ တို့အလှည့်က အစပျိုး ရောက်ရှိလာပြီ။ တူဖြစ်တုန်းက ရက်ရက်စက်စက် မညှာမတာ ပြည်သူတွေကို ထုနှပ်ခဲ့ကြတဲ့ကောင်တွေ။ ပေဖြစ်ရင်လည်း ခံစားကြဖို့ ပြင်ဆင်ထားကြပေရော့။ 

 

ပြီးတော့ ဆားတောင် PDF တွေက လက်နက်တွေနဲ့ စစ်ကိုင်း၊ ရွှေဘို လမ်းမကြီးတွေပေါ်မှာ သွားလာနေကြတယ်ဆိုပါလား။ အတင့်ရဲပြီး မိုက်ရူးရဲဆန်ကြတာ ဟုတ်ဟန်မတူဘူး။ စိုးမိုးနိုင်တဲ့အနေအထားကြောင့် သွားလာနေကြတာပေါ့။ မင်းတို့ စခ၊ ရခ တွေ ကတုတ်ထဲ ဘန်ကာထဲကတောင် မထွက်ဝံ့ကြတော့ဘူးတဲ့။ အစပိုင်းမှာ သေရဲတဲ့သူတွေထွက်ကြ လို့ မင်းတို့ အော်ဟစ်ခဲ့ကြတာလေ။ ခုတော့ မင်းတို့တွေ မသေရဲကြတော့လို့ ကတုတ်ထဲ၊ ဘန်ကာထဲ ပုန်းနေကြဟန်တူပါရဲ့။ ဒါမှမဟုတ် သူတို့အသေခံနေကြရတာ တိုင်းပြည်နဲ့လူမျိုးအတွက်မဟုတ်ဘဲ မင်းရဲ့အတ္တအကျိုးအတွက်ဆိုတာကို နားလည်သဘောပေါက် သွားကြလေရော့သလားလည်း မသိပါဘူးကွာ။ မကြာခင် မင်းတို့စစ်အာဏာရှင်လူတစ်စုဘက်ကို သေနတ်ပြောင်းဝတွေ လှည့်လာတောဘမယ်တူပါရဲ့။ 

 

ဟော အခုဆို ကရင်နီပြည်နယ်က ကြားဖြတ်အုပ်ချုပ်ရေးကောင်စီကို ထူထောင်ဖွဲ့စည်းလိုက်ကြပြီ။ အာဏာ၃ရပ်ကို မင်းတို့ဆီကနေ တော်လှန်တိုက်ခိုက်ပြီး ပြောင်းယူလိုက်တဲ့သဘော။ မင်းတို့အနေနဲ့ ကရင်နီပြည်နယ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဆိုတဲ့သဘောပေါ့ကွာ။ မကြာရင် စစ်ကိုင်း၊ မကွေး၊ ချင်းတို့မှာလည်း ကြားဖြတ်အုပ်ချုပ်ရေးကောင်စီတွေ ပေါ်ပေါက်လာကြလိမ့်ဦးမယ်။

 

ခုမှ တပ်ရင်းတပ်ဖွဲ့တွေအားလုံး၊ ဝန်ကြီးဌာနတွေအားလုံး ကတုတ်တွေ၊ ဘန်ကာတွေပြုလုပ်ကြဖို့၊ တပ်ရင်းတွေအားလုံး ပရိတ်တွေ မပြတ်ရွတ်ဖတ်ကြဖို့ဆိုတဲ့ ဘုရားကုယတြာတွေလုပ်နေလည်း အကျိုးသက်ရောက်မှုရှိတော့မယ် မဟုတ်ပေဘူး။ ဒါ့ပြင် မင်းအနေနဲ့လည်း အွန်လိုင်းထီ အရောင်းမြှင့်တင်ရေးတွေလုပ်၊ ကုန်စျေးနှုန်း ထိန်းညှိဖို့၊ ကုန်ထုတ်စွမ်းအားစုတွေ မြှင့်တင်ဖို့ပြောနေလည်း အရာရောက်တော့မယ်မဟုတ်ပါဘူး။ စစ်ရေးနဲ့စီးပွားရေးက အဖတ်ဆယ်လို့မရအောင်ကို ကျဆုံးပျက်စီးသွားပြီလေ။ ပြောရရင် မင်းအာဏာသိမ်းပြီးတဲ့နောက်မှာ မင်းရဲ့မိသားစုနဲ့ မင်းရဲ့အသိုင်းအဝိုင်းကလွဲပြီး ပြည်သူအားလုံး ဆင်းရဲဒုက္ခရောက်ခဲတာချည်းပဲ။ 

         

လက်နက်ကိုင်ပြီးတော်လှန်ကြ

 

ဒါကြောင့်လည်း တစ်နိုင်ငံလုံးမှာ မင်းကို မထောက်ခံကြတဲ့သူ ၉၅ရာခိုင်နှုန်းလောက်ရှိပြီး ထောက်ခံတဲသြူက ၅ရာခိုင်နှုန်းလောက်ပဲ ရှိတာပေါ့ကွာ။ ဒီတော့ မင်းရဲ့အာဏာသိမ်းမှုဟာ အခိုက်အတန့်လောက်သာ တည်တံ့ပြီး မလွဲမသွေ ကျဆုံးပျက်စီးသွားမယ်ဆိုတာ ပြည်သူအားလုံးက နားလည်ထားကြတယ်။ ပေးဆပ်မှုတွေ တနင့်တပိုးရှိကြပေမဲ့ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်တော်လှန်ရေးမို့ လက်နက်ကိုင်ပြီးတော်လှန်ကြတဲ့ နိုင်ငံရေးကို ပြည်သူအားလုံး ပါဝင်ကူညီပံ့ပိုးခဲ့ကြတာပေါ့ကွာ။ လဲပြိုမှုတွေလည်း ရှိခဲ့ရဲ့။ ဒါပေမဲ့ ဘယ်သူမှ ဒူးမထောက်ခြင်းက မင်းတို့ကို ကျရှုံးစေတာပါပဲ။ 

 

ကိုင်း ခုတော့ နေကြည်တော် လယ်ဝေးရဲစခန်းတို့၊ MICC 2တို့ကိုတောင် အန္တရာယ်ကြားတွေထဲက ထိုးဖောက်တိုက်ခိုက် လာနိုင်ကြပြီ။ ဒါတွေက မ အ လ ရေ မင်းအတွက် သေမင်းတမန်ခေါင်းလောင်းသံတွေပေါ့ကွာ။ မင်း အင်မတန်အားကိုးခဲ့တဲ့ ပထွေးရုရှားလည်း မကယ်တင်နိုင်တော့ပါဘူး။ အခု အိန္ဒိယနဲ့ မင်းဆီရောင်းချထားခဲ့တဲ့ လက်နက်တွေတောင် ပြန်ဝယ်နေရပြီဆိုကွ။ အဲဒီလိုမျိုးအခြေအနေတောင်မှ မင်းက ခေါင်းမာတင်းခံနေဦးမယ်ဆိုရင်တော့ မင်းတိုအာဏာရှင်တွေအတွက် အသေထွက်တဲ့လမ်းမှတပါး အခြားလမ်းမရှိတော့ကြောင်း သတိပေးလိုက်ပါရစေ။ 

နွေဦးတော်လှန်ရေး မုချ အောင်တော့မည်။ 

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။