Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကျုံဒိုးလျှပ်စစ်ရုံးကို နည်းပညာ အဆင့်မြှင့်တင်ထားတဲ့ 010 ဒရုန်းနဲ့ တိုက်ခိုက်၊ ၂ ဦး အသက်ပျောက်

ဇွန်၂၁


ကရင်ပြည်နယ်၊ကျုံဒိုးမြို့ ခုနစ်တိုင်လျှပ်စစ်ရုံးအတွင်းရှိ စစ်တပ်ကို နည်းပညာအဆင့်မြှင့်တင်ထားတဲ့ 010 ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာစစ်သား၂ ဦးသေပြီး ၃ဦးဒဏ်ရာရခဲ့ကြောင်း ဂဠုန်စစ်ကြောင်း ကထုတ်ပြန် ပါတယ်။


ဇွန်လ ၁၉ ရက်နေ့က ကျုံဒိုးမြို့ ခုနစ်တိုင် လျှပ်စစ်ရုံးအတွင်း တပ်စွဲထားပြီး ဒေသခံနဲ့ခရီးသွားပြည်သူတွေ အပေါ် ရိုင်းစိုင်းမောက်မာနေတဲ့စစ်သားတွေ တပ်စွဲထား တဲ့နေရာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားတွေသေဆုံး၊ဒဏ်ရာရစာရင်းကို မြေပြင်သတင်းပေးပို့ချက် အရ သိရတယ်လို့ဆိုပါတယ်။


ခုနစ်တိုင် လျှပ်စစ်ရုံးကို ဂဠုန်စစ်ကြောင်း Fixed-Wing Drone တပ်ဖွဲ့ (Spring UAV Force- G3) ရဲ့ နည်းပညာအဆင့်မြှင်တင်မှု၊ ကိုယ်တိုင်တီထွင်ဆန်းသစ်မှုနဲ့ ထုတ်လုပ်ထားတဲ့ 010 
(ဇီးရိုးဝမ်းဇီးရိုး) အမည်ရှိ Fixed -Wing Drone နဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ 
~~~~~ 
ကိုဦး
ဓာတ်ပုံ- ဂဠုန်စစ်ကြောင်း

ကိုဦး

Comment List

Anonymous User2 years ago

Good


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။