Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကိုယ့်လမ်း ကိုယ်လျှောက် (OPINION)

ဟေ့ အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ...။


ခုတော့ဖြင့် မင်းကို အာဆီယံကရော နိုင်ငံတကာကပါ မင်းရဲ့အာဏာသိမ်းမှုဟာ ဘာနိုင်ငံ့အကျိုး၊ ဘာပြည်သူ့အကျိုးမှမဟုတ်ဘဲ မင်းရဲ့အတ္တအကျိုးစီးပွားအတွက်၊ မင်းရဲ့ အာဏာတည်တံ့နေစေရေးအတွက် အနိုင်အထက်ပြု အာဏာသိမ်းယူထားတယ်ဆိုတာ ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားကြပြီကွ။ ဒါကြောင့်လည်း မင်းကို ရာဇဝတ်ကော်အဖြစ်၊ မင်းဦးဆောင်တဲ့အဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားလိုက်ကြတာပေါ့ကွာ။ တကယ်တော့ ရာဇဝတ်ကော်အဖြစ်၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မင်းကိုယ်မင်း၊ မင်းကိုယ်တိုင် ရွေးချယ်လိုက်တာနော်။ ဘယ်သူကမှ တွန်းပို့လိုက်တာ မဟုတ်ဘူး။

 

ဟုတ်တယ်လေကွာ။ မင်း အာဏာသိမ်းလိုက်ကတည်းက နိုင်ငံတကာမှာ ဘယ်နိုင်ငံကများ လက်ခံခဲ့ကြလို့လဲ။ မေတ္တာရပ်ခံကြတာတွေ၊ တောင်းဆိုခဲ့ကြတာတွေ၊ ကန့်ကွက်ခဲ့ကြတာတွေ၊ တွေ့ဆုံညှိနှိုင်းဖို့ ကြိုးစားခဲ့ကြတာတွေပဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြတာမဟုတ်လား။ ဒါပေမဲ့ မင်းက ကိုယ့်ကိုယ်ကိုယ်အထင်ရောက်မှု၊ ပြည်သူ့အားကို အထင်သေးမှုတွေကြောင့် ဗူးလုံးနားမထွင်း၊ ခေါင်းမာစွာနဲ့ ရူးရူးမိုက်မိုက် ဖြူတော တိုးခဲ့တာမဟုတ်ပါလား။ အဲဒါတွေက မင်းရဲ့ အမြော်အမြင်နည်းပါးမှု၊ အတ္တကြီးမားမှုတွေကို ထင်ရှားစေတဲ့ပြယုဂ်ပဲပေါ့။ ခုတော့ ရှေ့တိုးတံပိုး၊ နောက်ဆုတ်လှည်းတုတ်ဆိုတာလို ဖြစ်နေပြီမဟုတ်လား။ မင်းရဲ့အဖြစ်က သိကြားမင်းကြီး နားကင်းကြီးနဲ့ ဆင်းကယ်ရင်တောင် မရနိုင်တော့တဲ့အနေအထား ဖြစ်နေပြီလေ။ ဒီတော့ ငါ့ကောင်ရေ။ မင်းအနေနဲ့ အရှင်ထွက် ထွက်ဖို့ မဖြစ်နိုင်တော့ဘူး။ အသေထွက် ထွက်ဖို့သာ ကြိုတင်ပြင်ဆင်ထားပေရော့။

မင်းက သံခင်းတမန်ခင်းကနေ ထွက်ပေါက်ရှာလေရော့သလား။ ဒါပေမဲ့ ငါ့ကောင်ရာ။ မင်းက မိုးကုန်မှထွန်ချ ဆိုတာလို ဘာမှ စိုက်ပျိုးလို့ရတော့မယ် မဟုတ်ပေဘူး။ အရာထင်တော့မယ် မဟုတ်ပေဘူး။

ဒီရက်ပိုင်းတွေမှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်တို့ ရောက်ရှိလာကြတာ တွေ့ကြရပါလားကွ။ ဘန်ကီမွန်က ဖိတ်ကြားလို့ လာရောက်တယ်ဆိုပဲ။ ဘာလဲ။ မင်းက သံခင်းတမန်ခင်းကနေ ထွက်ပေါက်ရှာလေရော့သလား။ ဒါပေမဲ့ ငါ့ကောင်ရာ။ မင်းက မိုးကုန်မှထွန်ချ ဆိုတာလို ဘာမှ စိုက်ပျိုးလို့ရတော့မယ် မဟုတ်ပေဘူး။ အရာထင်တော့မယ် မဟုတ်ပေဘူး။

 

တရုတ်ကတော့ သူ့ရင်းနှီးမြုပ်နှံမှုတွေအတွက် စိုးရိမ်လို့ လာရောက်စုံစမ်းတဲ့ သဘောမျိုးပါပဲ။ အဲဒီမှာ ဘုန်းကြီးတစ္ဆေကို ကမ္မဝါဖတ်လို့ရမယ်များ ထင်နေသလားမပြောတတ်ပါဘူး။ အာဏာရှင်ဟောင်းမောင်သန်းရွှေ၊ သမ္မတဟောင်း မောင်သိန်းစိန်တို့နဲ့လည်း တွေ့ဆုံသွားသေးတယ်ဆို။ သူတို့က ရွေးကောက်ပွဲကနေတဆင့် ပြောင်းလဲသွားမယ်လို့ ဆိုကြသတဲ့။ အဲဒါက လက်ရှိအနေအထား အကျပ်အတည်းက ရုန်းထွက်နိုင်တဲ့နည်းလမ်းလို့ ယူဆထားဟန်တူပါရဲ့။ ဖြစ်နိုင်ခြေနည်းပါးလွန်းတဲ့ နည်းလမ်းပါပဲ။ ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ ဒင်းတို့အားထားတဲ့ တပည့်ကျော် မ.အ.လ က အင်အားအလွန်ကျွံသုံးပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာ တည်ငြိမ်ရေးကို ဖန်တီးခဲ့ပြီးပြီပဲလေ။ ရာဇဝင်မှာ အဆိုးရွားဆုံး၊ အရက်စက်ဆုံး ဖိနှိပ်မှုလို့ ကမ္ဗည်းတင်လိုက်ရတာပဲရှိတယ်။ ဘယ်မှာတည်ငြိမ်အေးချမ်းသွားလို့လဲ။ ပိုမိုနက်ရှိုင်းတဲ့ အခြေအနေတွေပဲ ဖြစ်ပေါ်ခဲ့တယ်မဟုတ်လား။

 

ခုတော့ ပြည်စူတစ်ရပ်လုံးက မအလ ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းကို ရွံမုန်းနာကျည်းကုန်ကြပြီ။ ဒင်းတို့ခင်းပေးတဲ့ လမ်းကြောင်းကို လိုက်ဖို့ထက် ဒင်းတို့ကို အမြစ်ပြတ်သည်ထိ တော်လှန်သွားကြဖို့ စိတ်ပိုင်းဖြတ်ထားလိုက်ကြတယ်။ ခက်ခဲကြမ်းတမ်းစွာနဲ့ ပေးဆပ်မှုတွေများကြားကြမယ်ဆိုတာ သိထားပါရဲ့။ ဒါပေမဲ့ တို့နိုင်ငံဟာ ရေခံမြေခံောင်းမွန်ပါလျှက် မဖွံ့ဖြိုး၊ မတိုးတက် ဆင်းရဲတွင်းက မတက်နိုင်ကြတာ ဒင်းတို့စစ်အာဏာရှင်တွေ လွှမ်းမိုးခဲ့လို့မဟုတ်လား။ ဒါကြောင့် တို့ပြည်သူတွေဟာ ခက်ခဲကြမ်းတမ်းပြီး ပေးဆပ်မှုတွေများမယ့် အမြစ်ပြတ်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်လိုက်ကြတာပဲ။ မရောက်ရောက်အောင် အောင်မြင်သည်ထိ ဆက်လက်လျောက်လှမ်းသွားကြမယ်။

ဒါကို နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးမဟုတ်ဘဲ အယုတ်တမာထိပ်ခေါင် မ.အ.လ ရဲ့ အာဏာတည်မြဲဖို့အတွက် ကိုယ့်အသက်ကိုယ်မနှမျော စွန့်လွှတ်ဝံ့တယ်ဆိုလည်း လုပ်ကြပေါ့ကွာ။

လက်ရှိအခြေအနေကလည်း စစ်မှန်တဲ့ရွေးကောက်ပွဲမေြပာနဲ့၊ အတုအယာင် မင်းတို့စိတ်ကြိုက်ရွေးကောက်ပွဲတောင် ကျင်းပဖို့ မဖြစ်နိုင်ဘူးမဟုတ်လား။ ကြည့်လေ။ မင်းတို့ရဲ ရွေးကော်ရုံး ဒုညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်မှူးကြီးငြိမ်း စိုင်းကျော်သူ ရန်ကုန်မြို့တော်မှာ သုတ်သင်ရှင်းလင်းခံလိုက်ရပြီမဟုတ်လား။ ထိပ်ပိုင်းက အားကိုးရတဲ့လူတစ်ယောက်တောင် မင်းတို့ လုံခြုံအောင် မကာကယ်နိုင်ခဲ့ကြဘူးလေ။ တိုင်းရွေးကော်တွေ၊ ခရိုင်ရွေးကော်တွေကို ဘယ်လိုလုံခြံုအောင် ကာကွယ်ပေးနိုင်ကြမလဲ။ ဒါကို နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးမဟုတ်ဘဲ အယုတ်တမာထိပ်ခေါင် မ.အ.လ ရဲ့ အာဏာတည်မြဲဖို့အတွက် ကိုယ့်အသက်ကိုယ်မနှမျော စွန့်ွှတ်ဝံ့တယ်ဆိုလည်း လုပ်ကြပေါ့ကွာ။ အခုဟာက ဇာတ်ပွဲကတယ် မထင်နဲ့။ ဇာတ်ပွဲကတာဆိုရင်တော့ မြန်မြန်သေ မြန်မြန်အိပ်ရတာပေါ့လေ။ ခုဟာက လူ့ဘဝကနေ အပြီးအပိုင် ထွက်သွားကြရမှာဟ။ နားလည်လား။ ဒီတော့ ရွေးကောက်ပွဲကနေ ထွက်ပေါက်ယူမယ်ဆိုတာကတော့ လုံးဝ လမ်းပိတ်သွားပါပြီ။

 

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး လာရောက်တာကတော့ စိတ်ဝင်စားစရာပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီပုဂ္ဂိုလ်မလာခင်က အမေရိကန်နိုင်ငံက အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက် ထိုင်းနိုင်ငံကို လာရောက်သွားတယ်လေ။ ပြီးတော့ အမေရိကန်နိုင်ငံရဲ့ ရေတပ်စစ်သင်္ဘောကြီးတစ်စီးက အနီးစပ်ဆုံးကင်လယ်ပြင်မှာ ရောက်နေတယ်လေ။ အဲဒီအနေအထားတွေက ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ကို ဖြစ်ပေါ်စေတာလား။ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိပါဘူး။ တစ်ကြောင်းနဲ့တစ်ကြောင်း ဆက်စပ်နေကြတာပဲလေ။

 

ဟော ဘန်ကီမွန်းကတော့ တောင်ကိုရီးယားကနေ ထိုင်းကို သာမန်လေကြောင်းနဲ့ လာရောက်ခဲ့တယ်။ ထိုင်းကနေတဆင့် မြန်မာနိုင်ငံကိုတော့ အထူးလေယာဉ်စင်းလုံးနဲ့ င့်ဖိတ်ခေါ်ယူခဲ့ရတာ။ ဘန်ကီမွန်းက သူ့ဂုဏ်သိက္ခာတရားနဲ့ လက်ကျန်ဘဝလေးကို ဖြတ်သန်းနေတဲ့သူ။ နေရင်းထိုင်ရင်း ကမ႓ာ့ချဉ်ဖတ် မအလ နဲ့ဆက်ဆံပြီး သူ့လက်ကျန်ဘဝ ဂုဏ်သိက္ခာကိုတော့ ထိပါးခံလိမ့်မယ် မဟုတ်ပါဘူးလေ။ သေချာပေါက် အကြမ်းဖက်ခေါင်းဆောင်နဲ့ ကြီးကြီးမားမားသဘောတူညီမှု အပေးအယူရှိနေလိမ့်မယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် အယုတ်တမာထိပ်ခေါင် မ.အ.လ အနေနဲ့ သံခင်းတမန်ခင်းကြိုးစားလာမှုဟာ ဒင်းရဲ့အကြပ်အတည်း၊ အခက်အခဲကို ထုတ်ဖော်လိုက်တဲ့ပြယုဂ်ပါပဲ။

အဲဒီလို ကြေညာပြီးတဲ့နောက် စစ်ဆင်ရေးတွေလည်း သာလွန်အင်အားနဲ့ ထိုးစစ်ဆင်ခဲ့တယ်မဟုတ်လား။ ဘယ်မှာ အောင်မြင်ခဲ့လို့လဲ။ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ ထိုးစစ်ဆင်တိုင်း အကျအဆုံးတွေ မဖုံးနိုင်မဖိနိုင် ဖြစ်ခဲ့တာပဲလေ။

ဟုတ်တယ်လေ။ ဒင်းအနေနဲ့ ၁နှစ်သက်တမ်းတိုး တစ်ကြိမ်နဲ့ ၆လသက်တမ်းတိုး ၂ကြိမ်၊ စုစုပေါင်း ၂နှစ်တာ အရေးပေါ်ကာလ သတ်မှတ်ခဲရတယ်။ ဒါပေမဲ့ ဒင်းကိုလက်မခံလို့ လက်နက်ကိုင်တော်လှန်ကြပြီး ပြည်သူကိုအကာအကွယ်ပေးနေတဲ့ PDFတွေကို အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းခဲ့ပေမဲ့ အောင်မြင်မှုမရတဲ့အပြင် ပိုမို အင်အားတောင့်တင်းခိုင်မာလာခဲ့ကြတယ်။ PDFတွေကို လက်ခံအားကေးတဲ့ EAOတွေကို အပြတ်ရှင်းလင်းနှိမ်နင်းသွားမယ်လို့လည်း ကြေညာခဲ့ရတယ်။ အဲဒီလို ကြေညာပြီးတဲ့နောက် စစ်ဆင်ရေးတွေလည်း သာလွန်အင်အားနဲ့ ထိုးစစ်ဆင်ခဲ့တယ်မဟုတ်လား။ ဘယ်မှာ အောင်မြင်ခဲ့လို့လဲ။ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ ထိုးစစ်ဆင်တိုင်း အကျအဆုံးတွေ မဖုံးနိုင်မဖိနိုင် ဖြစ်ခဲ့တာပဲလေ။ နေရာတိုင်းမှာ လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့ရတယ်မဟုတ်ပါလား။

 

ဒီအတိုင်း ဆက်လက်မိုက်တွင်းနက်နေဦးမယ်ဆိုရင်တော့ မဝေးတော့တဲ့အချိန်တစ်ခုမှာ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ သေနတ်တွေဟာ ဒင်းတို့ဘက်ကို လှည့်လာတော့မှာ အသေအချာပဲ။ ဟုတ်တယ်လေ။ ခုဆို စခတွေအနေနဲ့ ရှေ့တန်းထွက်ရမယ်ဆို သေမိန့်ချမှတ်ခံရတာနဲ့ အတူတူလို ဖြစ်နေပြီမဟုတ်လား။ စစ်ဆင်ရေး ကွပ်ကဲစီမံကြတဲ့သူတွေအနေနဲ့လည်း မအောင်မြင်လို့ ရှုံးနိမ့်ရင် မိမိသာမက မိသားစုတွေပါ ဘဝပျက်နေကြပြီမဟုတ်လား။ လက်နက်အင်အားဘယ်လိုရှိရှိ အောင်မြင်ဖို့ထက် ရှုံးနိမ့်ဖို့က ရာနှုန်းပြည့်နီးပါးလို ဖြစ်နေပြီလေ။ ဘာလို့လဲဆိုတော့ ဒင်းတို့ရဲ့နောက်မှာ ဒင်းတို့ကိုမှီပြီး အကျိုးရှိနေတဲ့ လူတစ်စုလောက်သာ ကျန်ရှိတော့ပြီး ပြည်သူတရပ်လုံးက ဒင်းတို့ကိုမထောက်ခံ၊ တော်လှန်နေကြလို့ပါပဲ။ အဲဒါ လက်နက်အင်အားထက် ပြည်သူ့အင်အားက ပိုမိုကြီးမားတဲ့ ပြယုဂ်ပေပဲ။

 

ဒီမှာ အယုတ်တမာထိပ်ခေါင် မ.အ.လ အနေနဲ့ လက်နက်အင်အားနဲ့ ခြိမ်းခြောက်လွှမ်းမိုးဖို့ကြိုးစားလည်း မရ၊ ရွေးကောက်ပွဲနဲ့ ထောက်ပေါက်ရှာလို့လည်း မဖြစ်တော့တဲ့ အနေအထား ဖြစ်နေတဲ့အချိန်မှာ သံခင်းတမန်ခင်းကို အသုံးချလာပြန်တယ်။ တစ်နည်းပြောရရင်တော့ အချိန်ဆွဲဆန့်တဲ့ နည်းလမ်းတစ်ရပ်ပါပဲ။ ပြီးတော့ အာဆီယံအဖွဲ့အစည်းရဲ့ မူဝါဒ ၅ရပ်နဲ့ အကောင်အထည်ဖော်မှုတောင် မအောင်မြင်တဲ့အနေအထားမှာ ဘန်ကီမွန်းရဲ့ တစ်ဦးတည်းစွမ်းရည်နဲ့ လုပ်ဆောင်နိုင်ပါ့မလားဆိုတာလည်း ဆန်းစစ်ကြဖို့ လိုပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့၊ PDFတွေအနေနဲ့၊ EAOတွေအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးကို အရှိန်အဟုန်မပျက် ဆက်လက်ချီတက်၊ ညီညီညွတ်ညွတ်နဲ့ အားထုတ်သွားကြဖို့ပါပဲ။

ဒီမှာ အယုတ်တမာထိပ်ခေါင် မ.အ.လ အနေနဲ့ လက်နက်အင်အားနဲ့ ခြိမ်းခြောက်လွှမ်းမိုးဖို့ကြိုးစားလည်း မရ၊ ရွေးကောက်ပွဲနဲ့ ထောက်ပေါက်ရှာလို့လည်း မဖြစ်တော့တဲ့ အနေအထား ဖြစ်နေတဲ့အချိန်မှာ သံခင်းတမန်ခင်းကို အသုံးချလာပြန်တယ်။

ခုဆို ဒင်းတို့အနေနဲ့ အကြပ်အတည်းကာလတစ်ခုကို ရောက်ရှိနေပြီဆိုတာကတော့ ဖုံးကွယ်လို့မရတော့ဘူး။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ နိုင်ငံ့အကျိုးအတွက် စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေး အောင်မြင်သည်ထိ လျှောက်လှမ်းကြရမယ်မဟုတ်ပါလား။


နွေဦးတော်လှန်ရေး အောင်ရမည်။
~~~~~~
ဒေါင်းနီ
#ငွေမောင်းသံ မီဒီယာ

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။