ခင်ဗျားလိုက်မလားဆိုတော့ လိုက်ရင်ကောင်းမလားမသိဘူးတဲ့၊ ရှေ့နေက တွေးဆဆပြောတယ်။ အဲဒီနေ့က သူနဲ့ ရှေ့နေတို့ အလုပ်ကိစ္စတစ်ခု မြို့စွန်ဘက်မှာ သွားရောက်လုပ်ကိုင်ခဲ့ရတာဖြစ်တယ်။ အလုပ်က အဆင်ပြေချော မွေ့ စွာပြီးမြောက်ခဲ့တာမို့ ရန်ကုန်မြို့ထဲအပြန် မရောက်တာကြာပြီဖြစ်တဲ့ ၁၉ လမ်းဘက်သွားဖို့ အတွေးဖြစ်ခဲ့ရာက ရှေ့ နေကိုသူ အဖော်ညှိခဲ့တာဖြစ်တယ်။ တကယ်ဆို သူရော ၊ ရှေ့နေပါ ၁၉ လမ်းဘက်စီ မရောက်ဖြစ်ခဲ့တာ စစ်အာ ဏာသိမ်းမှု မတိုင်မီ ကိုဗစ်အစောပိုင်း ကာလကတည်းက ဖြစ်တယ်။ ကိုဗစ်ကာလ အခြားသော ဆိုင်တွေနည်းတူ ၁၉ လမ်းက ဆိုင်တွေလည်း ပိတ်သိမ်းထားခဲ့ရတယ်။ စစ်အာဏာသိမ်းမှုအလွန် ၁ နှစ်ကျော်မှာတော့ ပုံမှန်လိုဆိုင် တွေပြန်ဖွင့်ပြီး ၁၉ လမ်းဆိုင်တွေ လူစည်းကားနေတဲ့ ပုံရိပ်တချို့ လူမှုကွန်ယက်မှာ မြင်တွေ့လာခဲ့ရတယ်။ မရောက် တာလည်း ကြာတာရယ်၊ အထူးသဖြင့် မြို့စွန်ဘက်ကအပြန် ဝယ်လာဖြစ်တဲ့ ထန်းရည်ကောင်းကောင်းကို အမြည်း ကောင်းကောင်းလေးနဲ့ တွဲစပ်သောက်ချင်မိတာရယ်ကြောင့် ၁၉ လမ်းကို သွားဖို့ သူအတွေးပေါက်ခဲ့တာဖြစ်တယ်။
မရောက်တာ ကြာနေတာရယ်၊ ခုကာလကြီး ၁၉ လမ်းဆီဘက်သွားပြီး Chill ဖို့ စိတ်ထဲသိပ်သန့်ပုံ မရတာရယ် ကြောင့် သူနဲ့အတူလိုက်ဖို့ ရှေ့နေက တွေဝေနေပုံရတယ်။ ဒါမှမဟုတ် ငွေကြေးရတာထက် ငွေကြေးမရတဲ့ အလုပ် တွေကိုပဲ ဦးစားပေး လုပ်နေတာမို့ ငွေကြေးကုန်ကျမယ့် ကိစ္စတစ်ခုအတွက် ကိုယ့်အိုးကိုယ့်ဆန် ချိန်ဆနေတာ လည်း ဖြစ်ပုံရတယ်။ အကြာကြီးထိုင်မှာမဟုတ်ပါဘူး။ ခဏတဖြုတ်သွားပြန်ကြည့်တဲ့သဘောပေါ့လို့ ရှေ့နေကို သူအဖော်ထပ်ညှိဖြစ်တော့ အေးဗျာ တစ်နာရီလောက် သွားထိုင်ကြတာပေါ့တဲ့။ အရင်ဆို တစ်ပတ်ကို အနည်းဆုံး ၄ ခါလောက်ရောက်ဖြစ်လေ့ရှိတဲ့ ၁၉ လမ်းကို ရှေ့နေလည်း လွမ်းစိတ်ရှိနေခဲ့ပုံပါပဲ။ အဲဒီလိုနဲ့ သူနဲ့ရှေ့နေတို့ ၁၉ လမ်းဆီရောက်ဖြစ်ခဲ့ကြတယ်။
မဟာဗန္ဓုလလမ်းဘက် အခြမ်းက တော့ ပိုလို့ လူစည်ကားနေခဲ့တာပေါ့။ တချို့လည်း မှာထားပြီးလို့ ရောက်လာတဲ့ အကင်ပန်းကန်တွေ၊ ငါးကင်၊ အ ကြော်အလှော်တွေကြား ဘီယာခွက်ကို ဟန်ပြရင်း ဆဲလ်ဖီဓာတ်ပုံ ရိုက်သူက ရိုက်နေကြလို့ပေါ့။
သူတို့ရောက်ချိန်က ညနေ ၅ နာရီကျော်ကျော်သာ ရှိသေးပေမဲ့ ထင်မှတ်မထားနိုင်အောင်ဘဲ စားပွဲဝိုင်းတွေအများစု က လူပြည့်နေခဲ့တယ်။ အနော်ရထာလမ်းဘက်အခြမ်းကနေ သူတို့ဝင်လာပြီး အောက်ဘက် မဟာဗန္ဓုလလမ်း ဘက်ရောက်တဲ့ထိ ဆိုင်အတော်တော်များများ လူအပြည့်ရှိနေခဲ့တာဖြစ်တယ်။ မဟာဗန္ဓုလလမ်းဘက် အခြမ်းက တော့ ပိုလို့ လူစည်ကားနေခဲ့တာပေါ့။ တချို့လည်း မှာထားပြီးလို့ ရောက်လာတဲ့ အကင်ပန်းကန်တွေ၊ ငါးကင်၊ အ ကြော်အလှော်တွေကြား ဘီယာခွက်ကို ဟန်ပြရင်း ဆဲလ်ဖီဓာတ်ပုံ ရိုက်သူက ရိုက်နေကြလို့ပေါ့။ new normal ဆိုတာ ဒါများလား မသိဘူးလို့ သူပြောတော့ ရှေ့နေက အဟပ်ဆိုပြီး တစ်ချက်ရယ်တယ်။ မရောက် ဖြစ်တာကြာတဲ့ ကာလတွေအတွင်း ၁၉ လမ်းက ပြောင်းလဲသွားတဲ့ အရာတွေရော ၊ မပြောင်းလဲဘဲရှိနေတဲ့ အရာ တွေပါ ရှိနေခဲ့ပေမဲ့ သူတို့နှစ်ဦးစလုံး အတွက်တော့ ခံစားရစိတ် အသစ်တစ်ခုခုကို ဖြစ်စေတာတော့ အမှန်ပါပဲ။ ကောင်းတဲ့ ခံစားရစိတ်လား ၊ ဆိုးတဲ့ ခံစား ရစိတ်လားတော့ သူလည်းသေချာဝေခွဲမရတာအမှန်ပဲ။ ရှေ့နေတော့ ဘယ်လိုရှိတယ်မသိရဘူး။ ၁၉ လမ်းထဲ အရင်လို ထိုင်နေကြဆိုင်မှာပဲ သူတို့နှစ်ဦးထိုင်ဖြစ်ကြတယ်။ သတိထားဖြစ် မိသလောက် အရင်နေရာတိုင်းနီးပါး မြင်ရလေ့ရှိတဲ့ မြန်မာဘီယာကြော်ငြာဆိုင်းဘုတ်တွေ ရှိမနေတော့တာဘဲ။ သူတို့ထိုင်နဲ့ ဆိုင်အနီးအနားမှာတော့ လူငယ်တချို့ busking ဖေျာ်ဖြေဖို့ ပြင်ဆင်နေကြတယ်။ ပြင်ဆင်နေတဲ့ လူငယ်တချို့ကို ကြည့်ရင်း ၁၉ လမ်းခိုင်ထူးကို သူသတိရမိသွားတယ်။ သူတို့ ဖြတ်သန်းခဲ့တဲ့ ၁၉ လမ်း ညတွေမှာ တော့ ကိုခိုင်ထူးကြီးဟာ အထင်ကရပဲ။ အခုတော့ ၁၉ လမ်း ခိုင်ထူးကြီး ဘယ်ဆီဘယ်ဝယ်ရှိနေလဲမသိ။ သူတို့ နှစ်ဦးဆိုင်ထိုင်ပြီး ခဏကြာတော့ busking အဖွဲ့က သီချင်းစဆိုတယ်။ လမ်းထဲကိုတော့ အရောင်အသွေးစုံ၊ အ ရွယ်စုံ လူတွေဟာ တဖွဲဖွဲဝင်လာနေခဲ့ကြတယ်။ တချို့တွေလည်း အဖွဲ့လိုက် ၊ တချို့လည်း တစ်ကိုယ်ရည်။
တရုတ်ဆိုတာမျိုးက လူတွေနိုင်ငံရေးထဲရှိမနေအောင် ဖန်တီးတဲ့နေရာ သိပ်တော်တာပဲလို့ ရှေ့နေက ၁၉ လမ်း တွင်း လူရေစီးကြောင်းကို ကြည့်ရင်း အစပ်အဆက်မဲ့ စကားဆိုတယ်။ ခင်ဗျားဟာ ဘာဆိုင်လို့လဲဗျလို့ သူပြော တော့ ကျုပ်တို့က အခုတရုတ်တန်းထဲ ရောက်နေတာလေဗျာတဲ့။ ရှေ့နေက ပြောလည်းပြော ရယ်လည်းရယ်တယ်။ ရှေ့နေရဲ့ ဟာသကို သူလည်းလိုက်ရယ်ဖြစ်တယ်။ ပြီးတော့ ထန်းရည်ခွက်ကို တစ်ကြိုက်မော့ရင်း busking အဖွဲ့ထဲ ကလူတွေ သီချင်းဆိုနေတာကို နားထောင်နေမိတယ်။ busking အဖွဲ့က ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်က တစ်ယောက်တစ်လှည့်စီ ဆိုနေကြတာဖြစ်တယ်။ သီချင်းတွေကတော့ သူတို့သိတဲ့ သီချင်းတွေပါ သလို မသိတဲ့ သီချင်းတွေလည်းပါရဲ့။ နားထောင်ရင်း ၁၉ လမ်းခိုင်ထူးကြီးကို သတိပိုရမိသွားတယ်။ သူသာ ဆို ခုချိန် ‘နောက်ဆုံးအိပ်မက်’ သီချင်းကို အထပ်ထပ်ဆိုနေရမလားမသိဘူးလို့လည်း တွေးမိသွားတယ်။ အခြေအနေ အရ ဆိုချင်မှလည်း ဆိုရမယ်ထင်တယ်လို့လည်း ထပ်ဆင့်တွေးမိပြန်တယ်။
ဘာမှ မဖြစ်လောက်ပါဘူးလေဆိုတဲ့ အတွေးက တစ်ဖက်က ပြန် ကြည့်ရင် နှမ်းတစ်စေ့လိုပဲဗျာ။ တစ်ယောက်ချင်းက မေ့ထားရင်း နာကျင်အချိန်တွေ ပိုလာရတာပေါ့ဗျာ။ ရှေ့နေက သူ့စိတ်ထဲ မကျေလည်တဲ့ အကြောင်းကို ခရားရေလွှတ်ပြောတယ်။ ပြောပြီး စိတ်မောလူမောဖြစ်သွားပုံရတဲ့ ရှေ့ နေက ထန်းရည်ကို မသောက်တော့ဘဲ ဘီယာအေးအေးတစ်ခွက် မှာသောက်တယ်။
busking အဖွဲ့ထဲက ကောင်မလေးတစ်ယောက် သီချင်းဆိုသံကြားတော့ ရှေ့နေက တောက်တစ်ချက် ခေါက်ရင်း ဆိုးလိုက်တာဗျာလို့ ဆိုတယ်။ ကျွန်တော်တို့ရဲ့ ပြဿနာက အဲဒါပဲဗျလို့ တစ်ဆက်တည်း ပြောတယ်။ ရှေ့နေပြော တာကို သိပ်နားမလည်တာမို့ ကောင်မလေး ဆိုနေတဲ့ သီချင်းကို နားထောင်ကြည့်မိတော့ ထွန်းအိန္ဒြာဗိုလ်ရဲ့ ‘ရည်း စားဦး’ သီချင်း ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် Boycott လုပ်ထားတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေ ကို မဆိုတာ တစ်နည်းနည်း ပါဝင်တာပဲပေါ့ဗျာ။ ဘာမှ မဖြစ်လောက်ပါဘူးလေဆိုတဲ့ အတွေးက တစ်ဖက်က ပြန် ကြည့်ရင် နှမ်းတစ်စေ့လိုပဲဗျာ။ တစ်ယောက်ချင်းက မေ့ထားရင်း နာကျင်အချိန်တွေ ပိုလာရတာပေါ့ဗျာ။ ရှေ့နေက သူ့စိတ်ထဲ မကျေလည်တဲ့ အကြောင်းကို ခရားရေလွှတ်ပြောတယ်။ ပြောပြီး စိတ်မောလူမောဖြစ်သွားပုံရတဲ့ ရှေ့ နေက ထန်းရည်ကို မသောက်တော့ဘဲ ဘီယာအေးအေးတစ်ခွက် မှာသောက်တယ်။
၁၉ လမ်းခိုင်ထူးကြီးကို အမှတ်ရမိနေတာရော ၊ လတ်တလောစိတ်ဖြစ်တည်နေမှု အခြေအနေအရရော ထိုင်ရာက ထပြီး busking အဖွဲ့ဆီ သူလျှောက်သွားခဲ့တယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ တစ်ယောက်ကို ‘နောက်ဆုံး အိပ် မက်’ သီချင်း ဆိုပေးနိုင်မလား မေးဖြစ်မိတယ်။ တစ်ယောက်က ဂူဂယ်ကနေ သီချင်းစာသားနဲ့ နုတ်ကို သီဆိုသူကို ရှာပေးတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ သီဆိုသူ သုံးဦးလုံး ‘နောက်ဆုံးအိပ်မက်’ သီချင်းကို ရမနေခဲ့ဘူး။
စားပွဲဆီပြန်လာထိုင်ဖြစ်ရင်း ရှေ့နေပြောခဲ့တဲ့စကားရယ်၊ မြင်နေရတဲ့ ၁၉ လမ်း လူရေစီးကြောင်းရယ်မှာ အချိန်ဆို တာက ရပ်တန့်နေတာမျိုးမဟုတ်တာမို့ တဖြည်းဖြည်း အရွယ်ရောက်လာမယ့် လူငယ်တွေဟာ တစ်ခုခုကို အသေ အချာလည်း မေ့သွားနိုင်မလားမသိဘူးလို့ သူတွေးမိသွားတယ်။ အကြောက်တရားတွေနဲ့ စိတ်ဖိစီးမှုများလာတဲ့ အခါ လူတွေဟာ ရှင်သန်မှုအကြောင်းပြပြီး ကိုယ်တိုင်အပါအဝင် ကိုယ့်ပတ်ဝန်းကျင် အဝန်းအဝိုင်းကိုပါ မေ့လျော့ ခြင်း ဆီသွပ်ဘူးထဲ အတင်းသွပ်ထည့်ချင်လေ့ရှိကြတာ အမှန်ပဲမဟုတ်လား။
ပြန်ကြရအောင်ဗျာလို့ ရှေ့နေကို စကားဆိုရင်း ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အခြားကမ္ဘာတစ်ခုဆီ ရောက်ခဲ့ကြ တယ်မှတ်ပေါ့ဗျာလို့ ပြောဖြစ်တော့ ငါတို့ အသက်ရှင်နေမှရမယ်ပေါ့ဗျာတဲ့ ။ အဲဒီလိုခေါင်းစဉ်တပ်ကြတာပေါ့တဲ့။ ရှေ့နေက ခပ်ထေ့ထေ့ဆိုတယ်။ ရှေ့နေတဲ့ သူ လမ်းခွဲပြီး ပြန်လာတော့ ကဗျာဆရာအောင်ချိမ့်ရဲ့ကဗျာ တစ်ပုဒ်က မရည်ရွယ်ဘဲ သူ့ခေါင်းထဲ အလိုလို ရောက်လာခဲ့တယ်။ ကဗျာခေါင်းစဉ်ရော စာသားတွေပါ အစအဆုံး ရနေမိတဲ့ က ဗျာမို့ အိမ်ပြန်လမ်း တစ်လျှောက်လုံး သူအဲဒီကဗျာကို ရွတ်ဆိုလာခဲ့မိတယ်။ ပြီးတော့ ရှေ့နေပြောတဲ့ အဲဒီလို ခေါင်း စဉ် တပ်ကြတာပေါ့ဆိုတဲ့ အသံကို ထပ်ခါထပ်ခါ ကြားနေခဲ့မိတယ်။
ရှေ့နေတဲ့ သူ လမ်းခွဲပြီး ပြန်လာတော့ ကဗျာဆရာအောင်ချိမ့်ရဲ့ကဗျာ တစ်ပုဒ်က မရည်ရွယ်ဘဲ သူ့ခေါင်းထဲ အလိုလို ရောက်လာခဲ့တယ်။ ကဗျာခေါင်းစဉ်ရော စာသားတွေပါ အစအဆုံး ရနေမိတဲ့ က ဗျာမို့ အိမ်ပြန်လမ်း တစ်လျှောက်လုံး သူအဲဒီကဗျာကို ရွတ်ဆိုလာခဲ့မိတယ်။ ပြီးတော့ ရှေ့နေပြောတဲ့ အဲဒီလို ခေါင်း စဉ် တပ်ကြတာပေါ့ဆိုတဲ့ အသံကို ထပ်ခါထပ်ခါ ကြားနေခဲ့မိတယ်။
‘သိနားလည်သူတို့၏ ကစားနည်း’
ဘဝဆိုးအကြောင်း
တိုးတိုး တိုးတိုး
ရိုးရိုးလေး နားထဲ ဝင်လာရဲ့။
‘သိပါရစေကွယ်’ ပေါ့လေ
ကယ်တင်ရှင်လေသံနဲ့
ငါ့ရဲ့ စပ်စုမှုကြောင့်ပေါ့။
ပြီးတော့လည်း
တခြားလူတွေလိုပဲ
အိပ်လိုက်တာပါပဲ။
အဝင်း ဆိုတဲ့ ဖာသည်မလေးကို
အဲသလို စော်ကားမိပါတယ်။
အောင်ချိမ့်
( သစ်ရွက်အသေများပေါ်က ရက်စက်သော ဂီတ ၊ ၂၀၁၆ ခုနှစ် ။ နှင်းဆီဖြူစာပေ)
~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။