Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ခရမ်းမြို့ပေါ် ပြည်သူတွေစီးနေတဲ့ E Bike ကို စစ်တပ် ဖမ်းဆီး PDF လက်ချက်ကြောင့် အထိနာနေတဲ့ စစ်တပ် ခရမ်းမြို့ကို လော့ဒေါင်းလုပ်ထား

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့ပေါ်မှာ ပြည်သူတွေစီးနင်းနေတဲ့ E Bike တွေကိုပါ အကြမ်းဖက်စစ် တပ်က ဒီနေ့မှာဖမ်းဆီးသိမ်းဆည်းနေကြောင်းသိရပါတယ်။


E Bike တွေကို စီးနင်းခွင့်ပြုထားရာကနေ ဒီနေ့မှာ စီးနင်းခွင့်မရှိကြောင်း မကြေညာဘဲနဲ့ ခရမ်းမြို့မဈေးနားမှာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ခရမ်းမြို့တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။


“ဈေးနားက လိပ်ပြာတောင်အနီးတဝိုက်နဲ့စနေလမ်းမှာ ဖမ်းဆီးနေတာ။၁၈ရက်နေ့မှာဘေးတွဲဆိုင်ကယ်တွေ ပြန်စီးခွင့်ပေးမယ်လို့ကြေညာထားပြီး ဒီနေ့ထိ မဖွင့်ပေးရုံတင်မကဘူး။ဘေးတွဲ၅စီးကိုလည်းဖမ်းပြီး ထွေအုပ်ရုံးထဲ ပို့ထားတယ်”လို့ သူက ပြောပါတယ်။


ခရမ်းလဝကရုံးတိုက်ခိုက်ခံရတဲ့ ဧပြီ၁၄ရက်နေ့ကစပြီး ခရမ်းမြို့အဝင်အထွက်လမ်းတွေကို လုံးဝပိတ် လိုက်ကာ ကားအဝင်အထွက်လည်း လုံးဝပြုလုပ်လို့မရတော့ဘဲ ဒီနေ့ထိတိုင်လော့ဒေါင်းချထားခဲ့ပါ တယ်။


“ခရမ်း-ရန်ကုန် ၃၄ ကားတွေကလည်း လုံးဝထွက်မရဘူး။ မြို့အတွင်းအပြင် ဝင်ထွက်လို့လည်းမရတော့ဘူး”လို့ ခရမ်းမြို့တက်ကြွလှုပ်ရှားသူကပြောပါတယ်။


ဒီနေ့ မနက်၁၁နာရီလောက်ကစပြီး ခရမ်းမြို့၊ဘုရားလမ်းတစ်လျှောက်ရှိ ဈေးဆိုင်တွေအားလုံးကို လည်း အကြမ်းဖက်စစ်တပ်က ပိတ်ခိုင်းကြောင်းသိရပါတယ်။


“စခ ထဲက နည်းနည်းအကောင်ကြီးကြီးတစ်ကောင်လာမှာမို့ ဆိုင်တွေပိတ်ခိုင်းတာလို့ သတင်းရတယ်”လို့ သူကဆက်ပြောပါတယ်။


ခရမ်းမြို့ပေါ်နဲ့ မြို့နယ်အတွင်းရှိ စစ်အုပ်စုပစ်မှတ်တွေကို ခရမ်းPDF က ဆက်တိုက်ဆိုသလို တိုက် ခိုက်ခဲ့ရာ သေဆုံးထိခိုက်များစွာနဲ့ စစ်တပ် အထိနာခဲ့ပါတယ်။

“PDF ကိုမနိုင်လို့ ခရမ်းပြည်သူတွေကို ဒုက္ခပေးတာ။

ခရမ်းပြည်သူတွေကလည်း အကုန်ရဲရဲတောက် တွေချည်းပဲ”


“PDF ကိုမနိုင်လို့ ခရမ်းပြည်သူတွေကို ဒုက္ခပေးတာ။ ခရမ်းပြည်သူတွေကလည်း အကုန်ရဲရဲတောက် တွေချည်းပဲ”လို့ သုံးခွမြို့၊အောင်ဇေယျာလမ်းနေ ပြည်သူတစ်ဦးကပြောပါတယ်။


ခရမ်းမြို့နယ်အတွင်း မကြာခဏဆိုသလို တိုက်ခိုက်ခံနေရတာကြောင့် ၂၀၂၂ခုနှစ်၊နှစ်ကုန်ပိုင်းက စပြီး ခရမ်းမြို့နယ်အတွင်း ဆိုင်ကယ်စီးခွင့်ပိတ်လိုက်သလို ခရမ်းမြို့နဲ့ ကပ်လျက် သုံးခွမြို့နယ်ကို လည်း ၂၀၂၃ခုနှစ် အစပိုင်းမှာ ဆိုင်ကယ်စီးခွင့် ပိတ်ခဲ့ပါတယ်။
~~~~~
ကိုထိုက်

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။