Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နှစ်ကူးမှာ ပို့သလိုက်တဲ့ ဆုတောင်းမေတ္တာသံ

ဟေ့ အယုတ်တမာထိပ်ခေါင် မ.အ.လ...။

" ခြေသလုံးမြင်တာနဲ့ ငထွားကြီးပဲဆိုတာ သိပါရဲ့"ဆိုတာလို မင်းရဲ့ အပြောအဆို၊ လုပ်ကိုင်လှုပ်ရှားပုံတွေကို အကဲခတ်ရုံနဲ့ မင်း ဘယ်အချိုး ချိုးနေတယ်ဆိုတာ သိကြပါရဲ့ကွာ။ မင်းတို့က နိုင်ငံကို စစ်အာဏာရှင်တွေရဲ့ အမွေပိုင်ပစ္စည်းလို အစဉ်ထာဝရ စစ်အာဏာရှင်တွေ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ရေးပဲ မဟုတ်လား။ ဒါပေမဲ့ အဲဒီ အမြင်အယူအဆတွေဟာ သမိုင်းထဲမှာ ဟိုးအဝေးကြီးအထိ ကျန်နေရစ်ခဲ့ပါပြီကွာ။ ဒါကို အမြင်ကျဉ်းမြောင်းတဲ့ မင်းတို့တတွေ အတ္တအကျိုးအတွက် နားမလည်နိုင်ဘဲ မိုက်တွင်းနက်ခဲ့ကြတယ်မဟုတ်ပါလား။

 

ဟုတ်တယ်လေကွာ။ မင်းတို့က နိုင်ငံတည်ငြိမ်အေးချမ်းနေပါလျက် ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းပေါ် ရောက်နေပါလျက် လက်နက်အားကိုးနဲ့ ဇွတ်အတင်း အာဏာသိမ်းခဲ့ကြတာလေ။ ဒါပေမဲ့ နိုင်ငံချစ်တဲ့၊ တိုးတက်တဲ့ ပြည်သူတွေက မင်းတို့ရဲ့ ယုတ်မာပက်စက်တဲ့အခင်းအကျင်းကို လက်မခံ တော်လှန်ကြလို့၊ နည်းလမ်းမကျတဲ့ မင်းတို့လုပ်ရပ်ကို နိုင်ငံတကာကလည်း လက်မခံလို့၊ ခုတော့ဖြင့် မင်းတို့ရဲ့အဖြစ်က လိပ်ပက်လက်လှန်သလို ယက်ကန်ယက်ကန် ဖြစ်နေပြီမဟုတ်ပါလား။ ကြည့်လေ။ မင်းတို့အာဏာသိမ်းခဲ့တာ ၂နှစ်ကျော် ၃နှစ်အတွင်း ရောက်လာပြီ။ မင်းတို့လုပ်ရည်ကိုင်ရည်ေကြာင့် နိုင်ငံအတွက် အကျိုးရှိတာ ဘာတစ်ခုဖြစ်မြောက်ခဲ့တယ်ဆိုတာ ရှိရင်ကြောစမ်း။

မင်းတို့က ပြည်သူကို မတရားဖိနှိပ်ပြီး အကြောက်တရားနဲ့
စိုးမိုးထားရင် ငြိမ်သက်သွားလိမ့်မယ်လို့ ခေါက်ရိုးကျိုးနေတဲ့အမြင်အယူအဆတွေ ရှိကြတာကိုး။ ပြည်သူအားလုံးလည်း အလဲလဲအပြိုပြို ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ပြည်သူတစ်ဦးတစ်ယောက်ကမှ မင်းတို့ရှေမှောက် ဒူးမထောက်ခဲ့ကြတာတော့ အံ့အားသင့်စရာပေါ့ကွာ။

 

သမိုင်းအစဉ်အဆက် အေးချမ်းတည်ငြိမ် ရိုးသားစွာ ရပ်တည်နေထိုင်ခဲ့ကြတဲ့ ကျေးလက်ပြည်သူသိန်းပေါင်းများစွာ စစ်ပြေးဒုက္ခသည်တွေ ဖြစ်ခဲ့ရတယ်။ အကြောင်းမဲ့သက်သက် အိုးအိမ်၅သောင်းကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲရတယ်။ အပြစ်မဲ့ပြည်သူ ထောင်ချီပြီး သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ အဲဒီရာဇဝတ်မှုတွေကို မင်းတို့အကြမ်းဖက်အဖွဲ့အစည်းက ဆောင်ရွက်ကျူးလွန်ခဲ့တာပဲ မဟုတ်ဘူးလား။ မင်းတို့က ပြည်သူကို မတရားဖိနှိပ်ပြီး အကြောက်တရားနဲ့စိုးမိုးထားရင် ငြိမ်သက်သွားလိမ့်မယ်လို့ ခေါက်ရိုးကျိုးနေတဲ့အမြင်အယူအဆတွေ ရှိကြတာကိုး။ ပြည်သူအားလုံးလည်း အလဲလဲအပြိုပြို ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ပြည်သူတစ်ဦးတစ်ယောက်ကမှ မင်းတို့ရှေမှောက် ဒူးမထောက်ခဲ့ကြတာတော့ အံ့အားသင့်စရာပေါ့ကွာ။

 


အိုးအိမ် ၅ သောင်းကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ
 

ပြည်သူတစ်ရပ်လုံးက မင်းတို့အပေါ် ရွံရှာမုန်းတီးသွားကြတာကတော့ ကမ္ဘာကြေပေမဲ့ ဥဒါန်းမကျေကြတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေကလည်း နိုင်ငံတော်ကို ဖျက်ဆီးနေကြတဲ့ မင်းတို့ကို လက်စားချေဖို့ အသက်ပေးပြီး နိုင်ငံကို ကာကွယ်နေကြပြီ။ ဒီတော့ အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ။ မင်းတွေးထင်ထားသလို ၅ နှစ်လောက်နေရင် ပြည်သူတွေ သွေးအေးသွားကြလိမ့်မယ်။ တော်လှန်တဲ့ လူငယ်တွေ ငြိမ်သက်သွားကြလိမ့်မယ်လို့ ယူဆထားရင်တော့ မင်းလောက်ရူးမိုက်တဲ့သူ ရှိတော့အံ့မထင်။ ပြည်သူတွေနဲ တော်လှန်လူငယ်တွေက မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကို အမြစ်ပါမကျန် တော်လှန်သွားကြမှာဗျ။ သိလား။

 

အစပိုင်းတုန်းက မင်းတို့အနေနဲ့ တစ်နှစ်လောက်အုပ်ချုပ်လိုက်ရင် တည်ငြိမ်အေးချမ်းသွားလိမ့်မယ်လို့ တွေးထင်မျှော်မှန်းခဲ့တယ်မဟုတ်လား။ ဒါကြောင့် လုပ်ပိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲကော်မရှင်ေတွဖွဲ့စည်း၊ အကြားအလပ်မရှိအောင် ရွေးောက်ပွဲပြုလုပ်သွားမယ်လို့ မိုးတစ်လုံးမြေတစ်လုံး ပြောခဲ့တာပေါ့။ ရွေးကောက်ပွဲရလဒ်ကို အချိုးကျစနစ်နဲ့ သတ်မှတ်သွားမယ်လို့လည်း ဆုံးဖြတ်ခဲ့တာပေါ့။ ခုတော့ မဲစာရင်းမှန်ကန်ဖို သန်းခေါင်စာရင်းကောက်ယူဖို့ လိုအပ်တယ်။ ၂၀၂၄ အောက်တိုဘာမှာ သန်းခေါင်စာရင်းကောက်ယူသွားမယ်လို့ ပြောလာပြန်တယ်။ ဒီတော့ ရွေးကောက်ပွဲက ၂၀၂၅ခုနောက်ပိုင်းမှ ဖြစ်လာတော့မယ့်သဘော။ ဒီအတောအတွင်း မင်းတို့စိတ်ကြိုက်အခြေအေနတစ်ရပ် ဖြစ်ထွန်းလာအောင် ကြိုးစားသွားမယ်ပေါ့လေ။ ဒင်းကိုမထောက်ခံတဲ့ ပြည်သူတွေကို သတ်ဖြတ်ဦးမယ်။ ဒင်းကို တော်လှန်တိုက်ထုတ်နေတဲ့ PDFတွေကို အမြစ်ဖြတ် ချေမှုန်းမယ်ပေါ့လေ။ မိုက်တွင်းကို ပိုပြီး နက်နက်တူးဦးမယ်ပေါ့လေ။

 

ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်က ဒင်းတို့အခိုင်အမာတပ်စွဲထားတဲ့ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု ကျရှုံးနေရတယ်မဟုတ်လား။ လောလောဆယ် အရှေ့တောင်တိုင်း စစ်တိုင်းမှူးကို ဖယ်ရှားပြီး ခုံရုံးဖွဲ့စစ်ဆေးအပြစ်ပေးဖို့ ဆောင်ရွက်နေကြသတဲ့။ တိုင်းမှူးတင်မက သူ့ရဲ့မိသားစုကိုပါ ဖမ်းဆီးထိန်းသိမ်းထားလိုက်သတဲ့။ ဗိုလ်ချုပ်မြက်သက်ဦးကို ဒင်းတို့စိတ်ကြိုက်ရွေးချယ်ပြီး တာဝန်ပေးအပ်လိုက်တာလေ။ ဟော သူတို့ဖြစ်စေချင်သလိုဖြစ်မလာတော့ ဖယ်ရှားအရေးယူခြင်း ခံလိုက်ရတယ်။ သူ့အရင်ကလည်း ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို အနောက်မြောက်တိုင်း တိုင်းမှူးအဖြစ် ရွေးချယ်ခန့်အပ် တာဝန်ပေးဖူးတယ်။

 

မောင်သန်းလှိုင်ကလည်း ငါတော့ ဗိုလ်ချုပ်ကြီးရာထူး ရတော့မယ်ဆိုပြီး အပြေးအလွှားသွားရောက်ခဲ့တာေလ။ ဒါပေမဲ့ ကံမကောင်းသူ မောင်သန်းလှိုင်ခမျာ ကက်ဦးထုပ်တောင် ပြန်မကောက်နိုင်အောင်ထြိဖစ်ပြီး ပြန်ပြေးခဲ့ရတယ်မဟတ်လား။ ခုတော့ သူ့ခမျာလည်း ဖယ်ရှားခံလိုက်ရပြီး ဘယ်ဘဝဘယ်အခြေ ရောက်သွားလေတယ်မသိ။ ဒါပါပဲကွာ။ မင်းတို့ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်ဆိုတဲ့ အကောင်တွေ ရာထူးတိုးဖို့မျှော်လင့်ပြီး မ.အ.လ အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်နေတယ်မဟုတ်လား။ နိုင်ငံတော်အကျိုးအတွက် မဟုတ်ဘူးနော်။ အဲဒီမှာ မင်းတို့အနေနဲ့ အသက်သေချင်သေ၊ မသေလို့ကျရှုံးရင် မင်းတို့မိသားစု ဘဝပျက်ပြီမှတ်။ နိုင်ငံတော်ကလည်း မင်းတို့ကို မ.အ.လ နဲ့တစ်ကိုင်းတည်းထားပြီး နိုင်ငံတော်သစ္စာဖောက်တွေအဖြစ် သတ်မှတ်ထားကြပြီ။

မင်းတို့အနေနဲ့ မအလ ရွေးချယ်ပေးတဲ့ လမ်းကြောင်းအတိုင်းလိုက်နာပြီး မင်းတို့ဘဝတင်မက သားသမီးမြေးစဉ်ဆက်
အထိ လူရာမဝင်တဲ့အဖြစ်မျိုးကို အရောက်ခံကြမလား။
ဒါမှမဟုတ် ရုန်းထွက်ကြမလား စဉ်းစားကြပေရော့။ နိုင်ငံတော်နဲ့ပြည်သူကို ချစ်ခင်စိတ်ရှိကြရင်တော့
PDFတွေနဲ့ပူးပေါင်းပြီး ပြည်သူ့အတွက်
မအလကို တော်လှန်ကြပေရော့။
 

ဒီတော့ မင်းတို့အနေနဲ့ သေချင်သေ၊ မသေရင် မိသားစုဘဝပျက်။ နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ခံရ။ အဲဒါ မင်းတို့ရွေးချယ်တာမဟုတ်ဘူး။ မအလ က ရွေးချယ်ပေးလိုက်တာကွ။ သိရဲ့လား။ ဒီမှာ။ မင်းတို့အနေနဲ့ မအလ ရွေးချယ်ပေးတဲ့ လမ်းကြောင်းအတိုင်းလိုက်နာပြီး မင်းတို့ဘဝတင်မက သားသမီးမြေးစဉ်ဆက်အထိ လူရာမဝင်တဲ့အဖြစ်မျိုးကို အရောက်ခံကြမလား။ ဒါမှမဟုတ် ရုန်းထွက်ကြမလား စဉ်းစားကြပေရော့။ နိုင်ငံတော်နဲ့ပြည်သူကို ချစ်ခင်စိတ်ရှိကြရင်တော့ PDFတွေနဲ့ပူးပေါင်းပြီး ပြည်သူ့အတွက် မအလ ကို တော်လှန်ကြပေရော့။ တကယ်တော့ မင်းတို့ဘဝတွေဟာ ကျားသနားမှ နွားချမ်းသာဆိုတဲ့ ဘဝတွေပါကွာ။ ကျားကိုသတ်လိုက်နိုင်မှ ဘဝလွတ်မြောက်ကြမှာလေ။ ဟုတ်ကဲ့လား။

 

သိကြတဲ့အတိုင်း အယုတ်တမာထိပ်ခေါင် မ.အ.လ ကတော့ သေမထူးနေမထူးတဲ့အကောင်ဆိုေတာ့ မင်းတို့ကိုထိုးကျွေးပြီး အဆုံးစွန်ထိ မိုက်တွင်းနက်သွားတော့မှာ အမှန်ပဲ။ ဒင်းတို့မှာ ထွက်ပေါက်မရှိတော့ဘူး။ စဉ်းစားကြည့်လေ။ PDFတွေက တူမီးတွေနဲ့ စတင် တော်လှန်ခဲ့ကြတာလေ။ ခုဆို မင်းတို့ရဲ့ ရခ စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်ချေမှုန်းနေပြီမဟုတ်လား။ မနေ့တနေ့ကပဲ မင်္ဂလာဒုံလေတပ်စခန်းကို တိုက်ခိုက်ခဲ့သေးတယ်မဟုတ်လား။ ဘယ်မှာလဲ မင်းတို့ချေမှုန်းလို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ပျောက်ကွယ်သွားသလား။ ဗမာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ကျရှုံးသွားကြပြီလား။ ဝေးပါသေးရဲ။ တစ်နေတခြား မင်းတို့သာ ပရုပ်လုံးလို ဖြစ်သွားကြတာလေ။ PDFနဲ့ EAOတွေကတော့ ပိုမိုတောင့်တင်းလာကြတယ်။


လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း
 

 အဲဒီအချက်က အဆုံးတစ်နေ့ ဘယ်သူအောင်ပွဲခံမလဲဆိုတာ အဆုံးအဖြတ်ပဲကွ။ ခုလည်း မင်းတို့အနေနဲ့ အောက်တန်းကျတဲ့ ကလိမ်ကကျစ်နည်းတွေသုံးပြီး အရပ်ားကားတွေနဲ့သာ သွားနေကြရတယ်မဟုတ်လား။ ထောက်ပို့ယာဉ်တန်းတွေကလည်း ၁ရက်ခရီးကို တစ်ပတ်လောက်သွားနေရတော့ ကုလသမဂ္ဂလက်အောက်ခံ WFPတံဆိပ်တွေတပ်ဆင်ပြီး သွားနေရပြီလေ။ WFPက သူတို့လမ်းကြောင်းတွေကို တရားဝင်ထုတ်ဖော်လာရင်တော့ မင်းတို့အတုအယောင်ထောက်ပို့တွေ အိုးစားကွဲပြီသာမှတ်။ စခတွေလည်း ရိက္ခာပြတ်ပြီး ငတ်ကြီးကျကြရတော့မယ်ဆိုတာ သိထားကြပေရော့။

 

အဲဒီမှာ မင်းတို့ရဲ့ အယုတ်တမာထိပ်ခေါင် မ.အ.လကတော့ SMEတွေ တွင်ကျယ်လာလို့ စီးပွားရေးဦးမော့လာပြီလို့ ပြောလိုပြော။ ဆိုလာစနစ်နဲ မြစ်ရေတင်စီမံကိန်း အကောင်အထည်ပေါ်လာလို့ စိုက်ပျိုးရေးစနစ် အားကောင်းလာတော့မယ် ပြောလိုပြော၊ ပြီးတော့ ၂၀၂၅ခုနှစ်ရောက်ရင် လျှပ်စစ်စွမ်းအားလွှမ်းခြုံနိုင်ပြီလို့ ပြောလာပြန်တယ်။ လက်တွေ့မှာတော့ လျှပ်စစ်ပုံမှန်မရရှိလို့ SMEလုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ရပ်နားသွားကြတယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေလည်း စစ်ရှောင်နေကြရလို့ မထွန်ယက်နိုင်၊ မစိုက်ပျိုးနိုင်။ ၂၀၂၅ခုနှစ်ကျရင် လျှပ်စစ်စွမ်းအားလွှမ်းခြုံနိုင်ရမယ်ဆိုတာလည်း အနုမြူနည်းပညာစီမံကိန်း မျှော်မှန်းပြောနေသလားမသိ။

 

ရင်းနှီးမြုပ်နှံကြဖို့ ဆီပုလင်းကိုခါးချိတ်ပြီး ဖိတ်ခေါ်ပေမဲ့လည်း တရားဝင်အစိုးရမဟုတ်တာ တစ်ကြောင်း၊ နိုင်ငံတကာပိတ်ဆို့မှုတွေ ရှိနေတာက တစ်ကြောင်း၊ လာရောက်ဖို့မပြောနဲ့ ရှိနေတဲ့အနေအထားကတောင် တစ်ခုပြီးတစ်ခု ထွက်ခွာသွားနေကြပြီ မဟုတ်ပါလား။ ဒီတော့ ၂နှစ်ကျော်ကာလအတွင်း လျော့ပါးသွားတဲ့ ဘဏ္ဌာရေးကို မဖြည့်တင်းနိုင်။ ဘဏ္ဌာရေးမဖြည့်တင်းနိုင်တော့ ၂နှစ်ကျော်ကာလအတွင်း ကုန်ခန်းသွားတဲ့ လက်နက်ခဲယမ်းတွေလည်း မဖြည့်တင်းနိုင်တော့ဘူး။ အထူးသဖြင့် ဆုံးရှုံးသားတဲ့ စခတွေနေရာမှာ အင်အားမဖြည့်တင်းနိုင်ခြင်းပါပဲ။ ဒါကြောင့် လက်ရုံးတပ်တွေ၊ လေတပ်တွေကို တိုက်ခိုက်ရေးတပ်အဖြစ် အသုံးပြုလာရတော့တယ်။ ဒီတော့ အရည်အချင်း ပိုမိုညံ့ဖျင်းသွားတာပေါ့။

 

ဒီမှာ။ ဒင်းက နိုင်ငံတော်ကြီးအေးချမ်းနသယောင် ပြည်သူတွေ ပျော်ရွှင်နေကြသယောင် နှစ်ကူးသင်္ကြန်ကို အခွင့်အရေးယူပြီး အသုံးချလာပြန်တယ်။ ဒင်းကြောင့် နိုင်ငံတဝှမ်း ဒုက္ခခါးစည်းခံနေရချိန်မှာ ဘယ်သူတွေ ပျော်ရွှင်နိုင်ကြမှာလဲ။ အားလုံးက နှစ်ကူးမှာ ဒင်းလည်း ဘဝကူးသွားပါစေလို့ မေတ္တာပို့ ဆုတောင်းနေကြလေရဲ့။

 

နွေဦးတော်လှန်ရေး အောင်ရမယ်

 

 

 

 

 

 

ဒေါင်းနီ

     ဟေ့ အယုတ်တမာထိပ်ခေါင် မ.အ.လ...။

            " ခြေသလုံးမြင်တာနဲ့ ငထွားကြီးပဲဆိုတာ သိပါရဲ့"ဆိုတာလို မင်းရဲ့ အပြောအဆို၊ လုပ်ကိုင်လှုပ်ရှားပုံတွေကို အကဲခတ်ရုံနဲ့ မင်း ဘယ်အချိုး ချိုးနေတယ်ဆိုတာ သိကြပါရဲ့ကွာ။ မင်းတို့က နုင်ငံကို စစ်အာဏာရှင်တွေရဲ့ အမွေပိုင်ပစ္စည်းလို အစဉ်ထာဝရ စစ်အာဏာရှင်တွေ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ရေးပဲ မဟုတ်လား။ ဒါပေမဲ့ အဲဒီ အမြင်အယူအဆတွေဟာ သမိုင်းထဲမှာ ဟိုးအဝေးကြီးအထိ ကျန်နေရစ်ခဲ့ပါပြီကွာ။ ဒါကို အမြင်ကျဉ်းမြောင်းတဲ့ မင်းတို့တတွေ အတ္တအကျိုးအတွက် နားမလည်နိုင်ဘဲ မိုက်တွင်းနက်ခဲ့ကြတယ်မဟုတ်ပါလား။

                ဟုတ်တယ်လေကွာ။ မင်းတို့က နိုင်ငံတည်ငြိမ်အေးချမ်းနေပါလျက် ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းပေါ် ရောက်နေပါလျက် လက်နက်အားကိုးနဲ့ ဇွတ်အတင်း အာဏာသိမ်းခဲ့ကြတာလေ။ ဒါပေမဲ့ နိုင်ငံချစ်တဲ့၊ တိုးတက်တဲ့ ပြည်သူတွေက မင်းတို့ရဲ့ ယုတ်မာပက်စက်တဲ့အခင်းအကျင်းကို လက်မခံ တော်လှန်ကြလို့၊ နည်းလမ်းမကျတဲ့ မင်းတို့လုပ်ရပ်ကို နိုင်ငံတကာကလည်း လက်မခံလို့၊ ခုတော့ဖြင့် မင်းတို့ရဲ့အဖြစ်က လိပ်ပက်လက်လှန်သလို ယက်ကန်ယက်ကန် ဖြစ်နေပြီမဟုတ်ပါလား။ ကြည့်လေ။ မင်းတို့အာဏာသိမ်းခဲ့တာ ၂နှစ်ကျော် ၃နှစ်အတွင်း ရောက်လာပြီ။ မင်းတို့လုပ်ရည်ကိုင်ရည်ေကြာင့် နိုင်ငံအတွက် အကျိုးရှိတာ ဘာတစ်ခုဖြစ်မြောက်ခဲ့တယ်ဆိုတာ ရှိရင်ကြောစမ်း။

                  သမိုင်းအစဉ်အဆက် အေးချမ်းတည်ငြိမ် ရိုးသားစွာ ရပ်တည်နေထိုင်ခဲ့ကြတဲ့ ကျေးလက်ပြည်သူသိန်းပေါင်းများစွာ စစ်ပြေးဒုက္ခသည်တွေ ဖြစ်ခဲ့ရတယ်။ အကြောင်းမဲ့သက်သက် အိုးအိမ်၅သောင်းကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲရတယ်။ အပြစ်မဲ့ပြည်သူ ထောင်ချီပြီး သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ အဲဒီရာဇဝတ်မှုတွေကို မင်းတို့အကြမ်းဖက်အဖွဲ့အစည်းက ဆောင်ရွက်ကျူးလွန်ခဲ့တာပဲ မဟုတ်ဘူးလား။ မင်းတို့က ပြည်သူကို မတရားဖိနှိပ်ပြီး အကြောက်တရားနဲ့စိုးမိုးထားရင် ငြိမ်သက်သွားလိမ့်မယ်လို့ ခေါက်ရိုးကျိုးနေတဲ့အမြင်အယူအဆတွေ ရှိကြတာကိုး။ ပြည်သူအားလုံးလည်း အလဲလဲအပြိုပြို ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ပြည်သူတစ်ဦးတစ်ယောက်ကမှ မင်းတို့ရှေမှောက် ဒူးမထောက်ခဲ့ကြတာတော့ အံ့အားသင့်စရာပေါ့ကွာ။

အိုးအိမ်၅သောင်းကျော် မီးရှို့ဖျက်ဆီ

 

 

 

                ပြည်သူတစ်ရပ်လုံးက မင်းတို့အပေါ် ရွံရှာမုန်းတီးသွားကြတာကတော့ ကမ႓ာကြေပေမဲ့ ဥဒါန်းမကျေကြတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေကလည်း နိုင်ငံတော်ကို ဖျက်ဆီးနေကြတဲ့ မင်းတို့ကို လက်စားချေဖို့ အသက်ပေးပြီး နိုင်ငံကို ကာကွယ်နေကြပြီ။ ဒီတော့ အယုတ်တမာထိပ်ခေါင် မ.အ.လ ရေ။ မင်းတွေးထင်ထားသလို ၅ နှစ်လောက်နေရင် ပြည်သူတွေ သွေးအေးသွားကြလိမ့်မယ်။ တော်လှန်တဲ့ လူငယ်တွေ ငြိမ်သက်သွားကြလိမ့်မယ်လို့ ယူဆထားရင်တော့ မင်းလောက်ရူးမိုက်တဲ့သူ ရှိတော့အံ့မထင်။ ပြည်သူတွေနဲ တော်လှန်လူငယ်တွေက မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကို အမြစ်ပါမကျန် တော်လှန်သွားကြမှာဗျ။ သိလား။

                   အစပိုင်းတုန်းက မင်းတို့အနေနဲ့ တစ်နှစ်လောက်အုပ်ချုပ်လိုက်ရင် တည်ငြိမ်အေးချမ်းသွားလိမ့်မယ်လို့ တွေးထင်မျှော်မှန်းခဲ့တယ်မဟုတ်လား။ ဒါကြောင့် လုပ်ပိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲကော်မရှင်ေတွဖွဲ့စည်း၊ အကြားအလပ်မရှိအောင် ရွေးောက်ပွဲပြုလုပ်သွားမယ်လို့ မိုးတစ်လုံးမြေတစ်လုံး ပြောခဲ့တာပေါ့။ ရွေးကောက်ပွဲရလဒ်ကို အချိုးကျစနစ်နဲ့ သတ်မှတ်သွားမယ်လို့လည်း ဆုံးဖြတ်ခဲ့တာပေါ့။ ခုတော့ မဲစာရင်းမှန်ကန်ဖို သန်းခေါင်စာရင်းကောက်ယူဖို့ လိုအပ်တယ်။ ၂၀၂၄ အောက်တိုဘာမှာ သန်းခေါင်စာရင်းကောက်ယူသွားမယ်လို့ ပြောလာပြန်တယ်။ ဒီတော့ ရွေးကောက်ပွဲက ၂၀၂၅ခုနောက်ပိုင်းမှ ဖြစ်လာတော့မယ့်သဘော။ ဒီအတောအတွင်း မင်းတို့စိတ်ကြိုက်အခြေအေနတစ်ရပ် ဖြစ်ထွန်းလာအောင် ကြိုးစားသွားမယ်ပေါ့လေ။ ဒင်းကိုမထောက်ခံတဲ့ ပြည်သူတွေကို သတ်ဖြတ်ဦးမယ်။ ဒင်းကို တော်လှန်တိုက်ထုတ်နေတဲ့ PDFတွေကို အမြစ်ဖြတ် ချေမှုန်းမယ်ပေါ့လေ။ မိုက်တွင်းကို ပိုပြီး နက်နက်တူးဦးမယ်ပေါ့လေ။

               ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်က ဒင်းတို့အခိုင်အမာတပ်စွဲထားတဲ့ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု ကျရှုံးနေရတယ်မဟုတ်လား။ လောလောဆယ် အရှေ့တောင်တိုင်း စစ်တိုင်းမှူးကို ဖယ်ရှားပြီး ခုံရုံးဖွဲ့စစ်ဆေးအပြစ်ပေးဖို့ ဆောင်ရွက်နေကြသတဲ့။ တိုင်းမှူးတင်မက သူ့ရဲ့မိသားစုကိုပါ ဖမ်းဆီးထိန်းသိမ်းထားလိုက်သတဲ့။ ဗိုလ်ချုပ်မြက်သက်ဦးကို ဒင်းတို့စိတ်ကြိုက်ရွေးချယ်ပြီး တာဝန်ပေးအပ်လိုက်တာလေ။ ဟော သူတို့ဖြစ်စေချင်သလိုဖြစ်မလာတော့ ဖယ်ရှားအရေးယူခြင်း ခံလိုက်ရတယ်။ သူ့အရင်ကလည်း ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို အနောက်မြောက်တိုင်း တိုင်းမှူးအဖြစ် ရွေးချယ်ခန့်အပ် တာဝန်ပေးဖူးတယ်။

                 မောင်သန်းလှိုင်ကလည်း ငါတော့ ဗိုလ်ချုပ်ကြီးရာထူး ရတော့မယ်ဆိုပြီး အပြေးအလွှားသွားရောက်ခဲ့တာေလ။ ဒါပေမဲ့ ကံမကောင်းသူ မောင်သန်းလှိုင်ခမျာ ကက်ဦးထုပ်တောင် ပြန်မကောက်နိုင်အောင်ထြိဖစ်ပြီး ပြန်ပြေးခဲ့ရတယ်မဟတ်လား။ ခုတော့ သူ့ခမျာလည်း ဖယ်ရှားခံလိုက်ရပြီး ဘယ်ဘဝဘယ်အခြေ ရောက်သွားလေတယ်မသိ။ ဒါပါပဲကွာ။ မင်းတို့ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်ဆိုတဲ့ အကောင်တွေ ရာထူးတိုးဖို့မျှော်လင့်ပြီး မ.အ.လ အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်နေတယ်မဟုတ်လား။ နိုင်ငံတော်အကျိုးအတွက် မဟုတ်ဘူးနော်။ အဲဒီမှာ မင်းတို့အနေနဲ့ အသက်သေချင်သေ၊ မသေလို့ကျရှုံးရင် မင်းတို့မိသားစု ဘဝပျက်ပြီမှတ်။ နိုင်ငံတော်ကလည်း မင်းတို့ကို မ.အ.လ နဲ့တစ်ကိုင်းတည်းထားပြီး နိုင်ငံတော်သစ္စာဖောက်တွေအဖြစ် သတ်မှတ်ထားကြပြီ။

                  ဒီတော့ မင်းတို့အနေနဲ့ သေချင်သေ၊ မသေရင် မိသားစုဘဝပျက်။ နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ခံရ။ အဲဒါ မင်းတို့ရွေးချယ်တာမဟုတ်ဘူး။ မအလ က ရွေးချယ်ပေးလိုက်တာကွ။ သိရဲ့လား။ ဒီမှာ။ မင်းတို့အနေနဲ့ မအလ ရွေးချယ်ပေးတဲ့ လမ်းကြောင်းအတိုင်းလိုက်နာပြီး မင်းတို့ဘဝတင်မက သားသမီးမြေးစဉ်ဆက်အထိ လူရာမဝင်တဲ့အဖြစ်မျိုးကို အရောက်ခံကြမလား။ ဒါမှမဟုတ် ရုန်းထွက်ကြမလား စဉ်းစားကြပေရော့။ နိုင်ငံတော်နဲ့ပြည်သူကို ချစ်ခင်စိတ်ရှိကြရင်တော့ PDFတွေနဲ့ပူးပေါင်းပြီး ပြည်သူ့အတွက် မအလ ကို တော်လှန်ကြပေရော့။ တကယ်တော့ မင်းတို့ဘဝတွေဟာ ကျားသနားမှ နွားချမ်းသာဆိုတဲ့ ဘဝတွေပါကွာ။ ကျားကိုသတ်လိုက်နိုင်မှ ဘဝလွတ်မြောက်ကြမှာလေ။ ဟုတ်ကဲ့လား။

                   သိကြတဲ့အတိုင်း အယုတ်တမာထိပ်ခေါင် မ.အ.လ ကတော့ သေမထူးနေမထူးတဲ့အကောင်ဆိုေတာ့ မင်းတို့ကိုထိုးကျွေးပြီး အဆုံးစွန်ထိ မိုက်တွင်းနက်သွားတော့မှာ အမှန်ပဲ။ ဒင်းတို့မှာ ထွက်ပေါက်မရှိတော့ဘူး။ စဉ်းစားကြည့်လေ။ PDFတွေက တူမီးတွေနဲ့ စတင် တော်လှန်ခဲ့ကြတာလေ။ ခုဆို မင်းတို့ရဲ့ ရခ စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်ချေမှုန်းနေပြီမဟုတ်လား။ မနေ့တနေ့ကပဲ မင်္ဂလာဒုံလေတပ်စခန်းကို တိုက်ခိုက်ခဲ့သေးတယ်မဟုတ်လား။ ဘယ်မှာလဲ မင်းတို့ချေမှုန်းလို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ပျောက်ကွယ်သွားသလား။ ဗမာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ကျရှုံးသွားကြပြီလား။ ဝေးပါသေးရဲ။ တစ်နေတခြား မင်းတို့သာ ပရုပ်လုံးလို ဖြစ်သွားကြတာလေ။ PDFနဲ့ EAOတွေကတော့ ပိုမိုတောင့်တင်းလာကြတယ်။

 

 

                   အဲဒီအချက်က အဆုံးတစ်နေ့ ဘယ်သူအောင်ပွဲခံမလဲဆိုတာ အဆုံးအဖြတ်ပဲကွ။ ခုလည်း မင်းတို့အနေနဲ့ အောက်တန်းကျတဲ့ ကလိမ်ကကျစ်နည်းတွေသုံးပြီး အရပ်ားကားတွေနဲ့သာ သွားနေကြရတယ်မဟုတ်လား။ ထောက်ပို့ယာဉ်တန်းတွေကလည်း ၁ရက်ခရီးကို တစ်ပတ်လောက်သွားနေရတော့ ကုလသမဂ္ဂလက်အောက်ခံ WFPတံဆိပ်တွေတပ်ဆင်ပြီး သွားနေရပြီလေ။ WFPက သူတို့လမ်းကြောင်းတွေကို တရားဝင်ထုတ်ဖော်လာရင်တော့ မင်းတို့အတုအယောင်ထောက်ပို့တွေ အိုးစားကွဲပြီသာမှတ်။ စခတွေလည်း ရိက္ခာပြတ်ပြီး ငတ်ကြီးကျကြရတော့မယ်ဆိုတာ သိထားကြပေရော့။

                အဲဒီမှာ မင်းတို့ရဲ့ အယုတ်တမာထိပ်ခေါင် မ.အ.လကတော့ SMEတွေ တွင်ကျယ်လာလို့ စီးပွားရေးဦးမော့လာပြီလို့ ပြောလိုပြော။ ဆိုလာစနစ်နဲ မြစ်ရေတင်စီမံကိန်း အကောင်အထည်ပေါ်လာလို့ စိုက်ပျိုးရေးစနစ် အားကောင်းလာတော့မယ် ပြောလိုပြော၊ ပြီးတော့ ၂၀၂၅ခုနှစ်ရောက်ရင် လျှပ်စစ်စွမ်းအားလွှမ်းခြုံနိုင်ပြီလို့ ပြောလာပြန်တယ်။ လက်တွေ့မှာတော့ လျှပ်စစ်ပုံမှန်မရရှိလို့ SMEလုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ရပ်နားသွားကြတယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေလည်း စစ်ရှောင်နေကြရလို့ မထွန်ယက်နိုင်၊ မစိုက်ပျိုးနိုင်။ ၂၀၂၅ခုနှစ်ကျရင် လျှပ်စစ်စွမ်းအားလွှမ်းခြုံနိုင်ရမယ်ဆိုတာလည်း အနုမြူနည်းပညာစီမံကိန်း မျှော်မှန်းပြောနေသလားမသိ။

                 ရင်းနှီးမြုပ်နှံကြဖို့ ဆီပုလင်းကိုခါးချိတ်ပြီး ဖိတ်ခေါ်ပေမဲ့လည်း တရားဝင်အစိုးရမဟုတ်တာ တစ်ကြောင်း၊ နိုင်ငံတကာပိတ်ဆို့မှုတွေ ရှိနေတာက တစ်ကြောင်း၊ လာရောက်ဖို့မပြောနဲ့ ရှိနေတဲ့အနေအထားကတောင် တစ်ခုပြီးတစ်ခု ထွက်ခွာသွားနေကြပြီ မဟုတ်ပါလား။ ဒီတော့ ၂နှစ်ကျော်ကာလအတွင်း လျော့ပါးသွားတဲ့ ဘဏ္ဌာရေးကို မဖြည့်တင်းနိုင်။ ဘဏ္ဌာရေးမဖြည့်တင်းနိုင်တော့ ၂နှစ်ကျော်ကာလအတွင်း ကုန်ခန်းသွားတဲ့ လက်နက်ခဲယမ်းတွေလည်း မဖြည့်တင်းနိုင်တော့ဘူး။ အထူးသဖြင့် ဆုံးရှုံးသားတဲ့ စခတွေနေရာမှာ အင်အားမဖြည့်တင်းနိုင်ခြင်းပါပဲ။ ဒါကြောင့် လက်ရုံးတပ်တွေ၊ လေတပ်တွေကို တိုက်ခိုက်ရေးတပ်အဖြစ် အသုံးပြုလာရတော့တယ်။ ဒီတော့ အရည်အချင်း ပိုမိုညံ့ဖျင်းသွားတာပေါ့။

               ဒီမှာ။ ဒင်းက နိုင်ငံတော်ကြီးအေးချမ်းနသယောင် ပြည်သူတွေ ပျော်ရွှင်နေကြသယောင် နှစ်ကူးသင်္ကြန်ကို အခွင့်အရေးယူပြီး အသုံးချလာပြန်တယ်။ ဒင်းကြောင့် နိုင်ငံတဝှမ်း ဒုက္ခခါးစည်းခံနေရချိန်မှာ ဘယ်သူတွေ ပျော်ရွှင်နိုင်ကြမှာလဲ။ အားလုံးက နှစ်ကူးမှာ ဒင်းလည်း ဘဝကူးသွားပါစေလို့ မေတ္တာပို့ ဆုတောင်းနေကြလေရဲ့။

                    နွေဦးတော်လှန်ရေး အောင်ရမယ်

 

 

 

 

 

 


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။