Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

NLD ပါတီဖျက်သိမ်းရေးက မြန်မာ့ပဋိပက္ခအပေါ် ဘယ်လို အကျိုးသက် ရောက်စေမလဲ. . . .?

မတ်လ ၂၈ ရက်နောက်ဆုံးထားပြီး နိုင်ငံရေးပါတီတွေအနေနဲ့မှတ်ပုံတင် ကြဖို့ စစ်ကောင်စီကကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံတင်ဖို့ပျက်ကွက်တဲ့ NLD ပါတီအပါ အဝင် ပါတီပေါင်း ၄၀ ကို နိုင်ငံရေးပါတီအဖြစ်ကဖျက်သိမ်းကြောင်း စစ်ကောင်စီထိန်းချုပ် ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ ကြေညာ ခဲ့ပါတယ်။


ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ လွှတ်တော်နှစ်ရပ်စလုံးရဲ့ မဲဆန္ဒနယ် ၄၇၆ နေရာမှာ ၃၉၆ နေရာ အနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲ မှာမဲလိမ်ခဲ့တယ်ဆိုတဲ့ ခုထိသက်သေမပြနိုင်သေးတဲ့စွပ်စွဲချက်နဲ့ ရွေး ကောက်ပွဲပြီးလို့နောက်ထပ် ၃ လအကြာမှာပဲ မြန်မာစစ်တပ်က အာဏာ သိမ်းယူခဲ့ပါတယ်။


ပြီးခဲ့တဲ့ဇန်နဝါရီလမှာပဲ မြန်မာစစ်တပ်ကအတည်ပြုပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေသစ်က စစ်တပ်ရဲ့ဩဇာ အာ ဏာ ပိုပြီးခိုင်မြဲဖို့အတွက်ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ လူ့ အခွင့် အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့အဆိုအရကတော့ စစ်တပ်က အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်အရဆိုရင် “တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း ပြန်ပြီးမှတ်ပုံတင်ရပါ မယ်။ တည်ဆဲဥပဒေသစ်တစ်ခုခုအရ မတရားအသင်း ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်အဖြစ် ကြေညာခံထားရတဲ့ ဘယ်လို နိုင်ငံရေးပါတီမျိုးကိုမဆို အရည်အချင်းမပြည့်ဝတဲ့အတွက် နိုင်ငံရေး ပါတီအဖြစ်ကနေ ဖျက်သိမ်းခံရမယ့်အန္တရာယ်ရှိနေပါတယ်”လို့သိရပါ တယ်။



လူ့ အခွင့် အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့အဆိုအရကတော့ စစ်တပ်က အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်အရဆိုရင် “တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း ပြန်ပြီးမှတ်ပုံတင်ရပါ မယ်။




ဒီဥပဒေက အရင်ကပြစ်မှုဟောင်းရှိသူတွေနဲ့ ထောင်ကျခံနေရတဲ့သူတွေ ကိုပါ နိုင်ငံရေးပါတီထဲဝင်ရောက်ခွင့်မပြုတဲ့အတွက် တကယ်လို့သာ NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့သဘောတူခဲ့မယ်ဆို ရင်တောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်း ဆောင်အများစု ထောင်ကျနေတဲ့အတွက် ပယ်ချပစ်မယ့်အရာပါပဲ။


ဥပဒေသစ်က လာမယ့်ဩဂုတ်လမှာကျင်းပဖို့စီစဥ်ထားတဲ့ စစ်အာဏာ ရှင်တွေရဲ့ဇာတ်ညွှန်းအတိုင်းဆောင်ရွက်နိုင်ဖို့ ရှင်းလင်းတဲ့ကြိုးပမ်းမှု တစ်ရပ်ပါပဲ။ ဒါပေမယ့် ဒီနှစ်မှာကျင်းပဖို့မဖြစ်နိုင်တော့တဲ့အတွက် နောက်နှစ်လည်း ဒီဇာတ်ညွှန်းအတိုင်း လိုက်ပါဖို့ပါပဲ။ ပြီးခဲ့တဲ့သီတင်း ပတ်ရဲ့သတင်းစာရှင်းလင်းပွဲမှာ ICG ကမှတ်ချက်ပေးခဲ့တဲ့အတိုင်း ဒီရွေးကောက်ပွဲက ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD ရဲ့အောင် မြင်မှုကို ကျွမ်းထိုးမှောက်ခုံလုပ်ဖို့ဖြစ်ပြီး စစ်တပ်က နိုင်ငံတော်အာဏာ ကိုထိန်းချုပ်ထားချိန်မှာပဲ ပုံမှန်အခြေအနေတွေပြန်ရောက်ဖို့ ကြိုးပမ်းမှု လည်းဖြစ်ပါတယ်။


ရွေးကောက်ပွဲဥပဒေသစ်အရ NLD ကမှတ်ပုံတင်ဖို့ငြင်းဆန်ခဲ့ပါတယ်။ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့က မတ်လ ၂၉ ရက်မှာထုတ်ပြန်တဲ့ထုတ်ပြန်ချက် မှာ NLD ပါတီကိုဖျက်သိမ်းတာက တရားမဝင်ဘူးလို့ ဖော်ပြထား ပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကလည်း တရားဝင် ဖွဲ့စည်းထားတဲ့နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပိုင်ခွင့်မရှိဘူးလို့လည်း ထပ်ပြီးဖော်ပြထားပါသေးတယ်။ ဆက်ပြီး ပြည်သူတွေရှိနေသရွေ့ ပြည်သူ့ဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်ဖို့ NLD ကဆက်ပြီးတည်ရှိ နေမှာပါလို့လည်း ဖော်ပြထားပါတယ်။



NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့က မတ်လ ၂၉ ရက်မှာထုတ်ပြန်တဲ့ထုတ်ပြန်ချက် မှာ NLD ပါတီကိုဖျက်သိမ်းတာက တရားမဝင်ဘူးလို့ ဖော်ပြထား ပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကလည်း တရားဝင် ဖွဲ့စည်းထားတဲ့နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပိုင်ခွင့်မရှိဘူးလို့လည်း ထပ်ပြီးဖော်ပြထားပါသေးတယ်။




ပါတီတွေဖျက်သိမ်းခံရတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေကလည်း ဝိုင်းပြီးရှုတ်ချနေကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ဒီလုပ်ရပ်ကိုကန့်ကွက်ရှုတ်ချခဲ့ပြီး စစ် ကောင်စီကကျင်းပဖို့စီစဥ်ထားတဲ့ရွေးကောက်ပွဲကလည်း လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ နောက်ထပ်စိုးရိမ်စရာ ထုတ်ပြန်ချက်တွေကိုလည်း ယူကေ ၊ အီးယူ ၊ ဂျာမနီ ၊ ကနေဒါနဲ့ ဂျပန် အစိုးရတို့က ထုတ်ပြန်ခဲ့ပါတယ်။


NLD ပါတီကိုဖျက်သိမ်းလိုက်တဲ့အတွက် မြန်မာ့နိုင်ငံရေးလမ်းကြောင်း အပေါ် အကျိုးသက်ရောက်မှုက ဘယ်လိုရှိလာနိုင်ပါသလဲ. . .? အများ ကြီးတော့လည်း မရှိပါဘူး။ သေချာတာကတော့ လူထုဒေသက အထွတ် အထိပ်ကို ရောက်သွားတာပါပဲ။


အာဏာသိမ်းပြီးချိန်ကစပြီး NLD အစိုးရအဖွဲ့ဝင်တွေနဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး NUG ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။ NLD ပါတီထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးကတည်းက NLD ပါတီဝင် ၁၂၃၅ ယောက်ဖမ်းဆီးခံ ထားရပြီး ၂၆ ယောက်ကတော့ ထိန်းသိမ်းခံထားရချိန်မှာပဲ ကွယ်လွန်ခဲ့ ပါတယ်။ ကိုဖြိုးဇေယျာသော် အပါအဝင် နောက်ထပ် ၆၃ ယောက်ကို လည်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။


အကယ်၍များ NLD ကပွင့်လင်းမြင်သာဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် တောင် စစ်ကောင်စီရွေးကောက်ပွဲလုပ်ငန်းစွ်တွေအပေါ် လက်ခံလိမ့် မယ်ဆိုတာကတော့ စိတ်ကူးဖို့တောင်မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ စစ်ကောင်စီ ကကျင်းပမယ့်ရွေးကောက်ပွဲတွေကိုကန့်ကွက်တယ်လို့ အရင်ကတည်း က NLD အနေနဲ့ အပြင်းထန်ဆုံးသတိပေးပြောဆိုခဲ့ပြီးသားပါ။ ဒီအတွက်အကျိုးသက်ရောက်မှုက နိုင်ငံရဲ့ပဋိပက္ခတွေ ပိုပြီးကြီးထွား လာဦးမယ် ဆိုတာပါပဲ. .. . .. 


ဘုန်းမောင်

























ဘုန်းမောင်




About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။