Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လက်တကမ်းအလို ခရီး

ဟေ့ အယုတ်တမာထိပ်ခေါင် မ.အ.လ...။

မင်းက ၂၀၂၁-၂၀၂၅ လွှတ်တော်သက်တမ်းအတွင်းမှာ ကာချုပ်ရာထူးကနေ ကျိန်းသေပေါက် ဖယ်ရှားပေးရတော့မယ်မဟုတ်လား။ ရာထူးလက်မဲ့ဖြစ်သွားရင် ခိုးယူထားလို့ ချမ်းသာကြွယ်ဝနေတဲ့ ဓနဥစ္စာတွေက ခိုးရာပါပစ္စည်းတွေမိုး သိမ်းဆည်းခံရနိုင်တယ်လေ။ အဲဒီလို မျောက်သစ်ကိုင်းလွတ်မယ့်အရေးတွေးပူပြီး နိုင်ငံတော်ရဲ့အာာကို လက်နက်အားကိုးနဲ့ မတရားသိမ်းယူလိုက်တာမဟုတ်လား။ သွားစမ်းပါ။ မဲမသမာမှုတွေရှိလို့၊ ဒီမိုကရေစီလမ်းကြောင်း တည့်မတ်ပေးချင်လို့ဆိုတဲ့ စကားတွေဟာ မင်းတို့ရဲ့ လိမ်လုံးညာလုံးတွေပါ။ ပြည်သူတွေအားလုံးက သိပါ့။


တကယ်တော့ မင်းဟာ စငေါလောက်မှ စောက်မနက်တဲ့ အကြံသမားပဲကွ။ ဒါပေမဲ့ ကြံသာကြံ အဆံမရှိတော့ အိုးမှောက်ခွက်မှောက်နဲ့ အားလုံးကမောက်ကမတွေ ဖြစ်ကုန်ရော။


တကယ်လို့ ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွေ ရှိလာရင်လည်း ပစ်သတ်ပြလိုက်ရုံပ။ အယောက် ၁၀၀ လောက် ပစ်သတ်ပြလိုက်ရင် သာမန်အခြေအနေမျိုး ပြန်လည်ရောက်ရှိသွားလိမ့်မယ်။ ဒီတော့မှ မင်းတို့ရဲ့လက်ကိုင်ဒုတ် ကြံ့ဖွတ်ပါတီကု အနိုင်ရရှိအောင်ဖန်တီးပြီး ရွေးကောက်ပွဲကျင်းပပေးမယ်။ ပြီးရင် မင်းက သမ္မတကြီးတက်လုပ်။ အိုစကေ။ တကယ်တော့ မင်းဟာ စငေါလောက်မှ စောက်မနက်တဲ့ အကြံသမားပဲကွ။ ဒါပေမဲ့ ကြံသာကြံ အဆံမရှိတော့ အိုးမှောက်ခွက်မှောက်နဲ့ အားလုံးကမောက်ကမတွေ ဖြစ်ကုန်ရော။

အေးလေ မင်းတို့က လက်နက်ကိုင်ဆောင်ထားတော့ မင်းတို့ကိုယ်မင်းတို့အထင်ရောက်ပြီး ပြည်သူ့အားကို လျှော့တွက်တာကိုးကွ။

ခုတော့ နှာခေါင်းကျည်ပွေ့ တွေ့ကြပြီမဟုတ်လား။ ၂နှစ်တာကာလ ရာဇဝင်စာတင်လောက်အောင် ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းခ့ပေမ့ ခုချိန်ထိ မင်းတို့ အုပ်ချုပ်ခွင့်မရ ဖြစ်နေတယ်မဟုတ်လား။ မင်းတို့အာဏာသိမ်းလိုက်ကတည်းက တစ်တိုင်းပြည်လုံး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လိုက်တာပဲမဟုတ်လား။ ဒါကိုများ ရန်ကုန်တိုင်း ၇မြို့နယ်၊ စစ်ကိုင်းတိုင်း ၁၁မြို့နယ်၊ မကွေးတိုင်း ၅မြို့နယ်၊ ပဲခူးတိုင်း ၅မြို့နယ်၊ တနင်္သာရီတိုင်း ၂မြို့နယ်၊ ချင်းပြည်နယ် ၇မြို့နယ်၊ ကရင်ပြည်နယ် ၂မြို့နယ်၊ ကယားပြည်နယ် ၄မြိုံ့နယ်၊ မွန်ပြည်နယ် ၁မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအမိန့်တွေ ထုတ်နေလိုက်သေး။



မဲစာရင်းမှန်ကန်ဖို့အတွက် လူဦးရေစာရင်းကောက်ယူဖို့


ဟော ရက်ပိုင်းရှိသေး စစ်ကိုင်းတိုင်းက ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ထုတ်လိုက်ပြန်ပြီ။ မင်းတို့က ပြည်သူတွေကို ကြောက်ရွှံ့သွားလိမ့်မယ်အထင်နဲ့ ပြူးခြောက်လိုက်၊ ပြဲခြောက်လိုက်။ ဒီမှာ အယုတ်တမာထိပ်ခေါင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ ခုဆို မင်းတို့က ပြည်သူတစ်သောင်းခွဲနီးပါးကို ဖမ်းဆီးချုပ်နှောင်ထားပြီးပြီ။ ပြည်သူ ၄ထောင်ကျော်ကို သတ်ပြပြီးပြီ။ ပြည်သူ့အိုးအိမ် ၅သောင်းကျော်ကို မီးရှို့ဖျက်ဆီးပြီးပြီ။ ဘယ်ကလာ။ တော်လှန်ရေးအရှိန်အဟုန်က လျော့နည်းမသွားတဲ့အပြင် ရပ်တန့်နေလို့လဲ။ ပို၍ပို၍ပင် အားကောင်းလာတယ်မဟုတ်လား။ အေး မင်းတို့တတွေကို ကြိုးစင်ပေါ် မပို့နိုင်မချင်း တော်လှန်ရေးအရှိန်အဟုန်က ရပ်တန့်မသွားဘူးဆိုတာမှတ်ပါ။

ဒီမှာ မင်းက ရွေးကောက်ပွဲကနေတဆင့် စလွယ်ကြီးလွယ်ပြီး သမ္မတကြီးအဖြစ်နဲ့ ထွက်ရပ်ပေါက်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာကိုး။ အခု မင်းလုပ်ချင်သလို လုပ်လို့ရတဲ့ကာလမှာတောင် မင်းတို့ကျွမ်းကျင်တယ်ဆိုတဲ့ စစ်ရေးမှာလည်း လွှမ်းမိုးမားနိုင်၊ စီးပွားရေးမှာလည်း ဘာမှ မလုပ်တတ်မကိုင်တတ်၊ နိုင်ငံတကာဆက်ဆံရေးမှာလည်း လူတောမတိုး၊ ပြည်သူ့ထောက်ခံမှု ရရှိဖို့ဆိုတာတော့ ဝေးသထက်ဝေး။ ဒီတော့ နိုင်ငံကို ဦးဆောင်နိုင်ဖို့ မဆိုထားဘီ။ မင်းဖြစ်ချင်တာတောင် ဖြစ်မြောက်အောင် မလုပ်နိုင်စွမ်းဘူးမဟုတ်လား။ ဒီတော့ ကိုယ့်အဆင့်နဲ့ကိုယ် တန်ရာတန်ရာမျှော်လင့်စမ်းပါကွာ။ ခုတော့ မင့်ဟာက ရိုင်းရိုင်းပြောကြစို့ရဲ့။ ဆင်ရဲ့ဟိုဟာ ခွေးမျှော်နေသလို ဖြစ်နေတယ်။

မင်းက ရွေးကောက်ပွဲကို PRစနစ်နဲ့ကျင်းပမယ်လို့ ပြဌာန်း။ ပါတီဖွဲ့စည်းခွင့်တွေကို ပြင်ဆင်ခဲ့တာလေ။ မင်းတို့ပြင်ဆင်လိုက်တဲ့ ပါတီဖွဲ့စည်းခွင့်တွေက သာမန်အခြေအနေတောင် အင်တိုက်အားတိုက်ဆောင်ရွက်မှ ဖြစ်လာနိုင်မယ်။ ပြီးတော့ အကြားအလပ်မရှိ ရွေးောက်ပွဲကျင်းပနိုင်ဖို့နဲ့ မဲစာရင်းမှန်ကန်ရေးအတွက် တစ်အိမ်တက်ဆင်း လူဦးရေကောက်ယူမယ့် ရက်၉၀စီမံကိန်းကြီးက ချလိုက်သေး။ ဟော အခု ပါတီတွေကို အချိန်ပေးဖို့လိုအပ်တယ်လို့ ပြောလာပြန်ပြီ။ ပါတီဖွဲ့စည်းခွင့်ပြင်ဆင်ချက်ကို ထပ်မံပြင်ဆင်တော့မယ့်သဘော။ မင်းတို့လုပ်ပေါက်တွေက ခုစာကလေးကြော် ခုဆီထမင်းဆိုတဲ့ အမျိုးမျိုးပြောင်းနေတတ်တဲ့ ကလေးထက်တောင် ဆိုးနေပါပေါ့လား။



မဲစာရင်းမှန်ကန်ဖို့အတွက် လူဦးရေစာရင်းကောက်ယူဖို့


ဒါ့ပြင် မဲစာရင်းမှန်ကန်ဖို့အတွက် လူဦးရေစာရင်းကောက်ယူဖို့ လိုအပ်ပါသတဲ့။ ရက်၉၀စီမံကိန်က နှုတ်ကထွက်သွားတာနဲ့ ပျောက်ဆုံးသွားပြန်ပြီ။ လူဦးရေစာရင်းကို ၂၀၁၄ခုနှစ်က ောင်ယူခဲ့တာတဲ့။ ၁၀နှစ်တစ်ကြိမ် ကောက်ယူသင့်သတဲ့။ ၂၀၂၄ခုနှစ်မှာ လူဦးရေစာရင်း ကောက်ယူဦးမယ့်သဘော။ အဲဒီ လူပြောင်းအမှုတွဲထားတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းရဲ့ ပထမအကြိမ် စည်းဝေးမှာ မင်းပြောသွားတဲ့စကားတွေကို ထောက်ရှုခြင်းအားဖြင့် ရွေးကောက်ပွဲက ၂၀၂၃ခုနှစ်အတွင်း မပြောနဲ့။ ၂၀၂၄အတွင်းမှာတောင် ကျင်းပနိုင်မယ်မထင်ပါဘူး။ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကရော ၂၀၂၄ခုနှစ်အထိ တည်တံ့နေပါဦးမလားမသိ။

အေးလေ။ မင်းက အကြမ်းဖက်ခေါင်းဆောင်မို့ မင်းရဲ့ပြောစကားတွေကို အကဲခတ်နေရတာပါ။ မင်းကိုယ်တိုင် မင်းပြောစကားတွေကို ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကိုမှ သိရဲ့လားမသိ။ မင်းတို့အနေနဲ့တော့ နိုင်ငံတကာက ဘာပြောပြော၊ ပြည်သူတွေက လက်ခံခံမခံခံ၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အထိ ဇွတ်အတင်းလျှောက်လှမ်းတော့မယ့်သဘော။ ရွေးကောက်ပွဲမှလွဲ တခြားထွက်ပေါက်မရှိတော့ဘူးလို့ ယုံကြည်လက်ခံထားကြဟန်တူပါရဲ့။ ဒါပေမဲ့ မင်းတို့သိထားဖို့ ၂၀၂၀ခု ရွေးကောက်ပွဲရလဒ်ကို ဟိုးလွန်ခဲ့တဲ့ ၁၉၉၀ခုရွေးကောက်ပွဲရလဒ်လို လွယ်လင့်တကူ ပယ်ဖျက်လို့ရလိမ့်မယ် မဟုတ်ဘူးဆိုတာပါပဲ။ နှစ်၃၀ဆိုတာ မျိုးဆက်တစ်ဆက် ကွာခြားသွားပြီလေ။

အခု လူငယ်တွေ လက်နက်ကိုင်တော်လှန်ေနကြတာက လက်နက်အားကိုးနဲ့ အစဉ်အဆက် ယုတ်မာလာကြတဲ့ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်သည်ထိ ဦးတည်နေကြတာ။ အဲဒီအချက်ကို ပြည်သူတစ်ရပ်လုံးကလည်း သောင်းသောင်းဖျဖျ ထောက်ခံအားပေးကူညီကြတယ်။ လက်နက်ကိုင်တော်လှန်ေနကြတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အားပေးကူညီထောက်ခံကြတယ်။ ပြီးတော့ အာဏာရှင်စနစ်ကိုမလိုလားတဲ့ နိုင်ငံတကာကလည်း ဝိုင်းဝန်းအားပေးနေကြတယ်။ ကိုင်း မင်းတို့ရဲ့နောက်မှာ ကျောပဲရှိတာမဟုတ်လား။ အင်အားကြီးရုရှားနိုင်ငံရှိပါတယ်ဗျလို့ ကြွားချင်သေးလား။ ဒါကလည်း ရုရှားကမင်းတို့ကို လက်နက်ရောင်းချလို့ရတဲ့ အဖွဲ့အဖြစ် ဆက်ဆံနေကြတာပါကွာ။

ဒီမှာ။ မင်းက ရုရှားအကူအညီရယူပြီး အနုမြူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ်ထူထောင်ကာ နိုင်ငံတကာကိုခြိမ်းခြောက်ဖို့ ကြံစည်နေပါသလား။ အရူးအိပ်မက် ဖြစ်နေမှာပေါ့ကွာ။ ဟုတ်တယ်လေ။ ချမ်းသာကြွယ်ဝတယ်လို့ သတ်မှတ်ထားတဲ့ အီရန်နိုင်ငံတောင်မှ အဏုမြူလက်နက်ကို လက်တွေ့ ထုတ်မပြနိုင်သေးဘူးမဟုတ်လား။ တကယ်တော့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းက လူမလေးခွေးမခန့်တဲ့ အဖွဲ့အစည်းပါကွာ။ အာဆီယံအဖွဲ့အစည်းမှာတောင်မှ တရားဝင်အဖွဲ့ဝင်နိုင်ငံဖြစ်နေပါလျှက် ဝိုင်းပယ်ထားခြင်းခံနေရတယ်မဟုတ်လား။ ဒီလောက် သံတမန်ရေးရာမှာ အဖတ်ဆယ်လို့မရအောင်ကျရှုံးနေတဲ အကြမ်းဖက်အဖွဲ့အစည်းခေါင်းဆောင်က သမ္မတဖြစ်လာလည်း ဘာအကြောင်းထူးလာမှာလဲ။ ပြောရရင် အယုတ်တမာထိပ်ခေါင် မ.အ.လရာ။ မင်းအနေနဲ့ လုံးဆုံး၊ လမ်းဂိတ်ဆုံးကို ရောက်နေပါပြီ။

ဘာရယ်။ ရုရှားနိုင်ငံကို ပြေးဝင်ခိုလှုံမှာပေါ့ ဟုတ်လား။ ဒါပါပဲ။ မင်းတို့စစ်အာဏာရှင်တွေက ပြည်သူအပေါ် လူမဆန်စွာ ရက်စက်တတ်ကြပေမဲ့ ကိုယ့်အလှည့်ကျ အင်မတန်သွေးကြောင် သတ္တိနည်းတတ်ကြတာပါပဲ။ ဒါပေမဲ့ မင်းအနေနဲ့ ကမ႓ာပေါ်က မည်သည့်နေရာပြေးပြေး လွတ်လမ်းမရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတကာခုံရုံးက မင်းကို လူမျိုးတုံးသတ်ဖြတ်သူလို့ စွပ်စွဲထားတယ်မဟုတ်လား။ ပြေးစရာမြေလည်း မင်းမှာ မရှိတော့ပါဘူး။ တတ်နိုင်ဘူးကွာ။ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံလာဆိုတဲ့ တရားသဘောနဲ့သာ ရှုနေပေတော့။ ဒီမှာ။ ကျေးလက်ပြည်သူတွေကတော့ မင်းကို ဓားနဲ့တစ်ချက်တည်း ထိုးမသတ်ချင်ကြဘူးတဲ့။ နွားစာစင်းသလို ဓားနဲ့နုတ်နုတ်စင်းပြီး သတ်ပြစ်ချင်ကြတယ်ဆိုပဲ။ အသည်းပေါက်အောင် နာကျည်းနေကြတာကိုး။

ဟော အခု မင်းတို့က လေလှိုင်းအစိုးရလို့ လှောင်ပြောင်ခဲ့တဲ့ NUGက ဝါရှင်တန်မှာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်ပြီ။ အဲဒီမှာ အချို့က ကိုယ်စားလှယ်ရုံးဖွင့်တဲ့ ကုန်ကျစရိတ်ကို လက်နက်တွေဝယ်ရင် ပိုမိုမထိရောက်ပါလားလို့ ပြည်သူတွေကြား အမြင်တွေဝေဝါးအောင် ပြုလုပ်လာကြသေး။ စစ်အာဏာရှင်တော်လှန်ရေးမှာ လက်နက်လိုအပ်သလို အဆုံးအဖြတ်ပေးနိုင်တဲ့ သံခင်းတမန်ခင်းကလည်း လိုအပ်တယ်ဆိုတာ မှတ်ယူထားကြဖို့ပါပဲ။ ဘာပဲဖြစ်ဖြစ် လက်တွေ့အခင်းအကျင်းတွေက တော်လှန်ရေးအနေအထားဟာ သေချာပေါက်အောင်မြင်တော့မယ်ဆိုတာ ထင်ရှားလာချေပြီ။ ပန်းတိုင်ကို လှမ်းလို့ မြင်နေကြရပြီ။

အဲဒီမှာ နှမ်းဖြူးချင်ကြတဲ့ သူတွေကလည်းဝိုင်းအုံလို့။ သပ်လျှိုသွေးခွဲချင်ကြတဲ့သူတွေကလည်း ဒုနဲ့ဒေး။ ပြည်သူတွေအနေနဲ့ ပန်းတိုင်ရောက်ခါနီး တက်မထောင်မိကြဖို့ အရေးကြီးလှပါတယ်။ ညီညွတ်ကြဖို့ လိုအပ်လှပါတယ်။ တကယ်တော့ တော်လှန်ရေးခရီးဟာ ပေးဆပ်မှုတွေများပြားပေမဲ့၊ ခက်ခဲမှုတွေ ပြွန်းတီးခဲ့ပေမဲ့ ညီညွတ်မှုအင်အားကြောင့် လိုရာခရီးပန်းတိုင်ကို လျှောက်လမ်းနိုင်ခဲ့ကြတာ မဟုတ်ပါလား။ အဲဒီအချက်ကို အလေးအနက် ရှုမြင်ထားကြဖို့ပါ။ အောင်မြင်ဖို့လက်တကမ်းအလိုမှာ ပိုမိုညီညွတ်ကြဖို့၊ စည်းလုံးမှုရှိကြဖို့ အထူးအရေးကြီး လိုအပ်လှကြောင်းပါခင်ဗျာ။

နွေဦးတော်လှန်ရေး အောင်ရမယ်။

ဒေါင်းနီ




About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။