Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဖလမ်းမြို့နားက စစ်တပ်စခန်းကို သိမ်းပိုက်မီးရှို့၊ ဗိုလ်ကြီးအပါအဝင် စစ်သား ၁၄ ဦးသေ၊ လက်နက်မျိုးစုံ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ အကြမ်းစစ်တပ်ရဲ့ ဗားရ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့ ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ပြီး လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း ချင်းအ မျိုးသားအဖွဲ့ချုပ်(CNO)ကထုတ်ပြန်ပါတယ်။


ဧပြီ ၁၀ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ ဖလမ်းမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ ဗားရ်ကျေးရွာရှိ အကြမ်း ဖက်စစ်တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)ကသွားရောက်တိုက်ခိုက်ခဲ့ရာ တစ် နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာပါ။


ဗားရ်စခန်းမှာ စစ်သား ၂၅ ဦးရှိပြီး ၁၁ ဦးက တိုက်ပွဲအတွင်းသေဆုံးကာ ၁၄ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ အရှင်ဖမ်းမိသူတွေအနက်ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးဟာ ရရှိထားတဲ့ ပြင်းထန်ဒဏ်ရာတွေကြောင့် လမ်းခုလတ်မှာ ထပ်မံသေဆုံးခဲ့ကြောင်း CNO ကထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း CNDF ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ပြည်သူတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။


အဲဒီစခန်းကနေ MA1-၃ လက်၊ MA-2 ၁ လက်၊ MA-3 ၂ လက်၊ MA-4 ၁ လက်၊ G3 ၁၂ လက်၊ ၆၀ (မမ)စိန်ပြောင်း ၂ လက်တို့အပြင် ကျည်ဘောက်၊ ကျည်ဆန်၊တိုက်မိုင်း၊ လက်ပစ်ဗုံးနဲ့ မိုင်းတွေ သိမ်းဆည်းရမိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။

˜˜˜˜˜˜

ကိုငြိမ်း

ဓာတ်ပုံ-CNO





ကိုငြိမ်း




About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။