Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဥပဒေပညာကို ဖြန့်ဝေပေးရင်း တော်လှန်ရေးကို ဖြတ်သန်းနေတဲ့ CDM တရားရုံးဝန်ထမ်း ဦးဇော်မင်းလေး

အကြမ်းဖက် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံတဲ့ တရားရေးဝန်ထမ်း ဦးဇော်မင်းလေးတစ်ယောက် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးမှာ အကြီးတန်းစာရေး(ရုံးအုပ်)တစ်ဦးဖြစ်ပါတယ်။ ဇနီးဖြစ်သူက အထက်တန်းရှေ့နေတစ်ဦးဖြစ်ပြီး ၁၄ နှစ်အရွယ် သားတစ်ဦးရှိကာ ဆဋ္ဌမတန်းမှာ ပညာသင်ကြားနေခဲ့ပါတယ်။

 

လှည်းကူးမြို့နယ် တရားရုံးအနီးအနားမှာ ကွန်ပျူတာမိတ္တူကူးဆိုင်လေးဖွင့်၊ ဇနီးဖြစ်သူကို ဦးစီးလုပ်ကိုင်စေပြီး မိသားစုဘဝကို အေးချမ်းစွာ ဖြတ်သန်းနေထိုင်ခဲ့ပါတယ်။

 

သူတို့မိသားစု အပါအဝင် ပြည်သူတစ်ရပ်လုံးကို ထိတ်လန့်တုန်လှုပ်သွားစေတဲ့ နေ့ရက်တစ်ရက်ကို ရောက်လာချိန်မှာတော့ အေးချမ်းတဲ့ သူမိသားစု ဘဝလေးဟာလည်း တစ်ဆစ်ချိုး ပြောင်းလဲခဲ့ရပါတယ်။ အဲ့ဒီနေ့ကတော့ စစ်တပ်က လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ပဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံနိုင်တဲ့ ဦးဇော်မင်းလေးဟာ CDM ပြုလုပ်ဖို့ သူ့မိသားစုနဲ့ တိုင်ပင်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၅ ရက်အကြာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာပဲ ဦးဇော်မင်းလေးတစ်ယောက် CDM စတင်လုပ်ဆောင်တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ဥပဒေအရ တရားမဝင်ဘူးလို့လည်း သူက ရှင်းပြခဲ့ပါတယ်။  

 

မိသားစုနဲ့တိုင်ပင်ပြီး CDM ပြုလုပ်ပြီးနောက်မှာတော့ ဦးဇော်မင်းလေးတစ်ယောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်တွေမှာ ပါဝင်ခဲ့ပါတယ်။ CDM ဘဝကို မိသားစုနဲ့အတူ ရုန်းကန်ဖြတ်သန်းရင်း ဘဝတူ မိတ်ဆွေရှေ့နေတစ်ဦး လက်နက်နဲ့ အဖမ်းခံရတဲ့အခါ သူ့ကိုပါ ပါဝင်ပတ်သက်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ဖမ်းဆီးဖို့ လုပ်ခဲ့တာကြောင့် KNU တပ်မဟာ ၆ နယ်မြေအတွင်းက လွတ်မြောက်နယ်မြေတစ်ခုကို တိမ်းရှောင်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ မိသားစုဘဝကို ဖြတ်သန်းရပ်တည်နေရတယ်လို့ သူက ပြောပြပါတယ်။  

 

CDM ပြုလုပ်ရုံနဲ့ မတင်းတိမ်နိုင်တဲ့ ဦးဇော်မင်းလေးဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ သူတတ်နိုင်တဲ့ နေရာကနေ ပါဝင်အားဖြည့်ကူညီနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ နဂါးနီစစ်ကြောင်းတပ်ခွဲ(၁)အတွက် ထောက်ပို့လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အပြင် ဖက်ဒရယ်ရေးရာနဲ့ ဥပဒေပညာရပ်တွေကိုလည်း သူဟာ ဆက်လက်ဆည်းပူးလေ့လာနေခဲ့ပါတယ်။ ဒီ့နောက်မှာတော့ PDF ရဲဘော်တွေကို သူလေ့လာဆည်းပူးထားတဲ့ ဖယ်ဒရယ်ရေးရာနဲ့ ဥပဒေပညာရပ်တွေကို ပြန်လည်မျှဝေ ပို့ချပေးနေခဲ့ပါတယ်။

 

CDM တရားရုံးဝန်ထမ်း ဦးဇော်မင်းလေးဟာ တရားရေးဌာနက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့အစည်း ( NPJSO) မှာ တော်လှန်ရေးကာလ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။ NPJSO မှ ထောက်ပံ့တဲ့ မြန်မာငွေကျပ် ၈၀၀၀၀ တစ်ခါနဲ့ ၅၀၀၀၀ တစ်ခါသာ ရရှိခဲ့ပြီး သူ့အမြင်သဘောထားကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

 

သူတတ်သိနားလည်ထားတဲ့ ပညာရပ်တွေနဲ့ PDF တွေကို သင်တန်းပေးရတာဟာ ဘဝအတွက် အမှတ်တရတွေပါပဲလို့ CDM တရားရုံးဝန်ထမ်း ဦးဇော်မင်းလေးက ပြောပါတယ်။

 

သူဟာ တော်လှန်ရေးမှာ အသက်တွေ၊ ဘဝတွေကိုရင်းပြီး တိုက်ပွဲဝင်နေတဲ့ လူငယ်တွေကို အောင်မြင်မှုရဲ့ အသီးအပွင့်တွေ ခံစားစေချင်နေပါတယ်။ အဓမ္မတွေနဲ့ ကင်းဝေးစေချင်နေပါတယ်။ တော်လှန်ရေးကနေ အနာဂတ်နိုင်ငံတော်မှာ သူဖြစ်ချင်တဲ့ ဆန္ဒတွေကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

~~~~

 

နိုင်မင်းလွင်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။