Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မိုးစွန်တိမ်ကြား တိမ်ဖျားကို သွားလိုသလားကွယ် (အယ်ဒီတာ့အာဘော်)

 

တစ်နေ့ ငွေမောင်း စိတ်ထဲ သိပ်မကြည်တာနဲ့ စိတ်ရွှင်သွားအောင် ရယ်စရာလေးတွေ ရှာကြံ ဖတ်ဖို့ စိတ်ကူးမိပါတယ်။ ဒါနဲ့ ကာတွန်းလေး ဘာလေးတွေ လျှောက်ကြည့်ဖြစ်ပါတယ်။ အဲဒီမှာတင် မရယ်ရဘဲ မောသွားရပြန်ပါတယ်။ မောဆို ကျနော်ဖတ်မိတဲ့ကာတွန်းက ဟိုးတုန်းက ကာတွန်းဆရာကြီးဦးဘဂျမ်းရဲ့ နိုင်ငံရေးကာတွန်း ဖြစ်နေတာကိုး။

 

ကာတွန်းမြင်ကွင်းက နိုင်ငံရေးသမားတစ်ယောက်က ပရိတ်သတ်ကို ဟောပြောနေရင်း “ကျုပ်ဟောတဲ့ ဝါဒကို သဘောကျကြရဲ့မဟုတ်လား” လို့ မေးလိုက်တာနဲ့ စထားတာ။ အဲဒီအချိန်မှာ ပရိတ်သတ်ထဲက လူတစ်ယောက်က “ကျုပ်မကြိုက်တဲ့အချက်ကလေးတွေ ပါနေလို့ တဆိတ်လောက် ဝေဖန်ပါရစေဗျာ” လို့ ထပြောပါတယ်။ ဒီတော့ နိုင်ငံရေးသမားက “မင်းက ဘာလဲကွ၊ နိုင်ငံရေးဗဟုသုတ ဘာရှိလို့လဲ၊ ဟောပြောပွဲမှာ ဘယ်အရူးက ထပြောပြော ခွင့်ပြုရမှာလား” လို့ ရှူးရှူးရှားရှားနဲ့ ပြန်တုန့်ပြန်ပါတယ်။ ဒီလိုလည်း ပြောရော စောစောက ပရိတ်သတ်ထဲကလူက “ဒါဖြင့်လည်း မပြောပါဘူးဗျာ၊ ကျုပ်တို့တတွေကတော့ ဘယ်အရူးက ဘာပြောပြော ခွင့်ပြုပြီး နားထောင်ရမဲ့လူတွေပါ။ ကိုင်း၊ ခင်ဗျားပဲ ဆက်ပြီး ပြောပါ” လို့ ပြန်ပြောလိုက်ပါလေရော။

 

ကာတွန်းလည်း ဆုံးရော ငွေမောင်းတစ်ယောက် ဟင်း ခနဲ သက်ပြင်းရှည်ကြီးချပြီး ကုလားထိုင်ပေါ် ခြေပစ်လက်ပစ် မှီချလိုက်မိပါတယ်။ တဆက်တည်းမှာပဲ “ဪ ကာတွန်းဆရာကြီး ဦးဘဂျမ်းကပဲ ပညာဉာဏ်ကြီးလွန်းတာလား၊ ငွေမောင်းတို့ လူတွေကပဲ မပြောင်းလဲလွန်းနိုင်တာလား” လို့လည်း တွေးလိုက်မိပါတယ်။ ဟုတ်တယ်လေ။ ဒီကာတွန်းက ခုငွေမောင်းတို့ခေတ်အထိ မှန်နေတုန်း မဟုတ်လား။

 

ဒီစုဖွဲ့မှု၊ ခေါင်းဆောင်မှုတွေကို ပိုပြီးခိုင်မာအားကောင်းလာအောင် ပြည်သူတွေက ငွေအား၊ လူအား၊ အကြံဉာဏ်အားတွေနဲ့ ဝိုင်းဝန်းပံ့ပိုး။ ငွေမောင်းတို့ တော်လှန်ရေးက ဒီလိုနဲ့ ခိုင်မာအားကောင်းလာခဲ့တာ မဟုတ်လား။ ဒါကို တချို့က ငါတို့လုပ်လို့ ဒီအနေအထား ရောက်လာတာ၊ ငါတို့ကြောင့် ဒီအောင်မြင်မှုတွေ ရလာတာလို့ ထင်နေကြပုံရပါတယ်။

 

တကယ်တော့ ငွေမောင်းတို့ရဲ့ နွေဦးတော်လှန်ရေးက စစ်အာဏာသိမ်းမှုကို မခံနိုင်တဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေက စခဲ့တာပါ။ အဲဒီကမှ တော်လှန်ရေးမှာ လိုအပ်တဲ့ စုဖွဲ့မှု၊ ခေါင်းဆောင်မှုတွေ တဆင့်ပြီးတဆင့် ပေါ်ပေါက်လာ။ ဒီစုဖွဲ့မှု၊ ခေါင်းဆောင်မှုတွေကို ပိုပြီးခိုင်မာအားကောင်းလာအောင် ပြည်သူတွေက ငွေအား၊ လူအား၊ အကြံဉာဏ်အားတွေနဲ့ ဝိုင်းဝန်းပံ့ပိုး။ ငွေမောင်းတို့ တော်လှန်ရေးက ဒီလိုနဲ့ ခိုင်မာအားကောင်းလာခဲ့တာ မဟုတ်လား။ ဒါကို တချို့က ငါတို့လုပ်လို့ ဒီအနေအထား ရောက်လာတာ၊ ငါတို့ကြောင့် ဒီအောင်မြင်မှုတွေ ရလာတာလို့ ထင်နေကြပုံရပါတယ်။

 

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တော်လှန်ရေးသမိုင်းမှာ လက်နက်ကိုင် အကြမ်းဖက် စစ်တပ်ကို အခုလို အံတုဖက်ပြိုင်နိုင်တဲ့အဆင့်မျိုးရောက်အောင် ဘယ်နိုင်ငံရေးသမား၊ ဘယ်ပုဂ္ဂိုလ်မှ မလုပ်နိုင်ခဲ့ပါဘူး။ အခုဒီအခြေအနေ ဒီအဆင့်ကို ရောက်လာတယ်ဆိုတာ ပြည်သူတွေအားလုံးရဲ့ စွမ်းဆောင်ရည်ကြောင့် ဖြစ်လာခဲ့တယ်ဆိုတာ ငွေမောင်းတို့အားလုံး မမေ့ဖို့လိုပါတယ်။ အဲ…မမေ့ဖို့ဆိုလို့ တစ်ခုတော့ ရှိတယ်။ ပါးစပ်က မမေ့တာမျိုးမဟုတ်ဘဲ၊ ရင်ထဲ နှလုံးသားထဲက မမေ့တာမျိုး ဖြစ်ဖို့လိုပါတယ်။

 

ငွေမောင်း ဒီလို ပြောရတာ အကြောင်းတွေ ရှိပါတယ်။ အခုဆို ငွေမောင်းတို့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးက တစ်ဖက်ကို ၅၀ - ၅၀ မျှခြေ အနေအထားကို ရောက်နေတယ်လို့ ငွေမောင်းတော့ မြင်ပါတယ်။ တချို့လည်း ကိုယ့်ဘက်က ၆၀ အကြမ်းဖက်စစ်တပ်က ၄၀ ဆိုပြီး သုံးသပ်ကြတာတွေ ရှိပါတယ်။ ထားပါတော့၊ သေချာတာကတော့ တော်လှန်ရေးဟာ ပြည်သူတွေအားလုံးရဲ့ စွမ်းဆောင်ရည်နဲ့ တီထွင်ကြံဆမှုတွေကြောင့် ခရီးတဝက်ကို ရောက်လာခဲ့ပါပြီ။ တော်လှန်ရေးရဲ့ ရှေ့ခရီးမှာ ဘယ်သူ နိုင်မလဲဆိုတာက ငွေမောင်းတို့ ပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းအားပါပဲ။ ငွေမောင်းရဲ့ မိတ်ဆွေတစ်ဦးကတော့ ဒီပွဲက “ပြည်သူတွေရဲ့ ခံနိုင်ရည်ကို စမ်းသပ်တဲ့ပွဲ” တဲ့။ မှန်ပါတယ်။ ပြည်သူတွေဟာ ဒီနွေဦးတော်လှန်ရေးမှာ ဘယ်ခေတ် ဘယ်ကာလနဲ့မှ မတူဘဲ၊ အင်မတန်မှ စည်းလုံးညီညွတ်ကြ၊ အင်မတန်မှ အနစ်နာခံ ကိုယ်ကြိုးစွန့်ကြပါတယ်။ ဒါကြောင့်လည်း ဒီအနေအထားကို ရောက်လာခဲ့တာပါပဲ။

 

ဒီအချိန်မှာ ပြည်သူတွေ တင်လို့ စင်ပေါ်ကို ရောက်လာသူတွေက ပြည်သူကို ဦးထိပ်မတင်ချင်ကြတော့တဲ့ ပြောဆိုလုပ်ကိုင်မှုလေးတွေကို ငွေမောင်း မြင်လာ၊ တွေ့လာ၊ ကားလာရပါတယ်။ တော်လှန်ရေးကို ပြည်သူ့ဆန္ဒနဲ့ စီမံမှာလား၊ ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်ဆိုပြီး ကိုယ့်ဆန္ဒနဲ့ စီမံကြတော့မှာလား။

 

ဒီအချိန်မှာ ပြည်သူတွေ တင်လို့ စင်ပေါ်ကို ရောက်လာသူတွေက ပြည်သူကို ဦးထိပ်မတင်ချင်ကြတော့တဲ့ ပြောဆိုလုပ်ကိုင်မှုလေးတွေကို ငွေမောင်း မြင်လာ၊ တွေ့လာ၊ ကားလာရပါတယ်။ တော်လှန်ရေးကို ပြည်သူ့ဆန္ဒနဲ့ စီမံမှာလား၊ ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်ဆိုပြီး ကိုယ့်ဆန္ဒနဲ့ စီမံကြတော့မှာလား။ “ကိုယ့်လှေကိုယ်ထိုးလို့ ပဲခူးရောက်မယ် ထင်နေကြတာလား။ ကိုယ့်မြင်းကိုယ်စိုင်းလို့ စစ်ကိုင်းအထိ အရောက်သွားနိုင်မှာတဲ့လား။ “ကြပ်ကြပ် စဉ်းစားကြပါ ခေါင်းဆောင်ကြီးများ ခင်ဗျား” လို့ ငွေမောင်း သတိပေးလိုက်ချင်ပါတယ်။

 

ပြည်သူတွေက ဘာအတွက် လှူ၊ ဘာအတွက် ကူနေကြတာလဲ။ တိုင်းရင်းသားလက်နက်ကိုင်တွေက ဘာအတွက် ဝိုင်းကူနေကြတာလဲ စဉ်းစားကြည့်ကြပါ။ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ချင်လို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ချင်လို့၊ ပြည်သူတွေအပေါ် အမျိုးမျိုး နှိပ်စက်ညှဉ်းပန်း အနိုင်ကျင့်ခဲ့တဲ့ မြန်မာစစ်တပ်ကို မြန်မာ့နိုင်ငံရေးနယ်ပယ်က နှင်ထုတ်ချင်လို့ အခုလို ဝိုင်းကူ၊ ဝိုင်းလှူနေကြတယ်ဆိုတာ ငွေမောင်းတို့ ခေါင်းဆောင်ကြီးတွေ သတိချပ်ကြစေလိုပါတယ်။

 

 ပြည်သူတွေက ဘာတွေ လုပ်စေချင်တာလဲ၊ ပြည်သူတွေက ဘယ်လမ်းကို လျှောက်စေချင်တာလဲ။ ပြည်သူ့ဆန္ဒကို အခြေခံပြီး မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ကြဖို့ လိုပါတယ်။ 

 

ငွေမောင်းတို့ ခေါင်းဆောင်ကြီးတွေအနေနဲ့ ပြည်သူတွေက ငါတို့တော်လို့ ငါတို့ကို ခေါင်းဆောင်တင် ထားတာလို့တော့ မထင်လိုက်ကြပါနဲ့ဦး။ အခုအချိန်ကတည်းက ငါတို့ကို ပြည်သူတွေက ခေါင်းဆောင် တင်ထားတယ်၊ ငါတို့ စိတ်တိုင်းကျ စီမံခန့်ခွဲကြမယ်လို့ မတွေးလိုက်ကြပါနဲ့ဦး။ ပြည်သူတွေက ဘာတွေ လုပ်စေချင်တာလဲ၊ ပြည်သူတွေက ဘယ်လမ်းကို လျှောက်စေချင်တာလဲ။ ပြည်သူ့ဆန္ဒကို အခြေခံပြီး မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ကြဖို့ လိုပါတယ်။ အခုတော့ ပြည်သူ့အကူအညီနဲ့ စင်ပေါ်ရောက်လာကြသူတွေက ပြည်သူတွေက လောလိုက်တာ၊ ပြည်သူတွေက ဘာမှ မသိဘဲ စွတ်တွန်းနေတယ်တို့ ဆိုတဲ့ ပြောသံဆိုသံကလေးတွေ ငွေမောင်းကြားလာရတော့ …။

 

ငွေမောင်း ပြောလက်စနဲ့ တစ်ခုလောက် ထပ်ပြောချင်ပါသေးတယ်။ ဒီနွေဦးတော်လှန်ရေးမှာ ကိုယ်ကျိုးအစွန့်ဆုံး ၊ အနစ်နာအခံဆုံး ပုဂ္ဂိုလ်တွေကို ပြပါဆိုရင်တော့ ငွေမောင်းတို့ရဲ့ Gen Z လူငယ် တော်လှန်ရေး ရဲဘော်ကလေးတွေပါပဲ။ ဘယ်လောက် စွန့်လွှတ်ထားကြလဲဆိုရင် အသက်ကိုစွန့်တယ်။ မိဘဆွေမျိုး သံယောဇဉ်နှောင်ကြိုးတွေကို စွန့်တယ်။ စည်းစိမ်ဥစ္စာ၊ ဘဝတက်လမ်းတွေကို စွန့်တယ်။ သူတို့ဟာ တော်လှန်ရေးမှာ ခေါင်းဆောင်နေရာလည်း မလုဘူး။ တော်လှန်ရေးအပြီးမှာလည်း ခေါင်းဆောင်နေရာကို မမျှော်မှန်းပါဘူး။ သူတို့က တိုင်းပြည်အနာဂတ်အတွက် သူ့တို့ရဲ့ အနာဂတ်တွေကို စတေးနေကြ၊ စတေးခဲ့ကြတာပါ။

 

ခေါင်းဆောင်ကြီးများအနေနဲ့ အနာဂတ်မှာ ကိုယ်လိုချင်တဲ့ဘဝတစ်ခုကိုရဖို့ နိုင်ငံရေးလောဘနဲ့ တော်လှန်ရေးကို ချနင်းလိုက်မိမှာကိုတော့ ငွေမောင်း အင်မတန်မှ စိုးရိမ်မိပါတယ်။

 

ပြည်သူတွေရဲ့ အလှူ၊ ပြည်သူတွေရဲ့ အကူတွေကလည်း သူတို့လေးတွေကို လှူနေ၊ ကူနေ၊ ပံ့ပိုးနေကြတာပါ။ သူတို့ ဆန္ဒ၊ သူတို့အသံလေးတွေကိုလည်း ငွေမောင်းတို့ ခေါင်းဆောင်ကြီးတွေ ငဲ့ကြည့်ကြဖို့ လိုပါတယ်။ ငွေမောင်း ကုန်ကုန်ပြောလိုက်ပါမယ်။ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်ဖို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချ၊ အကွက်တွေ အမျိုးမျိုးရွှေ့ပြီး တော်လှန်ရေးလုပ်နေတဲ့ ခေါင်းဆောင်တွေက အနာဂတ်ကို စတေးထားတဲ့ Gen Z လေးတွေရဲ့ဆန္ဒကိုလည်း တစ်ချက်လောက်တော့ ငဲ့ကြည့်လိုက်ပါဦးလို့ ငွေမောင်း ပြောလိုက်ချင်ပါတယ်။ ခေါင်းဆောင်ကြီးများအနေနဲ့ အနာဂတ်မှာ ကိုယ်လိုချင်တဲ့ဘဝတစ်ခုကိုရဖို့ နိုင်ငံရေးလောဘနဲ့ တော်လှန်ရေးကို ချနင်းလိုက်မိမှာကိုတော့ ငွေမောင်း အင်မတန်မှ စိုးရိမ်မိပါတယ်။ ဒီတော်လှန်ရေးမှာ ငါတို့က ဘယ်ဘဝက လာတယ်၊ ငါတို့က ဘယ်သူတွေကြောင့် ဒီလိုဖြစ်လာရတယ်ဆိုတာလေးကို ဆင်ခြင်ရင်း ပခုံးနဲ့ တွန်းတင်ထားသူတွေရဲ့ ဆန္ဒတွေကို ထည့်တွက်ကြဖို့ အချိန်တန်ပြီဆိုတာ သတိရကြဖို့ ငွေမောင်း မရဲတရဲနဲ့ တိုက်တွန်းလိုက်ရပါတယ်။

~~~~

အယ်ဒီတာ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။