ညီလေးရေ. . . ဒီတစ်ခေါက်တော့ တော်လှန်ရေးကာလတွေမှာ တွေ့ကြုံရတတ်တဲ့ မျက်လုံးတွေအကြောင်း ဆွေးနွေးချင်တယ်ကွာ။
မျက်လုံးဆိုတာ နှလုံးသားရဲ့ တံခါးပေါက်၊ မုသားမဲ့လွင်ပြင်ဖြစ်တယ်။ သရုပ်ဆောင်ပညာကို တစ်ဖက်ကမ်းခတ် မှော်ဝင်နေတဲ့သူတွေတောင် သူတို့ခံစားနေရတဲ့ စိတ်ခံစားမှုကို မျက်လုံးမှာ မပေါ်အောင် ဖုံးဖိဖို့ အင်မတန်ခက်တဲ့ကိစ္စဖြစ်တယ်။ အများအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ မင်းတို့ဟာ သုတေသီတွေမဟုတ်လို့ ဒီဖလော်ဆော်ဖီတွေ သိစရာမလိုပါဘူးလို့ ထင်ရင် မှားတယ် ညီ။ ပန်းတိုင်မရောက်မချင်း မင်းတို့လျှောက်ရမယ့်လမ်း၊ ကြမ်းသထက်ကြမ်းမယ့်လမ်းမှာ မင်းတို့ဟာ မျက်လုံးပေါင်းများစွာနဲ့ ကြုံတွေ့ရလိမ့်မယ်။ အဲဒီမျက်လုံးတွေကို ခွဲခြမ်းစိတ်ဖြာပြီး လက်တွဲသင့်တဲ့ မျက်လုံးပိုင်ရှင်တွေကို လက်တွဲ၊ ရှောင်ရှားသင့်တဲ့ မျက်လုံးပိုင်ရှင်တွေကို ရှောင်ရှား၊ ကယ်တင်သင့်တဲ့ မျက်လုံးပိုင်ရှင်တွေကို ကယ်တင်ရလိမ့်မယ်။ ပြီးရင် ဖြူစင်ရိုးသား ရဲရင့်တောက်ပတဲ့ မျက်လုံးတွေ စုပေါင်းပြီး နွေဦးအောင်လံကို အမြင့်မားဆုံး လွှင့်ထူကြရမှာြဖစ်ပါတယ်။
ဒီအချိန်ဟာ တော်လှန်ရေးအရှိန် အမြင့်ဆုံးကာလဖြစ်သလို မျက်လုံးပေါင်းများစွာသည်လည်း နှင်းကွဲချိန်မှာ ထင်ရှားလာတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေလို သိသာထင်ရှား ကွဲပြားနေကြပြီဖြစ်တယ်။ ၂၀၂၃ မှာ ဘယ်လိုမျက်လုံးတွေကို ရှာတွေ့ထားပြီလဲ၊ ကြည့်ကြရအောင်။
သူတို့မျက်လုံးတွေဟာ အချိန်တိုင်း မတောက်ပနိုင်ကြရှာပါဘူး။ မရေရာတဲ့ဘဝတွေအတွက် မှုန်သီမှေးမှိန်တဲ့ မျက်လုံးတွေနဲ့အတူ ဖိနှိပ်မှုတွေကို မခံမရပ်နိုင်လို့ အံကြိတ်ထားတဲ့ မျက်လုံးတွေလည်း ရှိနေကြပါတယ်။
တစ်- အခြေခံလူထု ကျောမွဲတွေရဲ့ မျက်လုံး။ အခြေခံလူထုကြီးဟာ ဒီအချိန် အလွန်ကို မွန်းကျပ်နေချိန်ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးပြီး နှုတ်မိန့် စာမိန့်ဥပဒေကဲ့သို့ အာဏာတည်သောဆိုတဲ့ အမိန့်အမျိုးမျိုးအောက်မှာ ရှာဖွေစားသောက်နေရသူတွေဖြစ်တာကြောင့် တစ်နည်းပြောရရင် သီလစောင့်ချင်လို့ အူမကို မနည်းတောင့်အောင် လုပ်နေရသူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့မျက်လုံးတွေဟာ အချိန်တိုင်း မတောက်ပနိုင်ကြရှာပါဘူး။ မရေရာတဲ့ဘဝတွေအတွက် မှုန်သီမှေးမှိန်တဲ့ မျက်လုံးတွေနဲ့အတူ ဖိနှိပ်မှုတွေကို မခံမရပ်နိုင်လို့ အံကြိတ်ထားတဲ့ မျက်လုံးတွေလည်း ရှိနေကြပါတယ်။
နှစ်- လူလတ်တန်းစား မရှိမရှားတွေရဲ့ မျက်လုံး။ ဖွံ့ဖြိုးဆဲနဲ့ မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေမှာ လူလတ်တန်းစားဆိုတဲ့ လူတွေဟာ အင်မတန်အရေးပါတဲ့ လူတွေဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လူတန်းစားကွာဟမှုကို ဆွဲညှိချုံ့ယူပေးနိုင်တဲ့ အတန်းအစားဟာ လူလတ်တန်းစားတွေပါပဲ။ အဲဒီလူတွေ သွက်လက်တက်ကြွနေကြရင် တိုင်းပြည်ဟာ သာယာဝပြောပြီး အနာဂတ်လှပမှာ ဖြစ်သလို အဲဒီလူတွေ နှေးကွေးလေးလံ ပူဆွေးနေကြရပြီဆိုရင်တော့ တိုင်းပြည်ဟာ ဆင်းရဲတွင်းနက်သထက် နက်ပြီး ကြေကွဲရတော့မှာဖြစ်ပါတယ်။ အခုလက်ရှိ အခြေအနေဆိုးတွေကြောင့် လူလတ်တန်းစားတွေဟာ ရှိတာ ထုခွဲစားသောက်နေရပြီဖြစ်ပါတယ်။ ဒါကြောင့် သူတို့မျက်လုံးတွေဟာ မျှော်လင့်ချက်မရေရာ အာမခံမဲ့ ပူဆွေးတဲ့ မျက်လုံးတွေလို့ ဆိုရမှာပါ။
သုံး- ဂနာမငြိမ်တဲ့ မျက်လုံး။ ကြောက်ကန်ကန်နေမိတဲ့ မင်းကင်းမောင်မြင့်လိုမျက်လုံး၊ သစ္စာဖောက် သာကူးလုပ်သွားတဲ့ တီခွန်မြတ်ရဲ့မျက်လုံး၊ ထိတ်လန့်ပြီး ဂနာမငြိမ်ဖြစ်နေတဲ့ မအလရဲ့မျက်လုံးတွေကိုတော့ တစ်စုတည်း သတ်မှတ်ထားရမှာဖြစ်ပါတယ်။ ဒါ ညီလေးတို့ အမှုန့်ချေဖယ်ရှားပစ်ရမယ့် မျက်လုံးတွေပေါ့ကွာ။
နိုင်ငံရေးသီလမရှိတဲ့၊ ငွေပိုပေးသူဆီပဲ လိုက်မယ့် မိန်းမရွှင်တွေနဲ့ အလွန်တူတာကြောင့် နိုင်ငံရေးမိန်းမရွှင်လို့ ခေါ်လိုက်တာဖြစ်ပါတယ်။ သူတို့ကိုတော့ ပေယျာလကန်ကြည့်သာနေလိုက်။ သူတို့သမိုင်း သူတို့ရေးပြီး တောင်စွယ် နေမကွယ်ခင် နိုင်ငံရေးသင်္ချိုင်းထဲ သူတို့ဘာသာသူတို့ ခုန်ဆင်းသွားမယ့်သူတွေဖြစ်ပါတယ်။
လေး- နိုင်ငံရေးမိန်းမရွှင်တွေရဲ့ မျက်လုံး။ ဘယ်လမ်းက သွား၊ ဘယ်အင်္ကျီဝတ်ရင် ဘယ်လိုအကျိုးအမြတ်ရမယ်ဆိုတဲ့ သာရာ နားမယ့်လူတွေကို ဆိုလိုပါတယ်။ နိုင်ငံရေးသီလမရှိတဲ့၊ ငွေပိုပေးသူဆီပဲ လိုက်မယ့် မိန်းမရွှင်တွေနဲ့ အလွန်တူတာကြောင့် နိုင်ငံရေးမိန်းမရွှင်လို့ ခေါ်လိုက်တာဖြစ်ပါတယ်။ သူတို့ကိုတော့ ပေယျာလကန်ကြည့်သာနေလိုက်။ သူတို့သမိုင်း သူတို့ရေးပြီး တောင်စွယ် နေမကွယ်ခင် နိုင်ငံရေးသင်္ချိုင်းထဲ သူတို့ဘာသာသူတို့ ခုန်ဆင်းသွားမယ့်သူတွေဖြစ်ပါတယ်။
ငါး- တော်လှန်ရေးအဓွန့်ရှည်စေချင်တဲ့ မျက်လုံး။ တော်လှန်ရေးကို ဗန်းပြ၊ တော်လှန်ရေးကို အသုံးချပြီး ကိုယ်ကျိုးရှာချင်သူတွေရဲ့ မျက်လုံးကို ဆိုလိုတာဖြစ်တယ်။ အဲဒီသူတွေနဲ့အတူ အတွင်းလှိုက်စားပြီး သူလျှိုလုပ်နေတဲ့ စင်ကာပူဘွားတော်လို မျက်လုံးမျိုးတွေ၊ CDM ဘာညာဆိုပြီး သတင်းတွေနှိုက်နေတဲ့ ပဉ္စမံတပ်သားမျက်လုံးမျိုးတွေလည်း ရှိတယ်။ သူတို့ကိုလည်း တစ်စုတည်းထား၊ မကောင်းတဲ့သွေးပုပ် ဖောက်ထုတ်ပစ်ရမှာဖြစ်ပါတယ်။
ဒီမျက်လုံးတွေကတော့ မင်းတို့ရဲ့ ရဲဘော်ရဲဘက်တွေဖြစ်ပါတယ်။ အဲဒီလူတွေဟာ အာဏာရှင်ကို ဒူးမထောက် အရှုံးမပေးဘဲ မြို့ပြကျေးလက်အနှံ့ ဆန့်ကျင်နေသူတွေဖြစ်တယ်။ သူတို့ရဲ့မျက်လုံးတွေဟာ မတရားမှုဆို ငုံ့မခံတဲ့ မျက်လုံးတွေဖြစ်ပါတယ်။
ခြောက်- ရဲရဲတောက် ဒေါင်ဒေါင်မည် စွေးစွေးနီတဲ့ မျက်လုံး။ ဒီမျက်လုံးတွေကတော့ မင်းတို့ရဲ့ ရဲဘော်ရဲဘက်တွေဖြစ်ပါတယ်။ အဲဒီလူတွေဟာ အာဏာရှင်ကို ဒူးမထောက် အရှုံးမပေးဘဲ မြို့ပြကျေးလက်အနှံ့ ဆန့်ကျင်နေသူတွေဖြစ်တယ်။ သူတို့ရဲ့မျက်လုံးတွေဟာ မတရားမှုဆို ငုံ့မခံတဲ့ မျက်လုံးတွေဖြစ်ပါတယ်။ အဲဒီလိုမျက်လုံးတွေအပြင် မီးတောက်မီးလျှံ မီးခိုးယမ်းနံ့တွေကြား ကူကယ်သူကို မျှော်နေရရှာတဲ့ ခွန်အားမဲ့မျက်လုံးတွေလည်း ရှိနေပြန်ပါတယ်။ သူတို့ကိုတော့ မင်းတို့က ကယ်တင်ကြ၊ ဆွဲထူကြ၊ တွဲခေါ်ကြရမှာဖြစ်ပါတယ်။
ကဲ၊ ညီလေးရေ. . . စာရှည်မိတော့မှာ သတိရလို့ ကဗျာတိုနဲ့ စာကို ချုံ့လိုက်ပါတော့မယ်။
ညီညာပေါင်းစု
ပြည်သူ့လက်ရုံး
ခရီးမဆုံးခင်
နိုင်ငံရေးစုန်း
တော်လှန်ရေးကဝေ
ခလုတ်ကန်သင်းတွေကို
ချေဖျက်ထိုးခွဲ
စူးရဲတောက်ပ
ထက်ရှတဲ့မျက်လုံးတွေကို ဖွင့်ပြီး
ကယ်သူမျှော်နေ
မျက်လုံးတွေအတွက်
အံကြိတ်လို့ထား
မျက်လုံးများအတွက်
အပြီးလှမ်းထွက်
ခရီးကြမ်းဆက်
မညည်းတမ်းကွဲ့
မင်းတို့ရဲ့ပခုံး
မင်းတို့အပြုံးနဲ့
ပြည်သူ့နှလုံး
သိမ်းယူကျုံးလျက်
အောင်ပွဲဆက်ဆက်ထူပေတော့။ ။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။