Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ချိတ်ထမီဝတ်ပြီး အောက်စလွတ်နေတဲ့ စန္ဒာမင်း


၂၀၁၀ပြည့်နှစ်မှာ စစ်အစိုးရက ရွေးကောက်ပွဲကျင်းပမယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ဝင် မယ်ဆိုတဲ့ အစတစ်စ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကနေ ပဲ့ထွက်ခဲ့ဖူးတယ်။သိန်းညွန့်နဲ့ခင်မောင်ဆွေ ဦးဆောင်တဲ့အစလေးတစ်စ။ဒီမိုကရေစီ လက်သီးလက်မောင်းတန်းကာ ဘာပဲဖြစ်ဖြစ်ရွေး ကောက်ပွဲဝင်ခဲ့ ကြတယ်။



အဲဒီအချိန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အကျယ်ချုပ်အကျဉ်းစံဘဝ။ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားပေါင်း၂၁၀၀ကျော်ရှိနေပြီး အဲဒီအထဲ NLDပါတီဝင်၄၃၀ကျော်။စစ်အစိုးရရဲ့ နိုင်ငံရေးပါ တီ များ မှတ် ပုံတင်ခြင်းဥပဒေမှာ အကျဉ်းကျနေသူတွေ ပါတီဝင်မဖြစ်ရ ဆိုတဲ့ ကန့်သတ်ချက်ကြီးကလည်း စစ်အစိုးရလက် အောက် ဒူးထောက်လက်မြှောက်နိုင်ရင် NLD ပါတီ ရွေးကောက်ပွဲ ဝင်ပါလို့ ဖိတ်ခေါ်နေ သလိုမျိုး။ဒီဘက် နောက်ပိုင်းတွေ့ရှိတဲ့အချက်အလက်တွေအရ ၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲကို ဘယ်လိုပဲဖြစ် ဖြစ် NLD ပါတီ ဝင်ပြိုင်ပါ့မယ်ဆိုရင်တောင် စစ်အစိုးရက တစ်နည်းမဟုတ်တစ်နည်းနဲ့ NLD ရွေးကောက်ပွဲမ ဝင်နိုင်အောင် ကန့် သတ်မှာက သေချာပါတယ်။ဘာလို့လဲဆိုတော့ ဒုတိယအာဏာရှင်သန်းရွှေရဲ့ စစ်တစ်ပိုင်း ဒီ မိုကရေစီ ပရောဂျက်ထဲမှာ NLDပါတီလုံးဝမပါရလို့ ပြဌာန်းထားတာကြောင့်ပါပဲ။


NLDပါတီက ၂၀၀၉ခုနှစ်ဧပြီ၂၉ရက်နေ့မှာ ရွှေဂုံတိုင်ကြေညာချက်ထုတ်ပြန်ကာ စစ်အစိုးရ ရွေး ကောက်ပွဲဆိုတာကို မာမာထန်ထန်ပဲ တုံ့ ပြန်ခဲ့တယ်။ရွှေဂုံတိုင်ကြေညာချက်ကို အတည်ပြုလက်မှတ်ထိုး ခဲ့ စဉ်က သိန်းညွန့်နဲ့ ခင်မောင်ဆွေ ပါဝင်ခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ ကိုယ့်မျက်နှာကိုယ်တံတွေးနဲ့ပြန်ထွေးကာ ပါ တီသစ်ထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ခတ်ကွင်း ပြင်တော့တယ်။

အဲဒီအချိန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အကျယ်ချုပ်အကျဉ်းစံဘဝ။ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားပေါင်း၂၁၀၀ကျော်ရှိနေပြီး အဲဒီအထဲ NLDပါတီဝင်၄၃၀ကျော်။စစ်အစိုးရရဲ့ နိုင်ငံရေးပါ တီ များ မှတ် ပုံတင်ခြင်းဥပဒေမှာ အကျဉ်းကျနေသူတွေ ပါတီဝင်မဖြစ်ရ ဆိုတဲ့ ကန့်သတ်ချက်ကြီးကလည်း စစ်အစိုးရလက် အောက် ဒူးထောက်လက်မြှောက်နိုင်ရင် NLD ပါတီ ရွေးကောက်ပွဲ ဝင်ပါလို့ ဖိတ်ခေါ်နေ သလိုမျိုး

အဲဒီကာလ အချက်အလက်တွေကိုပြန်စိစစ်ကြည့်တော့ သိန်းညွန့်၊ခင်မောင်ဆွေဂိုဏ်းဟာ စစ်အစိုးရနဲ့ လက်ဝါးချင်းရိုက်ကာ NLDပါတီကို ထိုးခွဲမယ်ဆိုတဲ့ အောက်လမ်းနည်းနဲ့ ပါတီသစ်ထောင်တာမဟုတ်ဘူးလို့ ထင်ရတယ်။ဒါပေမဲ့၊လူထုကြား အရှိန်အဝါကြီးလှတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ပုံရိပ်ရှိမှ လူထုထောက်ခံ မယ်ဆိုတာလည်း သိတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆင်တူရိုးမှား အမျိုးသားဒီမိုကရေစီပါတီသစ် ဆိုပြီး ပါတီနာမည်ပေးတော့တယ်။အဆိုးဆုံးကတော့ NLD ရဲ့ လူထုခံစားမှု ပုံရိပ်ဖြစ်တဲ့ ခမောက် အမှတ်အ သားအထိ ဗြောင်ခိုးချခြင်းပါပဲ။ဘာ့ကြောင့် အဲဒီလိုတွေလုပ်ရတာလဲဆိုတော့ သူတို့ဟာ NLD ပါတီကနေ ထွက်လာပေမဲ့ NLD ပါပဲဆိုတာမျိုး လူထုအပေါ် လှည့်ဖျားလိုတာကြောင့်ပါပဲ။


၂၀၁၀ရွေးကောက်ပွဲကို များစွာသော ဒီမိုကရေစီပြည်သူတွေက သပိတ်မှောက်ကြပြီး ပြည်သူတချို့က ဒီမိုကရေစီလို့ လတ်တလောထင်မြင်ရတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်တို့လို ပါတီမျိုးကို မဲထည့်ကြတယ်။ စစ်အစိုးရပြု လုပ်တဲ့ရွေးကောက်ပွဲကို စစ်အစိုးရပါတီ ကြံ့ဖွတ်က အစစအရာရာအသာစီးအနေအထားနဲ့ ရွေးကောက်ပွဲဝင် တာတောင် နေရာတချို့မှာ မဲရှုံးလို့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကြိုတင်မဲဆိုတာနဲ့ ကလိမ်ဉာဏ်ဆင်ခဲ့ ရ တယ်။၂၀၁၀ရွေးကောက်ပွဲတုန်းက သိန်းညွန့်ကိုယ်တိုင် သင်္ဃန်းကျွန်းမြို့နယ်ရုံးက မဲပုံးသိမ်းတဲ့နေရာမှာ ဘယ် ကမှန်းမသိရောက်လာနိုင်ခြေရှိတဲ့ ကြိုတင်မဲကို မျက်လုံးဒေါင့်ထောက် ကြည့်ကန့်ကွက်ဖို့ ညမအိပ်ဘဲ စောင့်ခဲ့ရတယ်။ ထားတော့။


သိန်းညွန့်၊ခင်မောင်ဆွေပြီးတော့ နွေဦးတော်လှန်ရေးကာလအတွင်း ထပ်မံသင်းကွဲလာတဲ့ အစလေး တစ်စ NLD ပါတီထဲမှာ ထပ်မံထွက်ပေါ်လာပြန်တယ်။ဦးတိုးလွင်နဲ့ဒေါ်စန္ဒာမင်း။၂ဦးစလုံးက NLDဗဟိုကော်မ တီဝင် တွေ။


ပြီးခဲ့တဲ့ ၂လဝန်းကျင်လောက်က NLDရပ်ဝန်းကနေ တစ်ဆင့် ဒီမိုကရေစီအင်အားစုတွေရဲ့ကြား သတင်းတစ်ပုဒ်ထွက်ပေါ်လာတယ်။ဦးတိုးလွင်နဲ့ဒေါ်စန္ဒာမင်း ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံ၊ NLD ပါတီရုံးဖွင့်ခွင့်ပြုရေး၊အကြမ်းဖက်စစ်အုပ်စုပြုလုပ်မယ့်တရားမဝင်ရွေးကောက်ပွဲဝင်ရေးတင်ပြ။ ဒေါ် အောင် ဆန်းစု ကြည်က ပြတ်ပြတ်သားသားပယ်ချလိုက်ပြီး နောက်ထပ် လာမတွေ့ဖို့လည်း အပြတ်ပြော လိုက်တယ်တဲ့။အဲဒီသတင်းက ဘယ်လောက်ထိမှန်၊မမှန် ဒီအချိန်မှာ အတည်ပြုလို့မရသေးပါဘူး။


မတ်လ၃ရက် နေ့မှာတော့ဖြိုးမင်းသိန်း(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ဒေါ်စန္ဒာမင်း(ဗဟိုကော်မတီ ဝင်)၊ ဦးတိုးလွင်(ဗဟို ကော် မတီ ဝင်)နဲ့ဦးဝင်းမြင့်အောင်(ဗဟိုကော်မတီဝင်)တို့ကို ပါတီဝင်အဖြစ်ကနေပါ အပြီးအပိုင်ထုတ်လိုက် ကြောင်း NLD ဗ ဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်တယ်။


ဘာ့ကြောင့် ထုတ်ပစ်ရတာလဲဆိုတော့ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာမှုမရှိ၊ပါတီရဲ့ရပ်တည်ချက် ကိုဆန့်ကျင်၊ပါတီအမည်ကိုအလွဲသုံးစား၊စစ်အာဏာရှင်အလိုကျ လိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ် ဆောင်နေတာကြောင့်လို့ဆိုတယ်။


မတ်လ၃ရက်နေ့ညမှာပဲ ဦးတိုးလွင်က NLDဗဟိုအလုပ်ကော်မတီသည်တရားမဝင်၊သူတို့ကိုထုတ်ပယ် လို့မရဘူးလို့ တုံ့ပြန်ပါတယ်။အာဏာသိမ်းစစ်အုပ်စုက တရားမဝင်ပြုလုပ်မယ့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သ ဘောထား၊ရွေးကောက်ပွဲ ဝင်၊မဝင်၊ပြည်သူ့ဆန္ဒအပေါ် လေးစားလိုက်နာမှုရှိ၊မရှိ စတာတွေနဲ့ပတ်သက်ပြီး တိ တိလင်းလင်း ရှင်းထားတာမျိုး မရှိပါဘူး။


မတ်လ၆ရက်နေ့၊ဘီဘီစီက ထုတ်လွှင့်လိုက်တဲ့ ဒေါ်စန္ဒာမင်းနဲ့ တွေ့ဆုံခန်းမှာတော့ ဒေါ်စန္ဒာမင်းက NLD ပါတီကို ပြန်မှတ်ပုံတင်ဖို့ သူတို့လုံးဝမလုပ်ဘူးလို့ ငြင်းဆိုသွားပါတယ်။ပြည်တွင်းမှာရှိနေတဲ့NLDပါတီလူ ကြီးတွေကိုလည်း ပါတီမှတ်ပုံမတင်ဘူးလားလို့ တစ်ခွန်းသွားမမေးခဲ့ဘူးလို့လည်းပြောပါတယ်။

NLDဗဟိုအလုပ်ကော်မတီက ပါတီဝင်အဖြစ်ကနေ ထုတ်ပစ်

အဲဒါက ဒေါ်စန္ဒာမင်းဘက်ကပြောတဲ့စကား။ဒီအချိန်မှာ ဒီစကားမှန်၊မမှန် အတည်ပြုဖို့ခက်နေသေး သလို NLDဗဟိုအလုပ်ကော်မတီက ပါတီဝင်အဖြစ်ကနေ ထုတ်ပစ်လိုက်တာမို့ ပါတီမှတ်ပုံတင်ဖို့မဟန်တော့ လို့ အခုလို လျှောချလိုက်တာများလားလို့ မဖြစ်မနေထည့်တွေးရပါမယ်။


ဘီဘီစီနဲ့ အင်တာဗျူးမှာ ဒေါ်စန္ဒာမင်းက သူ့ကိုယ်သူ ပြည်တွင်းမှာ သတ္တိရှိရှိနဲ့ရင်ဆိုင်နေတဲ့သူလို့ ချီး မွမ်းသွားပါသေးတယ်။ပြောရရင် ကိုယ့်ရုပ်ကိုယ် မှန်ထဲမှာပြန်ကြည့်ပြီး ငါ သိပ်ချောနေပါလားလို့ တလောက လုံးကြားအောင် အော်ဟစ်ပြလိုက်တဲ့သဘောပါ။


ဒေါ်စန္ဒာမင်း ဘယ်လောက်သတ္တိရှိနေသလဲဆိုတာသိရအောင် အင်တာဗျူးကို ဆက်နားထောင် ကြည့်တော့ တလောကလုံးက အကြမ်းဖက်စစ်အုပ်စု၊အကြမ်းဖက်စစ်ကောင်စီ၊စစ်ကောင်စီလို့ သုံးနှုန်း နေ ချိန်မှာ ဒေါ်စန္ဒာမင်းက သတ္တိရှိရှိပဲ နစက လို့ သာသုံးနှုန်းတာတွေ့ရပါတယ်။နည်းနည်းဖြစ် စစ်ကောင်စီလို့ တောင်မှားမပြောမိဘဲ ဒေါ်စန္ဒာမင်းပါးစပ်က နစက လို့ အသားတကျ နှုတ်ကျိုးနေတယ်လို့ ထင်ရပါတယ်။


ပြီးတော့ မြန်မာပြည်သူတွေတင်မက နိုင်ငံတကာအသိုင်းအဝိုင်းကပါ စစ်အုပ်စုက အာဏာသိမ်း လိုက်တာပါလို့ အသိအမှတ်ပြုထားတဲ့အချိန်မှာ ဒေါ်စန္ဒာမင်းက အာဏာထိန်းတာပါလို့ သုံးနှုန်းသွာပါတယ်။ ဒီလောက် ဗြောင်ကျကျအာဏာသိမ်းလိုက်ရုံတင်မက နေ့စဉ်ပြည်သူကိုပစ်မှတ်ထားသတ်ဖြတ်နေတဲ့စစ်အုပ် စုကို ကိုယ့်ကိုယ်ကိုယ်သတ္တိရှိလှပါတယ်လို့ ပြောထွက်ခဲ့တဲ့ ဒေါ်စန္ဒာမင်းပါးစပ်က သတ္တိကြီးစွာနဲ့ အဲဒီလို ပြော ရဲခဲ့ တာပါ။


ပြောရမယ်ဆို အာဏာထိန်းလိုက်တယ်ဆိုတဲ့စကားဟာ စစ်အုပ်စုနဲ့သူတို့ရဲ့အနွယ်တွေဖြစ်တဲ့ ကြံ့ ဖွတ်တွေ ပျူစောထီးတွေသာသုံးနှုန်းလေ့ရှိပြီးကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမားပါ၊သတ္တိကြီးသူပါလို့ လေလုံး ထွားတဲ့သူတွေထဲ ဒီ လိုသုံးနှုန်းရဲတာဆိုလို့ ဒေါ်စန္ဒာမင်းကို ပထမဆုံးအဖြစ် မြင်လိုက်ရတာပါ။


အဲဒီလို ပြည်တွင်းမှာသတ္တိရှိရှိနဲ့ ရင်ဆိုင်နေတဲ့ဒေါ်စန္ဒာမင်းကို ဘီဘီစီက စစ်အုပ်စုရဲ့ ကလိန်ကျချက် NLD အစိုးရအပေါ် မဲမသမာမှုကျူးလွန်ကြောင်းပြောကြားချက်နဲ့ပတ်သက်ပြီဘယ်လိုမြင်ပါသလဲလို့ မေးတဲ့ အခါ ဒေါ်စန္ဒာမင်းက သတ္တိကြီးစွာနဲ့ပဲ ‘ဒါ နိုင်ငံရေးလို့ပဲ တစ်လုံးတည်း ပြောချင်ပါတယ်’လို့ ပြန်လည်ဖြေ ဆိုခဲ့ပါ တယ်။


ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေကရော နိုင်ငံတာအသိုင်းအဝိုင်းကပါ လွတ်လပ် မျှတမှုရှိတဲ့ရွေးကောက်ပွဲလို့ အသိအမှတ်ပြုခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲကို ကမ်းကုန်အောင်အောက်တန်းကျတဲ့ စစ်အုပ်စုက ကမ္ဘာကျော်ဗြောင်လိမ်ခဲ့တဲ့အပေါ် ဒေါ် စန္ဒာမင်းက အဲဒီလို သတ္တိရှိရှိ နိုင်ငံရေးပါ လို့ ပြောထွက်ခဲ့ ပြန်ပါတယ်။


နိုင်ငံရေးဆိုတာ အင်မတန်စင်ကြယ်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်တာကြီးဖြစ်ပြီး စစ်အုပ်စုရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်နဲ့ ဘာဆိုဘာမှမဆိုင်ပေမဲ့ ဒေါ်စန္ဒာမင်းက သတ္တိကြီးစွာနဲ့ ခိုင်းနှိုင်းရဲခဲ့ပြန်တော့ အကြမ်းဖက်စစ်အုပ်စုကို အကာအကွယ်ပေးနေတာလားလို့ မေးခွန်းထုတ်ရပါမယ်။


ဘီဘီစီက စစ်အုပ်စုပြင်ဆင်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒေါ်စန္ဒာမင်း ရဲ့ သဘောထားကို မေး မြန်းရာမှာ ‘…ရွေးကောက်ပွဲဆိုတဲ့ဟာက ကျမတို့အခုမစဉ်းစားပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အဓိက ကျမတို့ က ဘာလုပ်ရမှာလဲဆိုတော့ အလဲလဲအကွဲကွဲ အပြဲပြဲနဲ့ အသံတိတ်နေတဲ့ ပါတီတွေ ပြန်လည်တည်ဆောက် ရေး၊အင်အားစုတစ်ရပ်ကို ပြန်လည်တည်ဆောက်ရေးကို ပထမဆုံးကြိုးစားရမယ်လို့ကျမ ထင်ပါတယ်…’ လို့ ပြောသွားပါတယ်။

သိန်းညွန့်နဲ့ခင်မောင်ဆွေ 


သိန်းညွန့်နဲ့ခင်မောင်ဆွေတုန်းကတော့ လွှတ်တော်သက်တမ်းတစ်ခုလောက်အထိ ဒီမိုကရေစီလိုလို ဘာလိုလိုနဲ့ ဟန်လုပ်နိုင်ခဲ့ပါသေးတယ်။ဒေါ်စန္ဒာမင်းကတော့ ကန့်လန့်ကာကိုဖွင့်လိုက်တယ်ဆိုရင်ပဲ စစ်အာ ဏာရှင်အဓွန့်ရှည်ရေးလမ်းပေါ် သတ္တိကြီးစွာနဲ့ လက်သီးလက်မောင်းတန်းပါတော့တယ်။


ဒေါ်စန္ဒာမင်းရဲ့ ဘီဘီစီတွေ့ဆုံခန်းဟာ ချိတ်ထမီ နဲ့ရင်ဖုံးဝတ်ပြီး အင်မတန်ယဉ်ကျေးသိမ်မွေ့အောင် တန်ဆာဆင်ထားတဲ့မိန်းမ ထိုင်လိုက်တော့ အောက်စလွတ်နေသလိုပါပဲ။ဒေါ်စန္ဒာမင်းဟာ သတ္တိကြီးစွာနဲ့ပဲ စစ် အုပ်စုလက်အောက် ဒူးထောက်လက်မြှောက်ခဲ့ရုံတင်မက မြန်မာမြေပေါ် စစ်အာဏာရှင်အဓွန့်ရှည်ရေးအတွက် အလုပ်အကျွေးပြုဖို့ အတွေးအခေါ်အရ အဆင်သင့်ဖြစ်နေပြီလို့ ယတိပြတ်ကောက်ချက်ချနိုင်ပါတယ်။ ဒေါ်စန္ဒာမင်းကိုNLDပါတီက ပါတီ ဝင်အဖြစ်ကနေ ဘာ့ကြောင့် ထုတ်ရသလဲဆိုတာ ဘီဘီစီအင်တာဗျူးနား ထောင်လိုက်ရုံနဲ့ နားလည်သွားကြပါမယ်။


ဟုတ်ကဲ့၊နိုင်ငံရေးသမားဆိုတာ ပြည်သူကိုမျက်နှာမူရဲရပါမယ်။


ထွန်းလင်း




ထွန်းလင်း




About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။