၂၀၂၃ နှစ်သစ်ရဲ့ လွတ်လပ်ရေးနေ့ နံနက်ခင်း။ လွတ်လပ်ရေးနေ့မှာ စစ်ဦးစီးချုပ်နဲ့ အပေါင်းအပါနှစ်ဦး လွတ်လပ်ရေးရသွားကြပါတယ်။ တိတိပပပြောရရင် စစ်တွေမြို့၊ စက်ရုံစု ရပ်ကွက်ထဲမှာ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ လက်အောက်ခံ ရခိုင်လွတ်မြောက်ရေးတပ်မတော်(ALA) စစ်ဦးစီးချုပ် ခိုင်စောမြ၊ တပ်ရင်းမှူး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီးခိုင်သုရိန္ဒတို့ သုံးဦး ကားပေါ်မှာပဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာပါ။
၁၉၈၀ ပြည့်နှစ်မှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ ALP ခေါင်းဆောင်ဟောင်း ခိုင်ရဲခိုင်ဟာ KNU ရဲ့ တတိယမ္ပိ အကူအညီယူကာ ALP ကို ထပ်မံဖွဲ့စည်းပြန်တာပါ။ ALP ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီလို့ အမည်ခံထားပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာ အင်အားအလုံးအရင်းနဲ့ အခြေစိုက်နိုင်ခဲ့မှု မရှိပါဘူး။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဆိုတာဟာ ရခိုင်သမိုင်းမှာ ပါတီနဲ့ လက်နက်ကိုင်တပ် ပထမဆုံးပေါင်းစပ် ဖွဲ့စည်းနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာရှိ ပါတီကြီးတရပ်ဖြစ်ပါတယ်။ ALP ကို ၁၉၆၇ ခုနှစ် ၊ ဧပြီလ(၉) ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အကူအညီနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ ဒါပေမဲ့လည်း ဖွဲ့စည်းပြီး တနှစ်ခန့်အကြာမှာပဲ ALP ထိပ်ပိုင်းခေါင်းဆောင်တွေ ရခိုင်ပြည်နယ်ထဲမှာ အဖမ်းခံခဲ့ကြရတာကြောင့် ALP ဟာ ပြိုကွဲခဲ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှာ ALP ခေါင်းဆောင်တဦးဖြစ်တဲ့ ခိုင်မိုးလင်း လွတ်မြောက်လာပြီးနောက် KNU ရဲ့ အကူအညီနဲ့ ALP နဲ့ ALA ကို ပြန်လည် အသက်သွင်းပါတယ်။ ၁၉၇၅ ခုနှစ်ကျော် ကာလတွေအတွင်း အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ ALA တပ်ဖွဲ့ဝင်တွေ ကျဆုံး၊ ဖမ်းဆီးခံကြရပြီး တိမ်ငုပ်သွားပြန်ပါတယ်။
၁၉၈၀ ပြည့်နှစ်မှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ ALP ခေါင်းဆောင်ဟောင်း ခိုင်ရဲခိုင်ဟာ KNU ရဲ့ တတိယမ္ပိ အကူအညီယူကာ ALP ကို ထပ်မံဖွဲ့စည်းပြန်တာပါ။ ALP ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီလို့ အမည်ခံထားပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာ အင်အားအလုံးအရင်းနဲ့ အခြေစိုက်နိုင်ခဲ့မှု မရှိပါဘူး။ ကရင် KNU နယ်မြေအတွင်းနဲ့ ဘင်္ဂလား-အိန္ဒိယနယ်စပ်မျဉ်းတလျှောက်မှာပဲ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ရခိုင်ပြည်သူတွေဟာ ALP ဆိုတာကို ရေဒီယိုထဲကပဲ ကြားသိခဲ့ကြရပါတယ်။ ALP ဟာ အဝေးရောက်ပါတီပဲ ဖြစ်နေခဲ့တာပါ။ ရခိုင်ပြည်နယ်အတွင်းမှာ ထိရောက်ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ မပြုနိုင်ခဲ့ပါဘူး။
သို့သော်ငြားလည်း ၂၀၁၅ ခုနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ အခြားတိုင်းရင်းသားအဖွဲ့တွေနဲ့အတူ ALP လည်း ပါဝင်လာခဲ့ပါတယ်။ ALP ခေါင်းဆောင်တချို့ကတော့ ၂၀၁၂ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ရခဲ့ကြတာပါ။ ALP ခေါင်းဆောင်တွေ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်လာချိန်နဲ့ မရှေးမနှောင်းမှာပဲ တိတ်တဆိတ် ဝင်လာသူတွေက ရခိုင့်တပ်တော် (AA) အဖွဲ့ဝင်တချို့ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် နောက်မှ ပေါ်ထွက်လာခဲ့တဲ့ AA ဟာ ရခိုင်-ဘင်္ဂလီ အရေးအခင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်ထဲ အခြေစိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ ALP နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပေမယ့် တပ်အခြေမစိုက်နိုင်ခဲ့တဲ့ ကိစ္စကို AA က ကာလတိုအတွင်းမှာ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင့်တပ်တော် (AA) ဆိုတာကတော့ ၂၀၀၉ ခုနှစ်အတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) နယ်မြေမှာ စစ်ပညာသင်ကြားခဲ့တဲ့ ရခိုင်လူငယ်တချို့ စုဖွဲ့လိုက်တဲ့ လက်နက်ကိုင်အဖွဲ့သစ် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကအစ ALP နဲ့ ပြောင်းပြန်အသွင်ဆောင်ပါတယ်။ ALP ဟာ ပါတီအရင်ဖွဲ့ပြီးမှ လက်နက်ကိုင်တပ် ALA ကို ဖွဲ့စည်းတာ ဖြစ်ပြီး AA ကတော့ လက်နက်ကိုင်တပ်ကို အရင်ဖွဲ့ပြီး နောက်မှ နိုင်ငံရေး Wing လို့ ပြောရမယ့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို ဖွဲ့စည်းတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်မှ ပေါ်ထွက်လာခဲ့တဲ့ AA ဟာ ရခိုင်-ဘင်္ဂလီ အရေးအခင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်ထဲ အခြေစိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ ALP နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပေမယ့် တပ်အခြေမစိုက်နိုင်ခဲ့တဲ့ ကိစ္စကို AA က ကာလတိုအတွင်းမှာ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ တော်လှန်ရေးအင်အားစု နှစ်ရပ် အခြေစိုက်နိုင်ပြီးနောက်မှာ ထိတွေ့ ပွတ်တိုက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ALA နဲ့ AA အကြား တခါတရံတိုက်ခိုက်မှုတွေ၊ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့တာပါ။ မြန်မာစစ်တပ်ကတော့ ၂၀၂၀ ခုနှစ်အတွင်း AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာနိုင်ရေးအတွက် လွှတ်တော်အတွင်း NLD ပါတီနဲ့ အချေတင် အငြင်းပွားခဲ့ပြီး နောက်ဆုံးမှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုကနေ ပယ်ဖျက် ပေးပြန်ပါတယ်။ ALP ပါတီကိုလည်း စစ်ကောင်စီက သူ့ရဲ့ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲတွေထဲ ဆက်လက် ထည့်သွင်းခဲ့သလို ALP ပါတီဘက်ကလည်း လိုလိုလားလား တက်ရောက်ခဲ့တာပါ။ AA ကတော့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ဖော်ခဲ့ပါတယ်။ ရခိုင်တော်လှန်ရေးအင်အားစုနှစ်ခုရဲ့ လားရာဟာ တောင်နဲ့ မြောက်ပမာ ဖြစ်နေခဲ့တာပါ။
စစ်ဦးစီးချုပ် ကျဆုံးသွားပါပြီ။ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ AA လက်ချက်ဖြစ်တယ်လို့ ALP ဘက်က စွပ်စွဲပါတယ်။ AA ကလည်း ဒီစွပ်စွဲချက်ကို ပယ်ချပါတယ်။ ALP ပါတီရဲ့ စွပ်စွဲချက်ဟာ လုပ်ကြံမှု ဖြစ်ပြီး နောက်တရက်မှာပဲ ပေါ်ထွက်ခဲ့တာဖြစ်လို့ လုံလောက်တဲ့ စုံစမ်းစစ်ဆေးချိန် မရယူခဲ့ဘူးလို့ သုံးသပ်ရပါတယ်။ ဒါ့အပြင် သင်ခန်းစာယူဖို့ သင့်တာက စစ်ကောင်စီဟာ သူရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက်တွေကို အလေးထား လုံခြုံမှု မပေးနိုင်ဘူးဆိုတဲ့ အချက်ပါ။ ယခင်စစ်အစိုးရ ဗိုလ်သန်းရွှေလက်ထက်က ခိုဝင်လာတဲ့ လက်နက်ချအဖွဲ့တွေကိုတောင် ကာလတရပ်အထိ လုံခြုံမှု ပေးခဲ့တယ်လို့ စစ်ထောက်လှမ်းရေးဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။ ALA စစ်ဦးစီးချုပ် ကျဆုံးရတာဟာ စစ်ကောင်စီက လုပ်တဲ့ လွတ်လပ်ရေးနေ့အခမ်းအနားက အပြန်မှာ ဖြစ်လို့ စစ်ကောင်စီက လုံခြုံရေးအစီအမံနဲ့ မပို့ဆောင်ဘဲ ကပျက်ကချော် ပစ်ထားတယ်ဆိုတာ ထင်ရှားသလို၊ အခြားအဖွဲ့တွေအတွက် သင်ခန်းစာယူစရာပါလို့လည်း စစ်ထောက်လှမ်းရေးဟောင်းက ထောက်ပြပါတယ်။
ဒီလုပ်ကြံသတ်ဖြတ်မှုဟာ KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာပြီးရင် ဒုတိယမ္ပိ ရာထူးအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် သတ်ခံရတာပါ။ ပဒိုမန်းရှာဟာ မဲဆောက်မှာ လုပ်ကြံခံရတာဖြစ်ပေမယ့် ALA စစ်ဦးစီးချုပ်ကတော့ ပြည်တွင်းမှာပဲ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေစဉ်အတွင်းမှာပဲ လုပ်ကြံသတ်ဖြတ်ခံရတာဖြစ်ပါတယ်။
ဒီလုပ်ကြံသတ်ဖြတ်မှုဟာ KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာပြီးရင် ဒုတိယမ္ပိ ရာထူးအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် သတ်ခံရတာပါ။ ပဒိုမန်းရှာဟာ မဲဆောက်မှာ လုပ်ကြံခံရတာဖြစ်ပေမယ့် ALA စစ်ဦးစီးချုပ်ကတော့ ပြည်တွင်းမှာပဲ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေစဉ်အတွင်းမှာပဲ လုပ်ကြံသတ်ဖြတ်ခံရတာဖြစ်ပါတယ်။ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲဆိုတဲ့ မေးခွန်းကိုတော့ ALP ခေါင်းဆောင်တွေပဲ စေ့ငုသုံးသပ် ဖြေဆိုကြရမှာ ဖြစ်ပါတယ်။
ALA စစ်ဦးစီးချုပ် လုပ်ကြံခံရပေမယ့် အခြားအဖွဲ့အစည်းတွေက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့တာ၊ စုံစမ်းစစ်ဆေးဖော်ထုတ်ပေးဖို့ တိုက်တွန်းတောင်းဆိုတာတွေကိုလည်း မတွေ့မမြင်ရပါဘူး။ သူ့ရဲ့ ဇာတ်လမ်းထဲ အိမ်ဖြည့် ဇာတ်ကောင်အဖြစ် ထည့်သွင်းထားတဲ့ စစ်ကောင်စီကိုယ်တိုင်ကတောင် ဒီလုပ်ကြံသတ်ဖြတ်မှုအပေါ် အရေးတယူထားဟန် မရှိတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ ယောင်ပြငြိမ်းရေးဆွေးနွေးပွဲတွေထဲ လိုက်ပါစီးမျှောရင်း ALP ဟာ အထီးကျန်နိုင်ငံရေး နွံထဲ နစ်နေရပြီလားဆိုတာကို ALP ခေါင်းဆောင်တွေပဲ ပြန်လည် သုံးသပ်ရပါလိမ့်မယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။