၂၀၂၃ ခုနှစ် မတ်လအတွင်း အကြမ်းဖက် စစ်တပ် လက်ချက်ကြောင့် အသက် ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး ၂၉ ဦးရှိပြီး ဖမ်းဆီးခံရသူ ၅၈ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ပါတယ်။
အသက် ဆုံးရှုံးသူ ၂၉ ဦးအနက် ၁၇ ဦးမှာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲ ၁၉ ဦးမှာ စစ်ကိုင်းတိုင်းထဲက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း သေဆုံးရော ဖမ်းဆီးခံရသူပါ အများဆုံး ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အမျိုးသမီး ၆ ဦးအထိ သေဆုံးကာ အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ဖြစ်ကာ ၄ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုပါတယ်။
မတ်လအတွင်း အမျိုးသမီး အများဆုံး အဖမ်းခံရတဲ့ မြို့နယ်မှာ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ဖြစ်ပြီး ၉ ဦး အဖမ်းခံရပါတယ်။ ဒုတိယအများဆုံး ဖမ်းဆီးခံရတဲ့ မြို့နယ်တွေက ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့ဖြစ်ပြီး ၇ ဦးစီ အဖမ်းခံရပါတယ်။
~~~~~~~~~~
ကိုထက်
#ငွေမောင်းသံ မီဒီယာ
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။