Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တနင်္သာရီမှာ စစ်ကောင်စီကားတစ်စီး ကြားဖြတ် တိုက်ခိုက်ခံရ

စစ်ကောင်စီကားတစ်စီးကို တနင်္သာရီ-ဘုတ်ပြင်းလမ်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း- တပ်ခွဲ()က သတင်းထုတ်ပြန်ပါတယ်။


မနေ့က ညသန်းခေါင်ကျော်  နာရီခွဲလောက်မှာ တနင်္သာရီ-ဘုတ်ပြင်းလမ်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီကားကို လယ်တောင်ယာရွာအနီးအရောက်မှာ တိုက်ခိုက်ခဲ့တာပါ။


"သူတို့လာတာအင်အား ၆၀ လောက် ရှိပါတယ်။ မိုင်းဆွဲတာတော့ မဟုတ်ဘူး။ ပြောက်ကျား တိုက်ခိုက်တာပါလို့ မြိတ်ခရိုင်တပ်ရင်း-၂တပ်ခွဲ()ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့် ကြာခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ 


ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီဘက်ကလည်း တနင်္သာရီအခြေစိုက် ခမရ (၅၅၈တပ်ရင်းထဲကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။


အခုတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း- တပ်ခွဲ() တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကစလို့ တနင်္သာရီ အဓိကလမ်းမကြီးနဲ့ မောတောင်မြို့ကိုသွားတဲ့ လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေ ဆက်တိုက်ဆိုသလို ကြားဖြတ် တိုက်ခိုက်ခံနေရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ တနင်္သာရီမြို့နယ်အတွင်းက လမ်းမကြီးနဲ့ တနင်္သာရီမောတောင်လမ်းပိုင်းကို ခရီးသွားလာခွင့်ပိတ်ထားပါတယ်။

------------ 

နှင်းမြ

#ငွေမောင်းသံ မီဒီယာ

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။